နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက်

နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ ကွယ်လွန်သွားပြီဖြစ်သည်။ တောင်အမေရိကနှင့် အရှေ့အလယ်ပိုင်းရှိ တရုတ်၏ မဟာဗျူဟာမြောက် မဟာမိတ်များကို ဆုံးရှုံးစေရုံသာမက၊ အဆိုပါ စစ်ရေးအရေးယူမှု နှစ်ခုစလုံးသည် ပေကျင်းအတွက် ပိုမိုအရေးပါသော “ရေနံ” ကို တိုက်ရိုက်ထိမှန်စေခဲ့သည်။

နိုင်ငံနှစ်ခုစလုံးသည် ၎င်းတို့၏ ရေနံစိမ်းအများစုကို တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်—ပြီးခဲ့သည့်နှစ်တွင် ဗင်နီဇွဲလား၏ ရေနံစိမ်းတင်ပို့မှု ထက်ဝက်ကျော်နှင့် အီရန်၏ တင်ပို့သော ရေနံစိမ်းအားလုံးနီးပါးမှာ တရုတ်နိုင်ငံသို့ ရောက်ရှိသွားဖွယ်ရှိကြောင်း ဒေတာခွဲခြမ်းစိတ်ဖြာမှု လုပ်ငန်းစု Kpler အရ သိရသည်။

ကိုလံဘီယာတက္ကသိုလ်၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်မူဝါဒစင်တာ (Center on Global Energy Policy) ၏ အချက်အလက်များအပေါ် အခြေခံထားသော CNN ၏ တွက်ချက်မှုများအရ အဆိုပါ ထောက်ပံ့မှုများသည် တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှု စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းခန့် ရှိနေသည်။

Tortoise Capital မှ Portfolio Manager ဖြစ်သူ ရော့ဘ်သန်မဲလ်(Rob Thummel) က တရုတ်နိုင်ငံသည် ရေနံထုတ်လုပ်မှုထက် စားသုံးမှုက ပိုမိုများပြားသောကြောင့် အီရန်ပဋိပက္ခတွင် အဓိက အရှုံးပေါ်နိုင်သည့် နိုင်ငံအဖြစ် သတ်မှတ်ထားသည်။

“စျေးနှုန်းမြင့်တက်လာတာက စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်ပေမယ့် ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုက ပိုပြီးတော့တောင် အရေးကြီးပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံက သူ့ရဲ့ စီးပွားရေး လည်ပတ်နိုင်ဖို့အတွက် တင်သွင်းလာတဲ့ ရေနံစိမ်းအပေါ် မှီခိုနေရလို့ပါပဲ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှု ကို “လက်ခံနိုင်ဖွယ်မရှိ” ဟု ခေါ်ဆိုခဲ့ပြီး “အချုပ်အခြာအာဏာပိုင် ခေါင်းဆောင်တစ်ဦးကို ဗြောင်ကျကျ သတ်ဖြတ်ခြင်းနှင့် အစိုးရအပြောင်းအလဲဖြစ်အောင် သွေးထိုးလှုံ့ဆော်ခြင်း” ကို ရှုတ်ချခဲ့သည်။ သို့သော် ပေကျင်းသည် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာ ရိုက်ခတ်မှုများ နှင့် ပတ်သက်၍ ယခုအချိန်အထိ မှတ်ချက်ပေးခြင်း မရှိသေးပေ။

ရေနံထောက်ပံ့မှု ပြတ်တောက်ခြင်းအပြင်၊ ဆော်ဒီအာရေဗျနှင့် ကူဝိတ်အပါအဝင် နိုင်ငံများမှ ရေနံစိမ်းတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်သည့် ‘ဟော်မုဇ် ရေလက်ကြား’ (Strait of Hormuz) သာ ပိတ်သွားလျှင် သို့မဟုတ် အနှောင့်အယှက်ဖြစ်လျှင် တရုတ်နှင့် အခြားအာရှ စီးပွားရေးနိုင်ငံများသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရနိုင် သည်။

အီရန်၏ တစ်ပိုင်းတစ်စ တရားဝင်သတင်းဌာနဖြစ်သော Mehr News Agency ၏ ဖော်ပြချက် အရ “ဟော်မုဇ်ရေလက်ကြားကို ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းရန် ကြိုးပမ်းသည့် အတွက်” တနင်္ဂနွေနေ့က တိုက်ခိုက်ခံခဲ့ရသော ရေနံတင်သင်္ဘောတစ်စင်းသည် ပျက်စီးသွားပြီးနောက် နစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။

အီရန်သည် ရေလက်ကြား၏ မြောက်ဘက်ခြမ်းကို ထိန်းချုပ်ထားပြီး အမေရိကန်နှင့် ပဋိပက္ခဖြစ်ပွားစဉ်အတွင်း အဆိုပါ ရေလမ်းကြောင်းကို ပိတ်ပစ်မည်ဟု ယခင်က ခြိမ်းခြောက်ခဲ့ဖူးသည်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်ခြင်း သို့မဟုတ် ကြီးမားသော အနှောင့်အယှက်များ ဖြစ်ပေါ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ဖြစ်ပေါ်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

Pedestrians walk next to a screen showing the commodity futures for crude oil in the Jing'an district of Shanghai on Monday.

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က