နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

ကလင်တန် ဇနီးမောင်နှံ အထူးစုံစမ်းစစ်ဆေးရေးအတွက် ကိုယ်တိုင်လာရောက် ထွက်ဆိုရန် သဘောတူညီ

CNN-၂၀၂၆ခုနှစ်၊ဖေဖော်ဝါရီလ ၃ရက်

ဂျက်ဖရီအက်ပ်စတိန်း(Jeffrey Epstein) အမှု စုံစမ်းစစ်ဆေးရေးတွင် လွှတ်တော်အား မလေးစားမှုဖြင့် အရေးယူခံရမည့် ဘေးမှ ရှောင်ရှားရန် နောက်ဆုံးအချိန်တွင် ကမ်းလှမ်း လာခြင်းဖြစ်

ဘီလ် ကလင်တန် နှင့် ဟီလာရီ ကလင်တန် တို့သည် Jeffrey Epstein နှင့် ပတ်သက်သည့် လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုတွင် ဝါရှင်တန်ဒီစီ၌ ကိုယ်တိုင်လာရောက် အစစ်ဆေးခံရန် သဘောတူညီလိုက်ကြသည်။ ၎င်းသည် အောက်လွှတ်တော်၏ “လွှတ်တော်အား မလေးစားမှု” (Contempt of Congress) ဖြင့် မဲခွဲဆုံးဖြတ်ခံရမည့် အခြေအနေကို ရှောင်လွှဲနိုင်ရန် အလျှော့ပေးလိုက်ခြင်း ဖြစ်သည်။

အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌဂျိမ်းစ်ကိုမာ(James Comer) အနေဖြင့် ဤနောက်ဆုံးအချိန် ကမ်းလှမ်းချက်ကို လက်ခံမည်၊ မခံမည်ကိုမူ ချက်ချင်း ရှင်းရှင်း လင်းလင်း မသိရသေးပေ။ အကယ်၍ လက်ခံပါက လပေါင်းများစွာ သက်သေထွက်ဆိုရန် ငြင်းဆန်ခဲ့သည့် သမ္မတဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ကို အရေးယူရန် ပြင်ဆင်ထားသော လွှတ်တော်၏ မဲခွဲမှုကို ရပ်တန့်သွားစေမည် ဖြစ်သည်။

CNN မှ သီးခြားအတည်ပြုထားခြင်း မရှိသေးသည့် ဤနောက်ဆုံး အဆိုပြုချက်သည် ဥပဒေကြောင်းအရ အကျိုးဆက်များ ရှိလာနိုင်သည့် မဲခွဲမှုကို ရှောင်ရှားရန် ကလင်တန်တို့က မည်မျှအထိ ကြိုးပမ်းနေသည်ကို ပြသနေသည်။

“သူတို့ဟာ စိတ်ရင်းမှန်နဲ့ ညှိနှိုင်းခဲ့ကြတယ်။ ခင်ဗျားတို့ကတော့ မဟုတ်ဘူး။ သူတို့ သိတာတွေကို ကျမ်းကျိန်ပြီး ပြောပြခဲ့ပေမဲ့ ခင်ဗျားတို့က ဂရုမစိုက်ခဲ့ဘူး။ ဒါပေမဲ့ သမ္မတဟောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့ အဲဒီကို လာပါလိမ့်မယ်။ လူတိုင်းနဲ့ သက်ဆိုင်တဲ့ စံနမူနာကောင်းတစ်ခုကို ချမှတ်ဖို့ သူတို့ မျှော်လင့်ထားပါတယ်” ဟု ကလင်တန်၏ ပြောရေးဆိုခွင့်ရှိသူ အိမ်ဂျယ် အူရေညာ(Angel Ureña) က ကိုမာ(Comer) ထံသို့ ရည်ညွှန်းကာ ခပ်တင်းတင်း ရေးသားထားသည့် X ပိုစ့်တစ်ခုတွင် ဖော်ပြခဲ့သည်။

Comer ကမူ တနင်္လာနေ့ ညနေပိုင်း ထုတ်ပြန်ချက်တွင် ၎င်းအနေဖြင့် အဆိုပါ ကမ်းလှမ်းချက်အပေါ် မေးခွန်းထုတ်စရာများ ရှိနေသေးကြောင်း ပြောကြားခဲ့သည်။

“ကလင်တန်တို့ရဲ့ ရှေ့နေက သူတို့ သဘောတူညီချက်တွေကို လက်ခံတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီအချက်အလက်တွေက ခုထိ ရှင်းလင်းမှု မရှိသေးသလို အစစ်ဆေးခံမယ့် ရက်စွဲတွေကိုလည်း မပေးသေးပါဘူး။ သူတို့ အခုလို သဘောတူတယ်လို့ ပြောလာရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက လွှတ်တော်က သူတို့ကို အရေးယူဖို့ ရှေ့ဆက်နေလို့ပါပဲ။ သူတို့ သဘောတူတဲ့ အချက်တွေကို ကျွန်တော် ထပ်မံ ရှင်းလင်းအောင် လုပ်ဆောင်ပြီးရင် ကော်မတီဝင်တွေနဲ့ ရှေ့ဆက်မယ့် အဆင့်တွေကို ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ကြီးကြပ်ရေးကော်မတီမှ ထိပ်တန်း ဒီမိုကရက်တစ် အမတ်တစ်ဦးကမူ ဥက္ကဋ္ဌ အနေဖြင့် ဤကမ်းလှမ်းချက်ကို ငြင်းပယ်မည့် အခြေအနေမျိုး မရှိနိုင်ကြောင်း ပြောသည်။ ကလင်တန်တို့သည် “Comer ချမှတ်ထားတဲ့ အချက်တိုင်းကို လက်ခံလိုက်ပြီ” ဖြစ်ကြောင်း ၎င်းက CNN သို့ ပြောကြားခဲ့သည်။

“ဘီလ် ကလင်တန်ကို ကြီးကြပ်ရေးကော်မတီ ရှေ့မှောက်မှာ လာရောက် သက်သေထွက်ဆို စေချင်တယ်လို့ ပထမနေ့ကတည်းက ကျွန်တော်တို့ ပြောခဲ့တာပါ။ အဲဒါကိုပဲ တဖွဖွ ပြောနေခဲ့ တာဖြစ်ပြီး သူတို့အဖွဲ့တွေနဲ့လည်း လက်တွဲလုပ်ဆောင်နေပါတယ်။ ဒါကြောင့် သူတို့ သက်သေထွက်ဆိုတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်” ဟု ကိုယ်စားလှယ် ရောဘတ်ဂါဆီယာ(Robert Garcia) က ဆိုသည်။

နာရီပိုင်းအလိုကမူ ကလင်တန်တို့အပေါ် ဥပဒေရေးရာအဖွဲ့က တောင်းဆိုထားသည့် အခြေအနေ များကို စိတ်တိုင်းမကျသဖြင့် ရီပတ်ဘလစ်ကန် ဥက္ကဋ္ဌသည် အရေးယူမှုများကို ဆက်လက် လုပ်ဆောင်ရန် အသင့်ရှိနေပုံရသည်။

“ခင်ဗျားတို့ရဲ့ အမှုသည်တွေ လွှတ်တော်ရဲ့ ဆင့်ခေါ်စာကို ပထမဆုံး လက်ခံရရှိခဲ့တာ ၆ လနီးပါး ရှိပါပြီ။ မူလ သတ်မှတ်ထားတဲ့ ရက်စွဲထက် ၃ လကျော် နောက်ကျနေသလို ဥပဒေနဲ့အညီ ဆင့်ခေါ်ထားတဲ့အတိုင်း လာရောက်အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့တာလည်း ၃ ပတ်နီးပါး ရှိပါပြီ။ ခင်ဗျားတို့ အမှုသည်တွေရဲ့ အထူးအခွင့်အရေး လိုချင်တဲ့ ဆန္ဒဟာ စိတ်ပျက်စရာကောင်းသလို ပွင့်လင်းမြင်သာမှုကို လိုလားတဲ့ အမေရိကန် ပြည်သူတွေကို စော်ကားရာလည်း ရောက်ပါတယ်” ဟု ကိုမာ က ထိုစဉ်က ရေးသားခဲ့သည်။

ဤနောက်ဆုံး ကမ်းလှမ်းချက် ထွက်ပေါ်လာချိန်တွင် လွှတ်တော် လုပ်ထုံးလုပ်နည်း ကော်မတီ (House Rules Committee) သည် မဲခွဲဆုံးဖြတ်ရန်အတွက် ကန့်သတ်ချက်များကို သတ်မှတ် နေဆဲ ဖြစ်သည်။

ကလင်တန်တို့ ရှေ့နေထံမှ ကမ်းလှမ်းချက်သည် ကိုမာ က အရေးယူမှုများနှင့် ပတ်သက်၍ ထွက်ဆိုနေစဉ် ကော်မတီ အစည်းအဝေး အလယ်၌ အီးမေးလ်မှတစ်ဆင့် ရောက်ရှိလာခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားခဲ့သည်။

တနင်္လာနေ့ ညနေပိုင်း နောက်ပိုင်းတွင် လွှတ်တော် လုပ်ထုံးလုပ်နည်း ကော်မတီ ဥက္ကဋ္ဌ ဗာဂျီးနီးယားဖောက်စ် (Virginia Foxx) က အခြေအနေများ ပြောင်းလဲသွားသဖြင့် အရေးယူမှု ဆုံးဖြတ်ချက်များကို ခေတ္တ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း တစ်ညတာအတွင်း ထူးခြားသော တိုးတက်မှု မရှိပါက ပြန်လည် မဲခွဲရန် စဉ်းစားမည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

၎င်းသည် ကလင်တန်တို့ အနေဖြင့် အရေးယူခံရမှုကို ရှောင်လွှဲရန် ပထမဆုံးအကြိမ် ကြိုးပမ်းခြင်း မဟုတ်ပေ။

ပြီးခဲ့သည့် ရက်များအတွင်းကလည်း ၎င်းတို့၏ ရှေ့နေများမှတစ်ဆင့် နယူးယောက်တွင် ၄ နာရီကြာ ကိုယ်တိုင် ဆန္ဒအလျောက် လူတွေ့မေးမြန်းမှုကို လက်ခံရန် ကမ်းလှမ်းခဲ့သော်လည်း ကိုမာ က တနင်္လာနေ့အစောပိုင်းတွင် ငြင်းပယ်ခဲ့သည်။

CNN မှ ရရှိထားသော အစောပိုင်း ဆက်သွယ်မှုများအရ ကလင်တန်တို့အဖွဲ့သည် ရက်ပေါင်းများစွာကတည်းက ထွက်ပေါက်ရှာနေခဲ့ကြောင်း သိရသည်။ Epstein စုံစမ်းစစ်ဆေးရေးတွင် ကိုယ်တိုင်လာရောက် ထွက်ဆိုရန် ငြင်းဆန်ခဲ့သဖြင့် ဇန်နဝါရီလတွင် ပါတီနှစ်ရပ်လုံးမှ လွှတ်တော်အမတ်များက ၎င်းတို့ကို အရေးယူရန် မဲပေးခဲ့ကြပြီးနောက်တွင် သမ္မတဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းတို့၏ ရှေ့နေများသည် ရီပတ်ဘလစ်ကန် ဦးဆောင်သော ကော်မတီနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြသည်။

ကလင်တန်တို့၏ အစောပိုင်း ကမ်းလှမ်းချက်ကို ကိုမာ က ငြင်းပယ်ခဲ့ခြင်းကြောင့် ယခုအပတ်အတွင်း လွှတ်တော်၌ အရေးယူရန် အပြီးသတ် မဲခွဲမှု ဖြစ်လာတော့မည်မှာ သေချာသလောက် ရှိခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်စွဲပါ စာအရ ကလင်တန်တို့၏ ရှေ့နေများသည် သမ္မတဟောင်း အနေဖြင့် Epstein အမှု ဘောင်အတွင်း၌သာ မေးမြန်းမှုကို ၄ နာရီကြာ နယူးယောက်မြို့တွင် ဆန္ဒအလျောက် ဖြေကြားမည့် အချက်များကို တင်ပြခဲ့သည်။ ပါတီနှစ်ရပ်လုံးမှ လွှတ်တော်အမတ်များနှင့် ဝန်ထမ်းများက မေးခွန်းမေးနိုင်ပြီး ကလင်တန်တို့နှင့် ကော်မတီ နှစ်ဖက်လုံးမှ ကိုယ်ပိုင် မှတ်တမ်းတင်သူများကို ထားရှိနိုင်ကြောင်း စာတွင် ဖော်ပြထားသည်။

ဘီလ် ကလင်တန်သည် ကွယ်လွန်သွားပြီဖြစ်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ Epstein နှင့် ပတ်သက်၍ အမှားအယွင်း ပြုလုပ်ထားခြင်း မရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားသည်။

ရှေ့နေများက ဟီလာရီ ကလင်တန်ကို ဆင့်ခေါ်ထားမှုကို ပယ်ဖျက်ရန် ဆက်လက် တောင်းဆိုနေသော်လည်း သူမအနေဖြင့် ဒုတိယအကြိမ် ကျမ်းကျိန်လွှာ တင်သွင်းခြင်း သို့မဟုတ် သူမ၏ ခင်ပွန်းကဲ့သို့ပင် ကိုယ်တိုင်လာရောက် ဖြေကြားခြင်းတို့ကို လုပ်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

အပြန်အလှန်အားဖြင့် ကလင်တန်တို့၏ ရှေ့နေများဖြစ်သောအက်ရှလီကောလ်လန်( Ashley Callen) နှင့် ဒေးဗစ် အီး ကင်ဒဲလ် (David E. Kendall) တို့က ကိုမာ ကို ဆင့်ခေါ်စာများနှင့် အရေးယူမှုများကို ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

ကိုမာက ထိုကမ်းလှမ်းချက်ကို “အကျိုးအကြောင်း မဆီလျော်” ဟု ဆိုကာ ငြင်းပယ်ခဲ့ပြီး ထိုအချက်များကို လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

၎င်းက မေးမြန်းစစ်ဆေးမှုကို “ကျမ်းကျိန်အစစ်ဆေးခံခြင်း” (Sworn deposition) မှ “ဆန္ဒအလျောက် ဖြေကြားခြင်း” သို့ ပြောင်းလဲရန် သဘောမတူနိုင်သလို၊ မေးမြန်းမည့် နယ်ပယ်ကို ကန့်သတ်ရန် ရှေ့နေများ ကြိုးပမ်းမှုကိုလည်း ငြင်းပယ်ခဲ့သည်။ အကယ်၍ ဩဂုတ်လတွင် ဆင့်ခေါ်စာ စတင်ရရှိစဉ်ကတည်းက ဆန္ဒအလျောက် ဖြေကြားရန် ကမ်းလှမ်းခဲ့ပါက အခြေအနေမှာ ယခုထက် ပိုမို ကောင်းမွန်နိုင်ကြောင်း ကိုမာ က ထောက်ပြခဲ့သည်။

အကယ်၍ ၄ နာရီသာ အချိန်သတ်မှတ်ထားပါက ကလင်တန် အနေဖြင့် အချိန်ဆွဲရန် ကြိုးပမ်းနိုင်သည့် အခွင့်အရေး ရှိသွားနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ ထို့ပြင် ကော်မတီဘက်မှ တရားဝင် မှတ်တမ်းတင်သူ ရှိနေပါလျက် ကလင်တန်တို့က ဘာကြောင့် ကိုယ်ပိုင် မှတ်တမ်းတင်သူ ထားရှိချင်ရသလဲဟု ရီပတ်ဘလစ်ကန် ဥက္ကဋ္ဌက မေးခွန်းထုတ်ခဲ့သည်။

“သူဟာ အစစ်ဆေးခံဖို့ ပျက်ကွက်ခဲ့ဖူးသလို လပေါင်းများစွာလည်း လူတွေ့ထွက်ဆိုဖို့ ငြင်းဆန်ခဲ့တဲ့အတွက်၊ သမ္မတဟောင်း ကလင်တန် အနေနဲ့ မေးခွန်းတွေကို ဖြေဖို့ ငြင်းဆိုမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့က ယုံကြည်မှုသက်သက်နဲ့ လက်ခံလို့ မရပါဘူး။ အဲဒီလို ဖြစ်သွားရင် ကော်မတီဟာ အခုလိုပဲ အစက ပြန်စရမယ့် အခြေအနေမျိုး ရောက်သွား နိုင်ပါတယ်” ဟု ကိုမာ က ရေးသားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါကစ္စတန် အာဖဂန်နစ္စတန်

ပါကစ္စတန်က ကဘူးလ်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အာဖဂန်နစ္စတန် တာလီဘန်အစိုးရနှင့် ‘ထိပ်တိုက်စစ်ပွဲ’ ဆင်နွှဲနေပြီဟု ဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 10 Views
AFP– ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ရက် အာဖဂန်နစ္စတန်ရှိ ကဘူးလ် အပါအဝင် အဓိကမြို့ကြီးများကို ပါကစ္စတန်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အစ္စလာမ္မာဘတ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်က အီရန်ကို တိုက်ခိုက်နိုင်ခြေရှိ နေပြီး တီဟီရန်က ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးအင်အား တည်ဆောက်မှု သိသိသာသာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက ဗျူဟာမြောက် ထိန်းကျောင်းပြီး အီရန်နှင့် ဖြစ်ပွားနိုင်သော စစ်ပွဲအတွက် ပြင်ဆင်ရင်း ထရမ့်နှင့် ပဋိပက္ခမဖြစ်အောင် ကြိုးပမ်းနေရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်း (Gen. Dan Caine) သည် အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် စစ်ရေးရွေးချယ်စရာများကို မူကြမ်းရေးဆွဲနေစဉ်အတွင်း ကြည်း၊
မြန်မာသတင်း အမေရိကန်

အမေရိကန်ပဲပုပ်ဖတ် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေ သဘောတူလက်မှတ်ရေးထိုး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ အမေရိကန်ရဲ့ ပဲပုပ်ဖတ်တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့တယ်လို့ အမေရိကန်သံရုံးရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အရှေ့တောင်အာရှကို အမေရိကန် ပဲပုပ်ဖတ်တင်သွင်းတာ တိုးမြှင့်နိုင်ဖို့အတွက် တင်ပို့သူတွေနဲ့ မြန်မာဝယ်သူတွေအကြား လက်မှတ်ရေးထိုးပွဲကို မျက်မြင်တွေ့ကြုံခဲ့ရတဲ့အတွက် ဝမ်းမြောက်မိတယ်လို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း

ဝါရှင်တန်နှင့် တီဟီရန်တို့ ဆွေးနွေးမှုများ ပြန်လည်စတင်ချိန်တွင် နေတန်ရာဟုက အီရန်ကို တိုက်ခိုက်နိုင်ခြေရှိသည့် ကိစ္စရပ်များအား ထရန့်နှင့် ဆွေးနွေးမည်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ရက် အမေရိကန်နှင့် အီရန်တို့အကြား ဆွေးနွေးမှုများ ပျက်ပြားသွားပါက အစ္စရေးအနေဖြင့် အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားသည့်အနေဖြင့်၊ ယခုသီတင်းပတ်အတွင်း ဝါရှင်တန်သို့ သွားရောက်မည့် ခရီးစဉ်အတွင်း အီရန်အပေါ် စစ်ရေးအရ အရေးယူနိုင်မည့် ရွေးချယ်စရာများကို သမ္မတ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော်အခြေပြမိန့်ခွန်း (State of the Union) မှ မှတ်သားဖွယ်ရာများ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက် သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံတော်အခြေပြမိန့်ခွန်းကို အင်္ဂါနေ့ညက အမေရိကန် ကပ္ပီတိုလ်လွှတ်တော်တွင် ပြောကြားခဲ့သည်။ ၎င်း၏ အထူးအမှတ်အသားဖြစ်သော
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လုပ်ကြံရန် ကြံစည်မှုများ၊ အရှုပ်တော်ပုံများနှင့် လေးနှစ်တာစစ်ပွဲကြား ဗိုလိုဒီမာ ဇလန်းစကီး အထိနာခဲ့သော်လည်း အလဲမထိုးနိုင်သေးပုံ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက် ကိယက်ဗ်မြို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားတင့်ကားများ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်၌ ဗိုလိုဒီမာ ဇလန်းစကီး (Volodymyr Zelensky) ယူကရိန်းမှ ထွက်ပြေးသွားပြီဟူသော ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ကိယက်ဗ်မြို့သည်
နိုင်ငံတကာသတင်း အမေရိကန် အီရန်

တီဟီရန်တွင် ဆန္ဒပြပွဲသစ်များ ပြန်လည်ဖြစ်ပွား၊ အီရန်က အဘယ်ကြောင့် ‘အရှုံးမပေး’ သေးသည်ကို ထရမ့် သိလိုစိတ်ပြင်းပြနေဟု ဝစ်ကော့ဖ် ပြောကြား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 38 Views
CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အီရန်မြို့တော် တီဟီရန်ရှိ တက္ကသိုလ်များတွင် ဆန္ဒပြပွဲများ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေစဉ်၊ အီရန်နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်ရန် အဘယ်ကြောင့် ယခုထက်ထိ “