နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်

အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ကျန်းမာရေး၊ ဆေးဘက်ဆိုင်ရာနှင့် အရေးပေါ် လူနာတင်ယာဉ်ဌာန (EMS) ပေါင်း အနည်းဆုံး ၃၁၆ ခု၊ စာသင်ကျောင်း ၇၆၃ ကျောင်းနှင့် လခြမ်းနီ စင်တာ ၁၈ ခုတို့လည်း ပျက်စီးခဲ့ရကြောင်း လခြမ်းနီအသင်းက ဆိုသည်။

စစ်ပွဲစတင်ကတည်းက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ၆၉၃ ခုတွင် အနံ့ခံခွေးများဖြင့် ဆောင်ရွက်ခဲ့ပြီး၊ အချို့သော လုပ်ငန်းစဉ်များတွင် အပျက်အစီးများအောက်မှ ဒဏ်ရာရရှိသူများနှင့် ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း လခြမ်းနီအသင်းက ဆက်လက်ပြောကြားသည်။

CNN အနေဖြင့် အဆိုပါကိန်းဂဏန်းများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

အီရန်ဘက်မှ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုများကြောင့်လည်း ပင်လယ်ကွေ့ (Gulf) ဒေသတစ်လျှောက်ရှိ လေဆိပ်များ၊ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။

အီရန်နိုင်ငံ၊ တီဟီရန်မြို့အနောက်ဘက်တွင် ယနေ့ တနင်္လာနေ့နံနက်အစောပိုင်းက လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့သည့် လူနေအဆောက်အအုံတစ်ခု၏ အပျက်အစီးများကြားတွင် ဒေသခံများ ထိုင်နေကြစဉ်။ Majid Saeedi/Getty Images(ဓါတ်ပုံ)

အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ်စစ်ပွဲအတွင်း တီဟီရန်ရှိ လူနေအဆောက်အအုံတစ်ခု တိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုမြင်ကွင်း။ Stringer/picture-alliance/dpa/AP(ဓါတ်ပုံ)

စနေနေ့က တီဟီရန်ရှိ လူနေအဆောက်အအုံတစ်ခုကို ထိမှန်ခဲ့သည့် တိုက်ခိုက်မှုအပြီးတွင် ကယ်ဆယ်ရေးသမားတစ်ဦးက ဒဏ်ရာရရှိထားသော ကောင်လေးတစ်ဦးကို ကူညီပေးနေစဉ်။ Sajad Safari/AP(ဓါတ်ပုံ)

တနင်္ဂနွေနေ့က တီဟီရန်ရှိ တိုက်ခိုက်ခံရသော လူနေအဆောက်အအုံတစ်ခုအတွင်းရှိ အခန်းတစ်ခုကို အီရန်အမျိုးသမီးများ သန့်ရှင်းရေးလုပ်နေကြစဉ်။ Stringer/picture-alliance/AP(ဓါတ်ပုံ)

မတ်လ ၂၇ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်တွင် တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လူနေအဆောက်အအုံတစ်ခုအတွင်းရှိ ပိုင်ဆိုင်မှုပစ္စည်းများနှင့် ပရိဘောဂများ။ Majid Asgaripour/West Asia News Agency/Reuters(ဓါတ်ပုံ)

မတ်လ ၁၄ ရက်နေ့က အီရန်နိုင်ငံ၊ တီဟီရန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်တစ်လုံး။ Alaa Al-Marjani/Reuters(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 19 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ ပို့ကုန်ဝင်ငွေများ မြင့်တက်နေချိန်တွင် ၎င်း၏ ရေနံလုပ်ငန်းအပေါ် ယူကရိန်းက တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 172 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မော်စကိုအစိုးရသည် ရေနံစိမ်းစျေးနှုန်း မြင့်တက်လာခြင်းနှင့် အချို့သော ပိတ်ဆို့ အရေးယူမှုများ လျှော့ချခံရခြင်းတို့ကြောင့် အကျိုးအမြတ်များ ရရှိနေစဉ်အတွင်း ယူကရိန်းစစ်တပ်သည် ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အမေရိကန်

မြောက်ကိုရီးယားဟက်ကာများက အမေရိကန်ကုမ္ပဏီထောင်ပေါင်းများစွာ အသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ကို ဖောက်ထွင်းပြီး ခရစ်ပတိုခိုးယူရန် ကြိုးပမ်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် မြောက်ကိုရီးယားဟက်ကာများဟု သံသယရှိသူများသည် အမေရိကန်ကုမ္ပဏီပေါင်း ထောင်ချီအသုံးပြုနေသည့် ဆော့ဖ်ဝဲလ်ပက်ကေ့ဂျ်တစ်ခုအတွင်းသို့ ဗိုင်းရပ်စ်ထည့်သွင်းကာ ကြီးမားသော ထောက်ပံ့ရေးကွင်းဆက် (Supply-chain) တခုလုံးအားတိုက်ခိုက်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကို ပြန်လည်ကုစားရန်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 270 Views
ပင်တဂွန်၏ ပြောကြားချက်အရ ထရန့် မျှဝေခဲ့သည့် ဗီဒီယိုမှာ အီရန် ခဲယမ်းတိုက်ကို အမေရိကန် ဗုံးကြဲလေယာဉ်များက တိုက်ခိုက်နေသည့် မြင်ကွင်းဟုဆို CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် သမ္မတ ဒေါ်နယ်ထရန့် မျှဝေခဲ့သည့် မကြာသေးမီက ဗီဒီယိုမှာ အီရန်နိုင်ငံ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်တွင် မြေပြင်တပ်ဖွဲ့များ ချထားရေးနှင့် ပတ်သက်၍ အမေရိကန်သည် “ ခန့်မှန်းရခက်သူ” ဖြစ်ရန် လိုအပ်ကြောင်း ဟက်ဆက်သ် ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 25 Views
CNN- ၂၀၂၆ခုနှစ်မတ်လ (၃၁)ရက် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် က အီရန်နိုင်ငံအတွင်း အမေရိကန် မြေပြင်တပ်ဖွဲ့ဝင်များ (boots on the ground) ချထားမည့် ကိစ္စနှင့် ပတ်သက်လာလျှင် အမေရိကန် စစ်တပ်အနေဖြင့် “ခန့်မှန်းရခက်အောင်