နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး

တဲလ်အဗစ်၊ အစ္စရေး — အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ယခုသီတင်းပတ် ဝါရှင်တန်ဒီစီ ခရီးစဉ်မတိုင်မီ၊ အစ္စရေးသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း (West Bank) ဒေသအပေါ် ၎င်း၏ထိန်းချုပ်မှုကို တင်းကျပ်ရန် ကျယ်ပြန့်သော ခြေလှမ်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

CNN- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်

တနင်္ဂနွေနေ့တွင် အစ္စရေး၏ လုံခြုံရေးကက်ဘိနက်သည် နိုင်ငံ၏ ဥပဒေစိုးမိုးရေးအာဏာကို တိုးချဲ့မည့်အပြင် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် နိုင်ငံတော်မှ မြေယာဝယ်ယူခွင့် ပြုမည့် အစီအမံများကို အတည်ပြုခဲ့သည်။ ယင်းလုပ်ရပ်မှာ အနောက်ဖက်ကမ်း ရှိ “ ဥပဒေ ကြောင်းအရနှင့် အရပ်ဘက်ဆိုင်ရာ လက်တွေ့ဘဝကို အခြေခံကျကျ ပြောင်းလဲပစ်မည်” ဖြစ်ကြောင်း လက်ယာစွန်းရောက် ဘဏ္ဍာရေးဝန်ကြီး ဘီဇာရီ စမော့ထရစ်ချ် (Bezalel Smotrich) က ပြောကြားခဲ့သည်။ အဆိုပါ နယ်မြေကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုက် အဝန်းက အနာဂတ် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရန်အတွက် သတ်မှတ်ထားခြင်း ဖြစ်သည်။

အစ္စရေး၏ ခြေလှမ်းသစ်များတွင် အော့စလိုသဘောတူညီချက် (Oslo Accords) အရ ပါလက်စတိုင်း၏ အုပ်ချုပ်ရေးထိန်းချုပ်မှုအောက်တွင် ရှိရမည့် အနောက်ဖက်ကမ်း ဒေသ၏ နယ်မြေ A နှင့် B တို့တွင် အစ္စရေး၏ ဥပဒေစိုးမိုးရေးကို တိုးချဲ့ခြင်းလည်း ပါဝင် သည်။ ထိုနယ်မြေနှစ်ခုစလုံးမှာ အနောက်ဖက်ကမ်း နယ်မြေစုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း ခန့်ရှိသည်။

ထို့ပြင် အစ္စရေးသည် အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် အနောက်ဖက်ကမ်း ရှိ မြေယာများကို နိုင်ငံတော်က တက်ကြွစွာ ဝယ်ယူခွင့်ပြုမည့် မြေယာဝယ်ယူရေးကော်မတီ ကိုလည်း ပြန်လည်စတင်မည်ဖြစ်သည်။ အခြားအစီအမံတစ်ခုမှာ ဟီဘရွန် (Hebron) မြို့ရှိ အရပ်ဘက်အုပ်ချုပ်ရေးနှင့် ဂျူးအခြေချနေထိုင်သူ လူနည်းစုလေးအား အဆောက်အအုံ ဆောက်လုပ်ခွင့် နှင့် စည်ပင်သာယာရေးအာဏာများကို ပေးအပ်လိုက်ခြင်းဖြစ်ပြီး၊ ယင်းကြောင့် ဟီဘရွန်ရှိ ပါလက်စတိုင်းစည်ပင်သာယာရေးအဖွဲ့နှင့် တိုင်ပင်ရန်မလိုဘဲ အခြေချနေထိုင်မှုများကို တိုးချဲ့ခွင့်ရရှိသွားမည်ဖြစ်သည်။

သိမ်းပိုက်ထားသော ဝက်စ်ဘင့်ခ်တွင် အခြေချနေထိုင်သူများ မြေဝယ်ယူရန် ပိုမိုလွယ်ကူ စေမည့် အစီအမံများကိုလည်း လုံခြုံရေးကက်ဘိနက်က အတည်ပြုခဲ့သည်။ ၎င်းမှာ အခြေချနေထိုင်မှု လှုပ်ရှားမှုများကို တိုးချဲ့ရန်နှင့် ဂျူးလူဦးရေ ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

ပါလက်စတိုင်းနိုင်ငံ တည်ထောင်မည့် စိတ်ကူးကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဗြောင်ကျကျ ကြွားဝါလေ့ရှိသူ စမော့ထရစ်ချ်က ထုတ်ပြန်ချက်တစ်ခုတွင် “ ကျွန်တော် တို့ဟာ ဒီနယ်မြေတွေက ဘဝတွေကို ပုံမှန်အခြေအနေဖြစ်အောင် လုပ်နေတာပါ၊ အုပ်ချုပ်ရေး ဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားနေတာပါ၊ မြေယာအတွက် တိုက်ပွဲ ဝင်နေ တာဖြစ်ပြီး အစ္စရေးမြေတစ်ခွင်မှာ ကျွန်တော်တို့ ရှိနေမှုကို ပိုပြီး ခိုင်မာအောင် လုပ်ဆောင် နေတာပါ” ဟု ဆိုသည်။ ကာကွယ်ရေးဝန်ကြီးဌာနတွင် ဝန်ကြီးအဖြစ်လည်း တာဝန်ယူထား သည့် စမော့ထရစ်ချ်သည် အထူးသဖြင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် လက်ထက်တွင် အခြေချနေထိုင်မှုများကို လျင်မြန်စွာ တိုးချဲ့ရန် တွန်းအားပေးနေသူဖြစ်သည်။

ပါလက်စတိုင်းနိုင်ငံ တည်ထောင်မယ့် စိတ်ကူးကို ကျွန်တော်တို့ ဆက်ပြီး ငြှိမ်းသတ် သွားမှာ ပါ” ဟု စမော့ထရစ်ချ်က ပြောကြားခဲ့သည်။

ယင်းလုပ်ရပ်များအပေါ် တုံ့ပြန်ရာတွင် ထရန့်အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက သိမ်းပိုက် ထားသော နယ်မြေများကို အစ္စရေးက သိမ်းယူခြင်း (Annexation) အပေါ် အမေရိကန်က ထောက်ခံခြင်းမရှိကြောင်း အလေးပေးပြောကြားခဲ့သည်။ “ သမ္မတက ရှင်းရှင်းလင်းလင်း ပြောထားပြီးသားဖြစ်သလို၊ အစ္စရေးက အနောက်ဖက်ကမ်းကို သိမ်းယူတာကို သူ မထောက် ခံပါဘူး” ဟု အဆိုပါအရာရှိက ပြောသည်။ “ တည်ငြိမ်တဲ့ အနောက်ဖက်ကမ်းက အစ္စရေးကို လုံခြုံစေသလို၊ ဒေသတွင်း ငြိမ်းချမ်းရေးရရှိဖို့ ဒီအစိုးရရဲ့ ပန်းတိုင်နဲ့လည်း ကိုက်ညီပါ တယ်။”

ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) ကမူ အဆိုပါ အစီအမံများကို ရှုတ်ချခဲ့ပြီး “ ဒါဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးကျော်သူအစိုးရက ဆင်နွှဲနေတဲ့ ဘက်စုံစစ်ပွဲရဲ့ အဆက်အစပ်ဖြစ်ပြီး၊ ပါလက်စတိုင်းမြေတစ်ခွင်လုံးမှာရှိတဲ့ ပါလက်စတိုင်းသားတွေနဲ့ သူတို့ရဲ့ အမျိုးသားရေးနဲ့ သမိုင်းဝင်အခွင့်အရေးတွေကို ပစ်မှတ်ထားတဲ့ မကြုံစဖူး တင်းမာမှု တိုးမြှင့်ခြင်းပဲဖြစ်တယ်” ဟု ဆိုသည်။

PA သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ယင်းလုပ်ရပ်မှာ “ သိမ်းယူခြင်းနှင့် နှင်ထုတ်ခြင်း အစီအစဉ်များကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်သည်” ဟု ဖော်ပြထားသည်။

ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူ ဟာဇမ် ကာဆမ် (Hazem Qassem) က အစ္စရေး၏ ဆုံးဖြတ်ချက်များသည် “ ပါလက်စတိုင်းမြေအားလုံးကို ဝါးမြိုရန်နှင့် ဌာနေတိုင်းရင်းသား များကို နှင်ထုတ်ရန် ရည်ရွယ်သည့် ၎င်းတို့၏ ကိုလိုနီနယ်ချဲ့ အစီအစဉ်ကို အတည်ပြုနေခြင်း ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အစ္စရေးသည် ၁၉၆၇ စစ်ပွဲတွင် အနောက်ဖက်ကမ်းဒေသကို ဂျော်ဒန်ထံမှ သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်း ထိုနေရာတွင် ဂျူးအခြေချနေထိုင်မှုများကို စတင်တည်ထောင်ခဲ့သည်။ ယင်းကို နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအများစုက တရားမဝင်ဟု သတ်မှတ်ထားသည်။ ကုလသမဂ္ဂက အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုဆလင်တို့ကို သိမ်းပိုက်ခံနယ်မြေအဖြစ် သတ်မှတ်ထားပြီး ပါလက်စတိုင်းသားများက ယင်းနေရာများကို အနာဂတ်နိုင်ငံတော်အဖြစ် တည်ထောင်လိုကြသည်။

အောက်တိုဘာလက Time မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ထရန့်က အစ္စရေးအနေဖြင့် အနောက်ဖက်ကမ်း ကို သိမ်းယူခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ ဒါက ဖြစ်လာမှာမဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော် အာရပ်နိုင်ငံတွေကို ကတိပေးထားပြီး သားမို့လို့ပါ။ အဲဒီလိုသာ ဖြစ်လာခဲ့ရင် အစ္စရေးဟာ အမေရိကန်ဆီကရနေတဲ့ ထောက်ခံမှု အားလုံး ဆုံးရှုံးသွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။ ထရန့်အစိုးရ၏ အချက် ၂၀ ပါ ဂါဇာ အပစ်ရပ်ရေး အစီအစဉ်တွင်လည်း “ ပါလက်စတိုင်းသားများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံတော်တည်ထောင်ခွင့်” လမ်းစများ ပါဝင်သည်။

သို့သော်လည်း အစ္စရေးကို ဝေဖန်သူများကထိုလုပ်ရပ်သည် “ လက်တွေ့ကျကျ သိမ်းယူခြင်း” (de facto annexation) ဟု ခေါ်ဆိုသည့် မူဝါဒကို ကျင့်သုံးနေပြီး၊ သိမ်းပိုက်ထားသော နယ်မြေများတွင် ဂျူးအခြေချနေထိုင်မှုများကို တိုးချဲ့ကာ ပါလက်စတိုင်းနိုင်ငံ တည်ထောင်၍ မရနိုင်စေရန် ရည်ရွယ်ချက်ဖြင့် အနောက်ဖက်ကမ်းအပေါ် ထိန်းချုပ်မှုကို ပိုမိုနက်ရှိုင်း စေခဲ့သည်။ ပြီးခဲ့သည့် မေလတွင် အစ္စရေးသည် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံး အခြေချနေထိုင်မှု တိုးချဲ့ခြင်းအဖြစ် အခြေချစခန်းအသစ် ၂၂ ခု တည်ထောင်ရန် အတည်ပြု ခဲ့သည်။

နောက်ဆုံးအခြေအနေများနှင့် ပတ်သက်၍ အခြေချနေထိုင်မှု ဆန့်ကျင်ရေး စောင့်ကြည့် အဖွဲ့ဖြစ်သော Peace Now က “ နေတန်ယာဟုဟာ ဂါဇာမှာ ဟားမတ်စ်ကို ဖြိုခွင်းမယ်လို့ ကတိပေးခဲ့ပေမယ့်၊ လက်တွေ့မှာတော့ သူဟာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ဖြိုခွင်းဖို့၊ အစ္စရေးကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်တွေကို ပယ်ဖျက်ဖို့နဲ့ လက်တွေ့ ကျကျ သိမ်းယူမှုတွေလုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ဆန္ဒ၊ အစ္စရေးရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ သမ္မတထရန့်ရဲ့ ရှင်းလင်းတဲ့ သဘောထားတွေကို လုံးဝဆန့်ကျင် နေပါတယ်” ဟု ပြောကြားခဲ့သည်။

အစ္စရေး-ပါလက်စတိုင်း ညှိနှိုင်းမှုများတွင် နှစ်ပေါင်းများစွာ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူ ဂါရှန် ဘက်စကင် (Gershon Baskin) က လူမှုမီဒီယာပေါ်တွင် “ အစ္စရေးရဲ့ သိမ်းပိုက်မှုဟာ တရားမဝင်ပါဘူး၊ အခုတော့ အစ္စရေး အစိုးရဟာ နိုင်ငံတကာဥပဒေကို ဆန့်ကျင်တဲ့ ခြေလှမ်းတွေကို ပိုပြီးလုပ်ဆောင်လာနေပြီ ဖြစ်ပါတယ်” ဟု ပြတ်သားစွာ ရေးသားခဲ့သည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်က သတင်းစာရှင်းလင်းပွဲအပြီးတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့ အိမ်ဖြူတော်ရှိ နိုင်ငံတော်ညစာစားခန်းမမှ ထွက်ခွာလာစဉ်။ (ဓာတ်ပုံ – Jim Watson/AFP/Getty Images/File)

သိမ်းပိုက်ထားသော ဝက်စ်ဘင့်ခ်ရှိ ဟီဘရွန်မြို့အနီး ဘိတ်တ်အော်ဝါကျေးရွာအတွင်းသို့ အစ္စရေးစစ်ကားတစ်စီး မောင်းနှင်လာစဉ် ပါလက်စတိုင်းလူမျိုးများက ဝရံတာမှ ကြည့်နေပုံ။(ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

  • 2026 ခုနှစ်၊ မတ်လ 25 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉ ခုနှစ်များက ကမ္ဘာ့ရေနံစျေးနှုန်းများ ထိုးတက်ခြင်း၊ လောင်စာဆီ ပြတ်လပ်ခြင်းနှင့် လူထုထိတ်လန့်မှုများကို ဖြစ်ပေါ်စေခဲ့သည့် ကြီးမားသော
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 36 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 39 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ