နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်

အီရန်နှင့်စစ်ပွဲ: အစ္စရေးသည် လေဘနွန်အတွင်း ထိုးစစ်များကို အရှိန်မြှင့်နေစဉ် “တီဟီရန်နှင့် ဘေရွတ်မြို့တို့ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုများ” လုပ်ဆောင်နေပြီး အီရန်စစ်ဘက်ဆိုင်ရာ နေရာများနှင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာအဖွဲ့ကို ပစ်မှတ်ထားနေသည်ဟု ဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံကို စစ်ရေးအရ စတင်တိုက်ခိုက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားစက်ရုံတစ်ခု ထိခိုက်ပျက်စီးမှုကိုလည်း ကုလသမဂ္ဂက အတည်ပြုခဲ့သည်။ လက်ရှိအချိန်အထိ သိရှိထားသော အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

သံရုံးများပိတ်ခြင်း: အီရန်က အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များနှင့် အမေရိကန်မဟာမိတ်များကို ဆက်လက်တိုက်ခိုက်နေသဖြင့် အမေရိကန်သည် ဆော်ဒီအာရေဗျနှင့် ကူဝိတ်ရှိ ၎င်း၏သံရုံးများကို ပိတ်လိုက်ပြီး ဒေသတွင်းရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံထက်မကမှ ထွက်ခွာကြရန် အမေရိကန်နိုင်ငံသားများကို သတိပေးထားသည်။

အီရန်အပေါ် ထရမ့်၏သဘောထား: စစ်ရေးစစ်ဆင်ရေးများ ဆက်လက်ဖြစ်ပွားနေစဉ် အီရန်က အမေရိကန်နှင့် ဆွေးနွေးရန် ကြိုးပမ်းနေသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေးမှာ ကုန်ဆုံးသွားပြီဟု ၎င်းက ယူဆကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။ ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့သည် စစ်ဆင်ရေးစတင်ကတည်းက ရည်မှန်းချက်ပန်းတိုင်များကို ပြောင်းလဲနေပြီး ၎င်းတို့အချင်းချင်းလည်း အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်နေသည်။

စနေနေ့က မိန်းကလေးမူလတန်းကျောင်းတစ်ကျောင်းကို အမေရိကန်-အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးငယ် ၁၆၈ ဦးနှင့် ဆရာ၊ ဆရာမ ၁၄ ဦး သေဆုံးခဲ့ရမှုအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အီရန်တောင်ပိုင်း မီနပ် (Minab) မြို့တွင် လူအုပ်ကြီး စုဝေးခဲ့ကြကြောင်း အစိုးရမီဒီယာက ဖော်ပြသည်။

ဝမ်းနည်းပူဆွေးသူအချို့သည် သေဆုံးသွားသော ကလေးငယ်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်ထားကြပြီး အချို့မှာ အသက် ၇ နှစ်အရွယ်မျှသာ ရှိသေးရာ ယင်းမှာ ပိုမိုပြင်းထန်လာသော ဤပဋိပက္ခ၏ ဗဟိုချက်တွင်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြေကွဲဖွယ်ရာများကို မီးမောင်းထိုးပြနေသည်။ အီရန်တွင် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူများ၏ အသေးစိတ်အချက်အလက်များ သိပ်မထွက်ပေါ်သေးသော်လည်း အီရန်လခြမ်းနီအဖွဲ့၏ ပြောကြားချက်အရ ခရိုင်ပေါင်း ၁၅၃ ခုတွင် အနည်းဆုံး လူပေါင်း ၇၈၀ သေဆုံးခဲ့ပြီဖြစ်သည်။ နာရေးအခမ်းအနားမှ ဗီဒီယိုနှင့် ပုံရိပ်များတွင် အီရန်အလံလွှမ်းထားသည့် ခေါင်းတလားငယ်လေးများကို ဝန်းရံကာ ဆုတောင်းမေတ္တာပို့သနေကြသော လူအုပ်ကြီးကို တွေ့ရသည်။

အင်္ဂါနေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က ကျောင်းတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ “ချက်ချင်း၊ ဘက်လိုက်မှုကင်းပြီး စေ့စေ့စပ်စပ်” စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး “ခွဲခြားမှုမရှိသော တိုက်ခိုက်မှုများ” သည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို “ပြင်းထန်စွာ ချိုးဖောက်ခြင်း” ဖြစ်သည်ဟု သတိပေးခဲ့သည်။

တနင်္လာနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ကလေးငယ်များကို သတ်ဖြတ်မှုအတွက် အမေရိကန်နှင့် အစ္စရေးတို့ကို X လူမှုကွန်ရက်တွင် စွပ်စွဲခဲ့ပြီးနောက် ယခုတောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်း၏ပို့စ်တွင် အသစ်တူးထားသော သင်္ချိုင်းကျင်းများ၏ ပုံကိုလည်း ပူးတွဲဖော်ပြထားသည်။

“ဒါတွေဟာ အမေရိကန်-အစ္စရေးတို့ရဲ့ မူလတန်းကျောင်း ဗုံးကြဲမှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့မိန်းကလေးငယ် ၁၆၀ ကျော်အတွက် တူးထားတဲ့ သင်္ချိုင်းကျင်းတွေပါ။ သူတို့ရဲ့ ရုပ်အလောင်းတွေဟာ အပိုင်းပိုင်းပြတ်တောက်သွားခဲ့ရပါတယ်” ဟု Araghchi က ဆိုသည်။

အီရန်နိုင်ငံ၊ မီနက်မြို့ရှိ ကျောင်းတစ်ကျောင်းကို အစ္စရေး၏ တိုက်ခိုက်မှုအပြီးတွင် ထိခိုက်ဒဏ်ရာရသူများအတွက် သင်္ချိုင်းများကို ပြင်ဆင်နေပါသည်။ အီရန်နိုင်ငံခြားရေး မီဒီယာဌာန/ဝါနာသတင်းဌာန/ရိုက်တာသတင်းဌာန(ပုံ)

သေဆုံးသူများအတွက် ပူဆွေးနေသူများစုဝေးဆန္ဒပြ (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက