နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 6 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

“ မည်သည့်စနစ်ကမျှ မဖြေရှင်းနိုင်ပါ” – လက်ဘနွန်ရှိ ခိုလှုံရေးစခန်းများတွင် နေရပ်စွန့်ခွာသူများ ပြည့်လျှံနေကြောင်း ကူညီကယ်ဆယ်ရေးဝန်ထမ်း ပြောကြား

CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၁၁ရက်

အရှေ့အလယ်ပိုင်း ပဋိပက္ခအတွင်း လက်ဘနွန်နိုင်ငံတွင် ဖြစ်ပေါ်နေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် လူပေါင်းသိန်းချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ဘေးကင်းရာသို့ ရှာဖွေနေရသဖြင့် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) မှ ဒုတိယညှိနှိုင်းရေးမှူး တစ်ဦးက ပြောကြားသည်။

ဒီလောက်များပြားတဲ့ နေရပ်စွန့်ခွာသူ အရေအတွက်ကို ဘယ်လိုစနစ်မျိုးကမှ မဖြေရှင်း နိုင်ပါဘူး” ဟု လက်ဘနွန်တွင် တာဝန်ကျနေသော အီမန်နျူရယ် မတ်စရက်(Emmanuel Massart) က CNN မှ ရို့စ်မေရီ ချပ်(Rosemary Church) ကို ပြောကြားခဲ့သည်။ “ ခိုလှုံရေးစခန်းတွေကို နေ့စဉ်နဲ့အမျှ အရေးပေါ် အခြေအနေအရ ဖန်တီးနေရတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ လူတွေဟာ သူတို့ ကိုယ်ပေါ်က အဝတ်အစားတစ်ထည် တည်းနဲ့ပဲ ရောက်လာကြပြီး တခြားဘာမှ ပါမလာကြ ပါဘူး။”

ယခုသီတင်းပတ် အစောပိုင်းတွင် လက်ဘနွန်သမ္မတ ဂျိုးဆက် အွမ်(Joseph Aoun) က အစ္စရေး၏ လက်ဘနွန်အပေါ် တိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ခဲ့ရပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ ကြောင်း ပြောကြားခဲ့သည်။

ခိုလှုံရေးစခန်းများရှိ လူများသည် ဆာလောင်မွတ်သိပ်နေခြင်း၊ ဆေးဝါးကုသမှု လိုအပ် နေခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများကဲ့သို့သော အခြေခံကုန်စည်များကို ရရှိရန် ရုန်းကန်နေရကြောင်း မတ်စရက် (Massart) က ပြောသည်။ ၎င်းက ယခုသီတင်း ပတ်အတွင်း သူလုပ်ကိုင်ခဲ့သော ခိုလှုံရေးစခန်းတစ်ခုတွင် နေရပ်စွန့်ခွာသူ ၈၀၀ ရှိသော်လည်း ၎င်းတို့အားလုံးအတွက် အိမ်သာ ၈ လုံးသာ ရှိကြောင်း ဖော်ပြခဲ့သည်။ “ ဒါက ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု ၎င်းက ဆိုသည်။

အကူအညီပေးရေးအဖွဲ့အနေဖြင့် ခိုလှုံရေးစခန်းများတွင် ရောက်ရှိနေသူများကိုသာမက၊ စခန်းများတွင် နေရာမရရှိသဖြင့် နေအိမ်များမှ ထွက်ခွာလာပြီး လမ်းပေါ်တွင် အိပ်စက် နေရသည့် လူထုအတွင်းရှိ နေရပ်စွန့်ခွာသူများကိုလည်း ကူညီပံ့ပိုးမှုများ ပေးနေကြောင်း မတ်စရက် (Massart) က ပြောကြားခဲ့သည်။

ဘေရွတ်မြို့ရှိ Camille Chamoun အားကစားကွင်းအတွင်း တဲများကြားတွင် နေရပ်စွန့်ခွာလာရသော အမျိုးသမီးတစ်ဦးက သူမ၏ကလေးကို ပွေ့ချီကာ အင်္ဂါနေ့က လမ်းလျှောက်နေစဉ်။ အဆိုပါ အားကစားကွင်းကို နေရပ်စွန့်ခွာသူများအတွက် ခိုလှုံရာစခန်းအဖြစ် ပြောင်းလဲထားသည်။ ဓာတ်ပုံ – Anwar Amro/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အကြီးစားကယ်ဆယ်ရေးမစ်ရှင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ အီရန်နိုင်ငံ အတွင်း တစ်ရက်ကျော်ကြာ ဖမ်းဆီးမခံရစေရန် တိမ်းရှောင်နေခဲ့သည့် လေသူရဲကို ကယ်ထုတ်နိုင်ခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 5 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ဧပြီလ (၅)ရက် ညတွင်းချင်း ကယ်ဆယ်ရေးသတင်းကို ကြေညာခဲ့သည့် သမ္မတ ဒေါ်နယ်ထရန့်က အီရန်အနေဖြင့် သဘောတူညီချက်တစ်ခု မရယူနိုင်လျှင် သို့မဟုတ် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပြန်မဖွင့်ပေးလျှင် နောက်ထပ် စစ်ရေးအရေးယူမှုများ
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 23 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့် ဒရုန်းနှင့် ဒုံးကျည်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မော်စကိုသည် အီစတာပွဲတော်ကာလ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို ရှာဖွေရန် အမေရိကန်နှင့် အီရန်တို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ F-15E ၏ လေယာဉ်မှူးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 24 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 24 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 27 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ