နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ခြေရှိကြောင်း အရိပ်အမြွက်ပြသ၊ သို့သော် အဘယ်ကြောင့် ယခုမှပြောလာသနည်း

CNN- နစ်ခ် ပါတန် ဝေါ့ရှ် (Nick Paton Walsh) ၏ ဝေဖန်ဆန်းစစ်ချက်

 ၂၀၂၆ ခုနှစ်၊ မေလ ၁၁ ရက်

ပြင်းထန်သော ဖိအားများ ကြုံတွေ့နေရသည့် အချိန်တွင် ထွက်ပေါ်လာသော ထူးခြားသည့် ထုတ်ဖော်ပြောဆိုမှုတစ်ခု ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဆိုဗီယက်ယူနီယံက နာဇီဂျာမနီကို အောင်နိုင်ခဲ့သည့် အထိမ်းအမှတ် မေလ ၉ ရက် “ အောင်ပွဲနေ့” စစ်ရေးပြအခမ်းအနားကို အသုံးပြု၍ ထူးခြားသော စကားတစ်ခွန်းကို ဆိုခဲ့သည်။ ၎င်းမှာ ယူကရိန်းပဋိပက္ခသည် “ အဆုံးသတ်သို့ ရောက်ရှိလာနေပြီ” ဟု သူယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ကျူးကျော်စစ်အစပိုင်းတွင် ပျက်ပြားခဲ့သော ဆွေးနွေးပွဲများအကြောင်း အကြာကြီး မြည်တမ်းပြောဆိုပြီးနောက် ထွက်ပေါ်လာသည့် ယင်းစကားသည် ပူတင်က သူ၏စစ်ပွဲကို အဆုံးသတ်ရန် ပထမဆုံးအကြိမ် အမှန်တကယ် အရိပ်အမြွက်ပြသလိုက်ခြင်းဖြစ်ပြီး အလွန်တိုတောင်းလှသည်။

သို့သော် ပူတင်သည် စကားကို ပေါ့ပေါ့တန်တန် သို့မဟုတ် စိတ်လိုက်မာန်ပါ ပြောတတ် သူမျိုးမဟုတ်ပေ။ ၎င်းသည် သူ၏ပစ်မှတ်ဖြစ်နိုင်သော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တစ်ဦးတည်းအတွက်သာ ရည်ရွယ်ခြင်းမဟုတ်ပါ။ အလျှော့မပေးတတ်သော သူ၏ပုံမှန် ရပ်တည်ချက်မှ ခွဲထွက်ကာ ယခုကဲ့သို့ ရှားရှားပါးပါး ပြောဆိုလိုက်ခြင်းမှာ ယူကရိန်းတွင် ငြိမ်းချမ်းရေးကို မကြာမီ ပွဲစားလုပ်ဆောင်နိုင်လိမ့်မည်ဟူသော လှည့်စားမှုကို ဆက်လက် ထိန်းထားရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်နိုင်သည်။

မော်စကိုက စစ်အင်အားကို အပြည့်အဝပြသနေသည့် ထိုနေ့တွင်ပင် ပူတင်သည် “ အထူးစစ်ဆင်ရေး” ၏ ရည်မှန်းချက်များ မပြည့်မချင်း ဆက်လက်လုပ်ဆောင်ရမည်ဟူသော အစွန်းရောက်အယူအဆကို မပြောရန် ရွေးချယ်ခဲ့သည်။ (အမှန်စင်စစ် ယူကရိန်းကို စစ်မဲ့ဇုန်ဖြစ်စေရန်နှင့် ဒွန်းဘတ်စ်ဒေသကို သိမ်းပိုက်ရန်ဟူသော ၎င်း၏ရည်မှန်းချက်များ သည် အောင်မြင်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။) ယင်းအစား စစ်ပွဲသည် မကြာမီ အဆုံးသတ်ရန် လိုအပ်သည်ဟူသော လတ်တလော လူထုသဘောထားစစ်တမ်းများတွင် ဖော်ပြထားသည့် ရုရှားပြည်သူတို့၏ လွှမ်းမိုးနေသော ဆန္ဒကို ပူတင်က ရောင်ပြန်ဟပ်ပြသ ခဲ့ခြင်း ဖြစ်ပုံရသည်။

စစ်ရေးပြအခမ်းအနားနှင့် ညှိနှိုင်းရေးမှူးအသစ်

ပူတင်၏ အံ့အားသင့်ဖွယ် အကွက်ရွှေ့မှုတွင် နောက်ထပ်အလှည့်အပြောင်းတစ်ခု ပါဝင် နေသည်။ ၎င်းမှာ ၁၉၉၈ မှ ၂၀၀၅ ခုနှစ်အထိ ဂျာမနီဝန်ကြီးချုပ်ဟောင်းအဖြစ် တာဝန်ယူခဲ့ပြီး ပူတင်နှင့် အနောက်အုပ်စုတို့ ဆက်ဆံရေးအဆင်ပြေစဉ်က ရင်းနှီးခဲ့သူ ဂါဟတ် ရှရိုဒါ (Gerhard Schröder) ကို ဥရောပနှင့် တိုက်ရိုက်ဆွေးနွေးမှုများအတွက် ညှိနှိုင်းရေးမှူးအဖြစ် အဆိုပြုခဲ့ခြင်းဖြစ်သည်။

ရှရိုဒါသည် ၂၀၂၂ ခုနှစ်တွင် ရာထူးမှမနုတ်ထွက်မီအထိ ရုရှား၏ Nord Stream ဂတ်စ်ပိုက်လိုင်းစီမံကိန်း၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ပူတင်နှင့် ရင်းနှီးသူအဖြစ် ဆက်ရှိနေဆဲဖြစ်သည်။ ၎င်းသည် ဥရောပတွင် ယုံကြည်မှုကျဆင်း နေသော်လည်း ဝါရှင်တန်ဒီစီတွင်မူ ယင်းအဆိုပြုချက်ကို ဂရုပြုမိနိုင်ပြီး ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ကြိုးပမ်းမှုများကို ပိုမိုရှုပ်ထွေးစေနိုင်သည်။

ပူတင်၏ သံတမန်ရေးရာ စကားဝိုင်းများသည် ပြီးခဲ့သည့်နှစ်အတွင်း ဟန်ပြငြိမ်းချမ်းရေး ကစားကွက်များအဖြစ်သာ မြင်နိုင်သော်လည်း၊ ယူကရိန်းတွင် စစ်နိုင်မှသာ ပူတင်၏အာဏာ တည်မြဲမည်ဟူသော အယူအဆမှာ ရုရှားအတွင်း၌ စစ်ပွဲ၏ အကျိုးဆက်များအပေါ် ဝေဖန်မှု များကြောင့် ယိုင်နဲ့လာနေပြီဖြစ်သည်။ စစ်ပွဲအတွင်း ပူတင် (နိုင်ငံရေးအရ) ရှင်သန်နိုင်မည် မဟုတ်ကြောင်း မော်စကိုအထက်တန်းလွှာများအကြား တိုးတိုးတိတ်တိတ် ပြောဆိုသံများ ထွက်ပေါ်လာနေသည်။

အားနည်းလာသော ရုရှားစစ်အင်အား

ယခုနှစ်ရင်ပြင်နီ (Red Square) မှ စစ်ရေးပြအခမ်းအနားသည် ကရင်မလင်၏ ခံတပ်ကြီး အတွက် ရှက်စရာကောင်းလှသည်။ အခမ်းအနားမတိုင်မီ ယူကရိန်းသမ္မတ ဇလန်းစကီးက ထိုဒေသကို တိုက်ခိုက်ခြင်းမပြုရန် အမိန့်ထုတ်ပြန်ခဲ့ခြင်းမှာ ကိ့ဗ် (Kyiv) အနေဖြင့် မိမိကိုယ်ကိုယ် အားသာချက်ရှိနေသည်ဟု ခံစားနေရကြောင်း ပြသခြင်းဖြစ်သည်။

ယခင်နှစ်များက အနောက်တိုင်း ကျွမ်းကျင်သူများ စောင့်ကြည့်ရသည့် ခေတ်မီစစ်လက်နက် ကိရိယာများ စစ်ရေးပြအခမ်းအနားတွင် ပါဝင်ခြင်းမရှိတော့ဘဲ ယခုနှစ်တွင် စစ်သားများသာ ပါဝင်နိုင်တော့သည်။ သို့သော် ယင်းစစ်သားများသည်ပင် အင်အားနည်းပါးလာနေပြီဖြစ်သည်။

ဥရောပအနေဖြင့် ရုရှားသည် ယူကရိန်းသည် တစ်နေ့တွင် ပြိုလဲသွားလိမ့်မည်ဟု မျှော်လင့် ချက်ဖြင့် ဖိအားပေးခဲ့သော်လည်း၊ မနှစ်က ထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက် လာပြီးနောက် ဥရောပအတွက် ရွေးချယ်စရာ နည်းပါးသွားခဲ့သည်။ စစ်ပွဲသည် အောင်မြင်မှုနှင့် ကျရှုံးမှုများ အကြား လူးလာတုံ့ပြန်နေသော်လည်း ယခုတစ်ကြိမ်တွင် အခြေအနေ ပြောင်းလဲသွား ရခြင်းမှာ အကြောင်းရင်း နှစ်ရပ်ကြောင့် ဖြစ်သည်။

၁။ ရုရှား၏ စိတ်ဓာတ်ပျက်ပြားမှု။ ရဲတပ်ဖွဲ့က ထိန်းချုပ်ထားသော နိုင်ငံတစ်ခုတွင်ပင် မကျေနပ်မှုများမှာ သိသာထင်ရှားလာသည်။ ပူတင်သည် ယခင်က ဝေဖန်မှုများကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယခုအခါတွင် စစ်တိုက်ရန်အတွက် ရုရှားလူငယ်များနှင့် အကျဉ်းသားများကို စည်းရုံးရန် ခက်ခဲလာနေပြီဖြစ်သည်။ ရုရှားစီးပွားရေးမှာလည်း အမှန်တကယ် ဖိအားဒဏ်ကို ခံနေရပြီး အထက်တန်းလွှာများ၏ မကျေနပ်မှုကို ပြေလျော့ စေရန် ပူတင်က စစ်ပွဲပြီးဆုံးတော့မည်ဟု အရိပ်အမြွက် ပြောကြားနေရခြင်းဖြစ်သည်။

၂။ ယူကရိန်း၏ နည်းပညာအသာစီးရမှု။ ယူကရိန်းသည်လည်း စစ်သားအင်အား ချို့တဲ့ နေသော်လည်း ၎င်းတို့တွင် စက်ရုပ် (ဒရုန်း) များစွာရှိသည်။ ရုရှား၏ တိုးတက်မှုနှေးကွေး နေခြင်းမှာ ယူကရိန်း၏ ဒရုန်းနည်းပညာကြောင့် ဖြစ်သည်။ ဇလန်းစကီးသည် ယခုအခါ စစ်ပွဲကို ဆက်လက်တိုက်ပွဲဝင်ရန် “ အသာစီးရသည့် ကတ်ပြားများ” ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။

နိဂုံး

မော်စကိုသည် နည်းပညာကွာဟချက်ကို လပိုင်းအတွင်း ပြန်လည်ဖြည့်တင်းနိုင်သဖြင့် ယူကရိန်းအနေဖြင့် စောစောစီးစီး အောင်ပွဲခံရန် မသင့်သေးပေ။ သို့သော် အီရန်စစ်ပွဲကြောင့် ကမ္ဘာ့အာရုံစိုက်မှု လျော့နည်းနေသည့်တိုင် ကိ့ဗ်သည် ဒူးထောက်ခြင်းမရှိဘဲ ဆက်လက် ရပ်တည် နေနိုင်သည်။ တစ်ဖက်တွင်လည်း ရုရှား၏ အရင်းအမြစ်များမှာ အကန့်အသတ်မရှိ ဟူသော ပူတင်၏ ယုံကြည်ချက်မှာ မှားယွင်းကြောင်း ဖြည်းဖြည်းချင်း ပေါ်လွင်လာနေသည်။ စစ်ပွဲတိုင်းသည် တစ်နေ့တွင် အဆုံးသတ်ရစမြဲဖြစ်ပြီး ပူတင်သည်လည်း ယင်းအမှန်တရားကို နောက်ဆုံးတွင် မြင်တွေ့သွားပုံရသည်။

စနေနေ့က မော်စကိုမြို့၊ ကရင်မလင်နန်းတော်တွင် ကျင်းပသည့် အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများအတွင်း နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတင်းထောက်များကို လက်ဟန်ခြေဟန်ဖြင့် ရှင်းလင်းပြောကြားနေစဉ်။ (ဓာတ်ပုံ – မက်ဆင် ရှီပင်ကော့ဗ်/အေပီ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ