နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ရုရှား အာဖရိက

သူပုန်များက ပူတင်၏တပ်များကို အရေးပါသော အာဖရိကမြို့တစ်မြို့မှ မောင်းထုတ်၊ ရုရှား၏ ဒေသတွင်းဩဇာ လျော့ပါးလာနေ

CNN-၂၀၂၆ခုနှစ်၊ မေလ ၁၁ရက်

အဘူဂျာ (Abuja) — ပြီးခဲ့သည့်လက မာလီနိုင်ငံမြောက်ပိုင်းရှိ မဟာဗျူဟာမြောက် ခံတပ်မြို့ ဖြစ်သော ကီဒယ် (Kidal) မှ ရုရှားတပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရသည်။ ၎င်းတို့ က နှိမ်နင်းရန် သွားရောက်ခဲ့သည့် သူပုန်များ၏ လှောင်ပြောင်ကျိန်ဆဲမှုများကြားမှ ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး ယင်းသည် နယ်မြေဆုံးရှုံးရုံသာမကဘဲ အခြားအရာများစွာကိုပါ ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

အာဖရိက ဆာဟေးလ် (Sahel) ဒေသ၏ ထိပ်တန်းလုံခြုံရေးမိတ်ဖက်အဖြစ် ရုရှား၏ ကရင်မလင်ကျောထောက်နောက်ခံပြု အာဖရိကတပ်ဖွဲ့ (Africa Corps) ၏ ဆုတ်ခွာမှုမှာ အရှက်ရဖွယ် ထိုးနှက်ချက်ဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ဧပြီလ ၂၅ ရက်နေ့တွင် အယ်လ်ကိုင်ဒါးနှင့် ဆက်နွှယ်သည့် လက်နက်ကိုင်များနှင့် မြောက်ပိုင်း တူအာရက်ဂ် (Tuareg) ခွဲထွက်ရေးသူပုန်များက တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြပြီးနောက် မာလီနိုင်ငံသည် ပရမ်းပတာအခြေအနေသို့ ပိုမိုသက်ဆင်းသွားခဲ့သည်။ ယင်းသူပုန်နှစ်ဖွဲ့၏ ပူးပေါင်းမှုကြောင့် မာလီမြောက်ပိုင်းရှိ စစ်အခြေစိုက်စခန်း အများအပြားကို အလျင်အမြန် သိမ်းပိုက်နိုင်ခဲ့သည်။

ကီဒယ်မြို့တွင် ဝိုင်းရံပိတ်ဆို့ခြင်းခံရပြီးနောက် ဝဂ္ဂနာ (Wagner) အဖွဲ့ကို အစားထိုးကာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် လုပ်ဆောင်နေသည့် အာဖရိကတပ်ဖွဲ့သည် ၎င်းတို့၏ တပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ရေးအတွက် လက်နက်ကိုင်များနှင့် ညှိနှိုင်းခဲ့ရသည်။ ယင်းဖြစ်ရပ်သည် မိတ်ဖက်များကို အကာအကွယ်ပေးနိုင်စွမ်း ရှိသည် ဟူသော ရုရှား၏ ကတိကဝတ်များအပေါ် ကန့်သတ်ချက်များရှိနေကြောင်းကို မီးမောင်း ထိုးပြနေသည်။

ကီဒယ်မြို့သည် မြို့တော် ဘာမာကို (Bamako) ၏ အရှေ့မြောက်ဘက် မိုင် ၁,၀၀၀ ခန့် အကွာတွင် တည်ရှိပြီး ၂၀၂၃ ခုနှစ်တွင် မာလီစစ်တပ်နှင့် ရုရှားကြေးစားစစ်သားများက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ယင်းအောင်ပွဲသည် အာဖရိကရှိ အနောက်အုပ်စု၏ ကြိုးပမ်းမှုများအပေါ် ရုရှား၏ လွှမ်းမိုးမှုကို ပြယုဂ်အဖြစ် ဖော်ပြခဲ့ကြသည်။

မာလီကာကွယ်ရေးဝန်ကြီး လုပ်ကြံခံရမှုနှင့် တုံ့ပြန်မှုများ

မာလီနိုင်ငံသည် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုများနောက်ပိုင်း စစ်အစိုးရက အုပ်ချုပ် နေခြင်းဖြစ်သည်။ ပြင်သစ်တပ်ဖွဲ့များနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များကို နှင်ထုတ်ခဲ့ပြီးနောက် မာလီစစ်အစိုးရသည် လုံခြုံရေးအတွက် မော်စကိုဘက်သို့ လှည့်ခဲ့သည်။ သို့သော် ကီဒယ်မြို့ ကျဆုံးခြင်းက ထိုမဟာဗျူဟာ၏ အားနည်းချက်ကို ဖော်ထုတ်လိုက် သကဲ့သို့ ဖြစ်နေသည်။

ဧပြီလ ၂၆ ရက်နေ့တွင် အာဇာဝပ်လွတ်မြောက်ရေးတပ်ဦး (FLA) က ကီဒယ်မြို့မှ ရုရှားတပ် များ ထာဝရထွက်ခွာရန် သဘောတူညီမှုရရှိခဲ့ပြီး မြို့မှာ “ ယခုအခါ လွတ်လပ်သွားပြီ” ဟု ကြေညာခဲ့သည်။ ထို့နောက်တွင်လည်း မာလီကာကွယ်ရေးဝန်ကြီး ဆာဒီယို ကာမာရာ (Sadio Camara) သည် မြို့တော်အနီးရှိ သူ၏နေအိမ်၌ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြင့် လုပ်ကြံခံခဲ့ရ သည်။ ကာမာရာသည် ရုရှားတွင် စစ်ပညာသင်ကြားခဲ့သူဖြစ်ပြီး မာလီနှင့် ရုရှားအကြား ဆက်ဆံရေးခိုင်မာအောင် လုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ၎င်းသေဆုံးမှုမှာ စစ်အစိုးရအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်။

ရုရှား၏ ကတိကဝတ်များ ပြည့်မီခြင်းမရှိ

ရုရှား၏ အာဖရိကမူဝါဒမှာ များသောအားဖြင့် “ အရင်းအမြစ်များအတွက် လုံခြုံရေးပေးခြင်း” (Security for resources) ဖြစ်သည်။ သို့သော်လည်း ရုရှား၏ လုံခြုံရေးပုံစံမှာ နက်ရှိုင်းလှ သော ဆာဟေးလ်ဒေသ ပဋိပက္ခများအတွက် ရေပေါ်ဆီအဖြေရှာမှုသာဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

ကွန်ရက်အဒီနောဖောင်ဒေးရှင်း (Konrad Adenauer Foundation) မှ အာဖရိကဒေသဆိုင်ရာ အကြီးအကဲ အော့ဖ် လေးဆင်း (Ulf Laessing) က “ မာလီမှာ ရုရှားတွေရဲ့ တစ်ခုတည်းသော အောင်ပွဲက ၂၀၂၃ မှာ ကီဒယ်မြို့ကို သိမ်းနိုင်ခဲ့တာပဲရှိတယ်” ဟု ပြောကြားခဲ့သည်။

ကီဒယ်မြို့ ကျဆုံးခြင်းနှင့် ရုရှားတပ်များ အရှက်တကွဲဆုတ်ခွာခဲ့ရခြင်းမှာ ပူတင်၏ အာဖရိက ရည်မှန်းချက်များအပေါ် သိသာထင်ရှားသော ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်စေခဲ့သည်။

မာလီ၏ ရှေ့ဆက်ရမည့် လမ်းကြောင်း

မလုံခြုံမှုများ ပိုမိုပြင်းထန်လာသည်နှင့်အမျှ မာလီစစ်အစိုးရသည် မဟာဗျူဟာမြောက် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ မာလီ၊ ဘာကီးနားဖားဆိုနှင့် နိုင်ဂျာတို့သည် ဆာဟေးလ်နိုင်ငံများမဟာမိတ် (AES) ကို ဖွဲ့စည်းကာ လုံခြုံရေးအတွက် အချင်းချင်း ပူးပေါင်း ဆောင်ရွက်နေကြသလို တရုတ်နှင့် တူရကီတို့ထံမှလည်း စစ်လက်နက်ပစ္စည်းများ ဝယ်ယူရန် ကြိုးပမ်းနေကြသည်။

သို့သော်လည်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်ပေးမည့် တိုက်ခိုက် ရေး တပ်ဖွဲ့များကို စေလွှတ်ပေးနိုင်သည့် တစ်ခုတည်းသော မိတ်ဖက်မှာ ရုရှားသာ ရှိနေသဖြင့် မာလီအနေဖြင့် ရုရှားနှင့် ဆက်လက်လက်တွဲရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိသလောက် ဖြစ်နေသည်ဟု အော့ဖ် လေးဆင်းက ကောက်ချက်ချခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က မာလီနိုင်ငံမြောက်ပိုင်း၊ ကီဒယ်မြို့ရှိ လမ်းဆုံတစ်ခုတွင် အာဇာဝပ်လွတ်မြောက်ရေးတပ်ဦး (FLA) မဟာမိတ်အဖွဲ့မှ တူအာရက်ဂ် (Tuareg) သူပုန်များ စုရုံးနေစဉ်။ (ဓာတ်ပုံ – Stringer/AFP/Getty Images)

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်ကြီးအတွင်း ကျင်းပသည့် ရုရှား-မာလီ တွေ့ဆုံပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် တက်ရောက်လာစဉ်။ (ဓာတ်ပုံ – Contributor/Getty Images)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ