နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

Virus

Virus နိုင်ငံတကာသတင်း

ကိန်းဂဏန်းများက ဖော်ပြနေသည့် ဟန်တာဗိုင်းရပ်စ်(Hantavirus) အခြေအနေ

CNN – ၂၀၂၆၊ မေလ ၉ ရက်

MV Hondius သင်္ဘောသည် တီနီရိုက်ဖ် (Tenerife) ကျွန်းသို့ ဦးတည်ခုတ်မောင်းနေစဉ်၊ ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ခံနေရသည့် အဆိုပါသင်္ဘော၏ နောက်ဆက်တွဲအခြေအနေများကို မဲလ်လစ်စာ ဘဲလ် (Melissa Bell) က တင်ပြထားပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က MV Hondius အပျော်စီးသင်္ဘောနှင့် ဆက်နွှယ်သူများ ထဲတွင် Hantavirus ကူးစက်ခံရသူ ၅ ဦးရှိကြောင်း အတည်ပြုပြီးနောက်၊ နိုင်ငံအများအပြားရှိ ကျန်းမာရေးတာဝန်ရှိသူများသည် ကူးစက်မှုကို ခြေရာခံထိန်းချုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။

ပုံမှန်အားဖြင့် ဤဗိုင်းရပ်စ်သည်  (ကြွက်ကဲ့သို့သော)ကိုက်ဖြတ်သတ္တဝါများ နှင့် ဆက်စပ် နေသော်လည်း၊ ယခုသင်္ဘောပေါ်တွင်မူ လူအချင်းချင်း ကူးစက်ခြင်း ဖြစ်နိုင်ခြေရှိကြောင်း WHO က ဆိုသည်။ ဧပြီလ ၁၁ ရက်နေ့မှစ၍ သင်္ဘောပေါ်မှ လူ ၃ ဦး သေဆုံးခဲ့ပြီး အနည်း ငယ်မှာ ဖျားနာနေကြသည်။

အဆိုပါ ကူးစက်မှုအခြေအနေကို မေလ ၂ ရက်နေ့တွင် WHO ထံသို့ ပထမဆုံး သတင်းပို့ ခဲ့ခြင်း ဖြစ်ပြီး အများပြည်သူအတွက်မူ စိုးရိမ်ရသည့်အဆင့် (Low risk) တွင်သာ ရှိနေသေး ကြောင်း အဖွဲ့က ပြောကြားခဲ့သည်။ အခြေအနေကို သိရှိနားလည်သူတစ်ဦး၏ အဆိုအရ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ၎င်းတို့၏ Hantavirus တုံ့ပြန်မှုအဆင့်ကို အနိမ့်ဆုံး အရေးပေါ်အဆင့်ဖြစ်သည့် Level 3 အဖြစ် သတ်မှတ်ထားသည်။

စပိန်အာဏာပိုင်များသည် ကနေရီကျွန်းစုရှိ တီနီရိုက်ဖ်ဆိပ်ကမ်း၌ သင်္ဘောဆိုက်ကပ်ပြီး နောက် ရောဂါဗေဒဆိုင်ရာ အပြည့်အဝစုံစမ်းစစ်ဆေးခြင်းနှင့် သင်္ဘောကို ပိုးသတ်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါဆိပ်ကမ်းသည် ခရီးသည်များ ဘေးကင်းစွာ ဆင်းသက်နိုင်ရန် သင့်လျော်သော အခြေအနေရှိကြောင်း WHO က ယူဆထားသည်။

ယခုအချိန်အထိ ရရှိထားသော ကိန်းဂဏန်းအသေးစိတ် အချက်အလက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိသူ မည်မျှရှိသနည်း။

၁၄၇ ဦး- Oceanwide Exploration ၏ အဆိုအရ သောကြာနေ့အထိ MV Hondius သင်္ဘောပေါ်တွင် ခရီးသည် ၈၇ ဦးနှင့် သင်္ဘောသား ၆၀ ဦး၊ စုစုပေါင်း ၁၄၇ ဦး ရှိနေသည်။

၂၄ နိုင်ငံ- သင်္ဘောပေါ်တွင် အမေရိကန်နိုင်ငံသား ၁၇ ဦး အပါအဝင် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ လူများ ပါဝင်သည်။

၈၈ ဦး-(လေယာဉ်စီးခရီးသည်)- သင်္ဘောပေါ်တွင် လိုက်ပါခဲ့ပြီးနောက် မသေဆုံးမီ စိန့်ဟယ်လီနာ (Saint Helena) မှ ဂျိုဟန်နက်စ်ဘတ်သို့ ဧပြီ ၂၅ ရက်နေ့က Airlink လေယာဉ်ဖြင့် လိုက်ပါသွားခဲ့သော ဒတ်ချ်အမျိုးသမီးတစ်ဦးနှင့် ဆက်စပ်၍၊ အဆိုပါ လေယာဉ်ပေါ်ပါ ခရီးသည် ၈၂ ဦးနှင့် လေယာဉ်အမှုထမ်း ၆ ဦးတို့ကို အာဏာပိုင်များက ထပ်မံခြေရာခံလျက်ရှိသည်။

ဒုတိယလေယာဉ်- နယ်သာလန်အာဏာပိုင်များသည် ဂျိုဟန်နက်စ်ဘတ်တွင် အဆိုပါဒတ်ချ် အမျိုးသမီး ခေတ္တတက်ရောက်ခဲ့သည့် ဒုတိယမြောက်လေယာဉ် (KL592) ပေါ်မှ ခရီးသည် အရေအတွက် အချို့ကိုလည်း ဆက်သွယ်ထားကြောင်း KLM က ပြောကြားသည်။ သူမသည် လေယာဉ်မထွက်ခွာမီ ဖျားနာလွန်းသဖြင့် ပြန်ဆင်းသွားခဲ့ခြင်းဖြစ်သည်။ လက္ခဏာပြခဲ့သော လေယာဉ်အမှုထမ်းတစ်ဦးတွင် ဗိုင်းရပ်စ်မရှိကြောင်း (Negative) စစ်ဆေးတွေ့ရှိရသည်ဟု WHO က CNN သို့ ပြောကြားခဲ့သည်။

ယူကေနိုင်ငံသားများ- ဗြိတိန်ကျန်းမာရေးအာဏာပိုင်များက သောကြာနေ့တွင် ယူကေ နိုင်ငံသား ၂ ဦး၌ Hantavirus ရှိကြောင်း အတည်ပြုခဲ့ပြီး၊ Tristan da Cunha ကျွန်းတွင် သင်္ဘောပေါ်မှ ဆင်းသက်သွားခဲ့သည့် ဗြိတိန်နိုင်ငံသားတစ်ဦးတွင်လည်း ရောဂါပိုးရှိနိုင်သည် ဟု သံသယရှိနေသည်။

ဆွစ်ဇာလန်- ဧပြီလကုန်ပိုင်းက MV Hondius ပေါ်မှ ဆင်းသက်ခဲ့ပြီး လက်ရှိတွင် ဆွစ်ဆေးရုံ တစ်ခု၌ ကုသမှုခံယူနေသည့် ခရီးသည်တစ်ဦးနှင့် ထိတွေ့ခဲ့သူများကို ဆွစ်အာဏာပိုင်များက ခြေရာခံနေသည်။ အတူလိုက်ပါခဲ့သည့် ၎င်း၏ဇနီးတွင်မူ လက္ခဏာမတွေ့ရသေးဘဲ ကြိုတင် ကာကွယ်မှုအဖြစ် သီးသန့်ခွဲနေထိုင်လျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု- အရီဇိုးနား၊ ကယ်လီဖိုးနီးယား၊ ဂျော်ဂျီယာ၊ တက္ကဆက်နှင့် ဗာဂျီးနီးယား ပြည်နယ် ၅ ခုရှိ တာဝန်ရှိသူများက သင်္ဘောပေါ်မှ ဆင်းသက်ခဲ့သူ ၇ ဦးကို စောင့်ကြည့်လျက်ရှိသည်။ ၎င်းတို့တွင် ရောဂါလက္ခဏာ မတွေ့ရသေးကြောင်း ဆိုသည်။ နယူးဂျာစီပြည်နယ်တွင် ထိတွေ့မှုရှိသူ ၂ ဦးနှင့် အယူတား (Utah) ပြည်နယ်တွင် အနည်းဆုံး ခရီးသည် ၁ ဦးရှိကြောင်း သိရသည်။

အခြားနိုင်ငံများ- အာဏာပိုင်များသည် ဧပြီလကုန်ပိုင်းက စိန့်ဟယ်လီနာကျွန်းတွင် ဆင်းသက် ခဲ့သည့် ခရီးသည် ၃၀ ဦးနှင့် ရောဂါကူးစက်မှုကို အပြည့်အဝမသိရှိမီ အခြားဆိပ်ကမ်းများမှ တစ်ဆင့် နိုင်ငံအသီးသီးသို့ ထွက်ခွာသွားသူများကိုလည်း လိုက်လံစုံစမ်းလျက်ရှိသည်။

မေလ ၆ ရက်နေ့က ကိပ်ဗာဒီနိုင်ငံ (Cape Verde)၊ ပရာရာ (Praia) ဆိပ်ကမ်းအလွန်မှာ ဆိုက်ကပ်ထားတဲ့ MV Hondius အပျော်စီးသင်္ဘောရဲ့ မြင်ကွင်းဟာ ကမ္ဘာတစ်ဝှမ်းက သတင်းဌာနတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။

ကျန်းမာရေးဝန်ထမ်းများက မေလ ၆ ရက်နေ့တွင် Cape Verde ရှိ Praia ဆိပ်ကမ်းအနီး၌ MV Hondius သင်္ဘောပေါ်မှ လူနာများကို လှေပေါ်သို့ ကူညီတင်ဆောင်ပေးနေစဉ်။ (AFP/Getty Images)(ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက