နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 11 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

-ယခုနှစ် မော်စကိုမြို့၏ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားသည် ယခင်နှစ်များနှင့်မတူဘဲ အလွန်ထူးခြားနေခဲ့သည်။

စတိဗ် ရိုဆင်ဘာ့ဂ်ရေးသားသည်

BBC- ၂၀၂၆ခုနှစ်၊မေလ (၁၀)ရက်

ကျွန်တော် ရင်ပြင်နီ (Red Square) ပေါ်က အောင်ပွဲနေ့စစ်ရေးပြပွဲ အတော်များများကို တက်ရောက်ဖူးပါသည်။ သို့သော် ယခုနှစ်၏ အခမ်းအနားမှာမူ ယခင်နှစ်များနှင့် လုံးဝကွဲပြားခြားနားနေသည်ဟု ခံစားရသည်။

ယခင်နှစ်များကဆိုလျှင် စိန့်ဘာဆေးလ် ကသီဒြယ် (St Basil’s Cathedral) အနီးမှာ ရပ်လေ့ရှိသည့် မီဒီယာဘတ်စ်ကားပေါ်ကနေ ဆင်းပြီးတာနဲ့ ရင်ပြင်ဘေးက သတင်းထောက်များနေရာမှာ နေရာကောင်းရဖို့ အပြေးအလွှား သွားကြရသည်။

ယခုနှစ်မှာတော့ ထိုသို့ ပြေးလွှားနေရန် မလိုအပ်တော့ပါ။ သတင်းထောက် အနည်းငယ်သာ တက်ရောက်ကြပြီး၊ နိုင်ငံတကာသတင်းဌာန အတော်များများကိုလည်း တက်ရောက်ခွင့် မပြုခဲ့ပေ။

ကျွန်တော် ရင်ပြင်နီပေါ်က သတ်မှတ်နေရာကို ရောက်သွားချိန်မှာတော့ ရုရှားရုပ်သံ အဖွဲ့ တစ်ဖွဲ့က ကျွန်တော့်ဆီ ရောက်လာပြီး ဗီဒီယိုရိုက်ပါတော့သည်။ “စတိဗ်၊ ခင်ဗျား ရှိနေတာဟာ နိုင်ငံခြားမီဒီယာတွေကို တက်ရောက်ခွင့်ပေးထားတယ်ဆိုတဲ့ သက်သေပဲ” ဟု ထိုသတင်းထောက်က ပြုံးရွှင်စွာ ပြောသည်။ “မဟုတ်သေးဘူးလေ၊ တခြားဘယ်သူ့ကိုမှ ကျွန်တော်မမြင်မိဘူး” ဟု ကျွန်တော်က ပြန်ဖြေလိုက်သည်။

မည်သို့ပင်ဖြစ်စေ ၂၀၂၆ ခုနှစ်၏ အောင်ပွဲနေ့စစ်ရေးပြပွဲက မည်သို့ရှိမည်ကို ကိုယ်တိုင် မြင်တွေ့ခွင့်ရသည့်အတွက် ကျွန်တော် ဝမ်းသာပါသည်။ သတင်းထောက်များ နည်းပါး သွားသည့်အပြင် ပွဲကြည့်စင်ပေါ်က ဧည့်သည်များလည်း နည်းပါးနေပြီး၊ ဤခမ်းနားသည့်ပွဲကို လာရောက်ကြည့်ရှုသည့် ကမ္ဘာ့ခေါင်းဆောင်များလည်း အနည်းငယ်သာ ရှိတော့သည်။

သို့သော် အကြီးမားဆုံး ကွာခြားချက်မှာ စစ်ရေးပြပွဲ စတင်ချိန်တွင် သိသိသာသာ ပေါ်လွင်လာခဲ့သည်။

ပြသနေကျ တင့်ကားများ၊ ဒုံးပစ်စင်များ၊ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ တစ်ခုမှ မရှိ တော့ပေ။ နိုင်ငံတကာစင်မြင့်ထက်တွင် ရုရှား၏ စစ်အင်အားကို ပြသရန် ကရင်မလင်က အမြဲထုတ်ဖော်ပြသလေ့ရှိသည့် စစ်လက်နက်ပစ္စည်းများ လုံးဝပါဝင်မလာခဲ့ပါ။

၎င်းမှာ ယခုနှစ် စစ်ရေးပြပွဲကို အကျဉ်းချုံး ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖြစ်သည် (ထို့ကြောင့် ဧည့်သည်နှင့် သတင်းထောက် နည်းပါးခြင်းဖြစ်သည်)။ ယူကရိန်းက ရင်ပြင်နီကို ဒရုန်းများဖြင့် တိုက်ခိုက်လာနိုင်သည်ဟူသော လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အာဏာပိုင်များက အကြောင်းပြခဲ့ကြသည်။

ရုရှား၏ အင်အားကို ပြသရန် အမြဲတမ်း စနစ်တကျ စီစဉ်လေ့ရှိသည့် ဤစစ်ရေးပြပွဲကို သမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် လျှော့ချကျင်းပရန် ဝန်လေးနေမည်မှာ သေချာပါသည်။ သို့သော် ယူကရိန်း၏ တိုက်ခိုက်မှုဒဏ်ကို ကြောက်ရွံ့ရခြင်းကပင် ဤအပြောင်းအလဲကို ဖြစ်စေခဲ့သည်။

နောက်ဆုံးတွင်တော့ စစ်ရေးပြပွဲသည် မည်သည့် ပြဿနာမျှမရှိဘဲ ပြီးဆုံးသွားခဲ့သည်။ မည်သည့်တိုက်ခိုက်မှုမျှ မရှိခဲ့ပေ။ ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ပေးထားသည့် မော်စကိုနှင့် ကိယက်ဗ် (Kyiv) ကြား နောက်ဆုံးမိနစ် အပစ်အခတ်ရပ်စဲရေးက ထိုအန္တရာယ်ကို လျှော့ချပေးခဲ့ခြင်းဖြစ်သည်။

သောကြာနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားကို စစ်ရေးပြပွဲ ကျင်းပရန် “ခွင့်ပြုကြောင်း” အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ခဲ့သည်။ ယူကရိန်း၏ ထိုသို့ လှောင်ပြောင်မှု ကိုတော့ မော်စကိုဘက်က သဘောမကျခဲ့ပေ။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရုရှားအနေဖြင့် အောင်ပွဲနေ့စစ်ရေးပြပွဲ ကျင်းပရန် မည်သူ့ခွင့်ပြုချက်မျှ မလိုကြောင်း တုံ့ပြန်ခဲ့သည်။

အထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် စစ်လက်နက်ပစ္စည်းများကကော အဘယ်မှာနည်း?

၎င်းတို့ကို ရင်ပြင်ပေါ်တွင် ကျွန်တော်တို့ မတွေ့ရသော်လည်း ဖန်သားပြင်ပေါ်တွင်တော့ မြင်တွေ့ခဲ့ရသည်။ ဒုံးပစ်စင်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများ၊ ရေငုပ်သင်္ဘောများနှင့် အခြားသော စစ်လက်နက်ပစ္စည်းများကို ရင်ပြင်နီတွင် တပ်ဆင်ထားသည့် ဧရာမ ဖန်သားပြင်ကြီးများပေါ်တွင် ဗီဒီယိုများအဖြစ် ပြသခဲ့ကြသည်။

စစ်လက်နက်ပစ္စည်းများကို လူကိုယ်တိုင် လာရောက်ပြသရန် မဖြစ်နိုင်တော့ပါက ဗီဒီယိုဖြင့် ပြသခြင်းသည် အကောင်းဆုံးနည်းလမ်းဟု ကရင်မလင်က ဆုံးဖြတ်ခဲ့ပုံရသည်။

“ကျွန်တော်တို့ဟာ အမြဲတမ်း အောင်နိုင်သူတွေဖြစ်ခဲ့သလို၊ နောင်လည်း အောင်နိုင်သူတွေ ဖြစ်နေဦးမှာပါ” ဟု သမ္မတ ပူတင်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆိုဗီယက်ယူနီယံသည် လွန်ခဲ့သော ၈၁ နှစ်က အောင်ပွဲခံခဲ့သည်။ ၁၉၄၅ ခုနှစ်၏ “ကြီးကျယ်သော အောင်ပွဲ” ဟု ခေါ်ဆိုသည့် ကျူးကျော်သူကို တွန်းလှန်အနိုင်ယူနိုင်ခဲ့မှုကို ရုရှားတို့ အမှန်တကယ် ဂုဏ်ယူနိုင်ပါသည်။ ၎င်းကိုပင် ယနေ့ ရင်ပြင်နီ၌ ဆင်နွှဲခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ယူကရိန်းစစ်ပွဲမှာမူ အလွန်ကွဲပြားခြားနားသည့် စစ်ပွဲတစ်ခု ဖြစ်သည်။ ရုရှားသည် လွန်ခဲ့သော လေးနှစ်ကျော်ကတည်းက ယူကရိန်းကို ကျူးကျော်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ ရုရှားအတွက် အောင်ပွဲရမည့် အရိပ်အယောင်မှာမူ လုံးဝမရှိသေးပေ။

အောင်ပွဲနေ့စစ်ရေးပြပွဲအခန်းအနားတက်ရောက်လာသည့်သမတပူတင် (ပုံ)။

မော်စကို ရင်ပြင်နီတွင် အကျဉ်းချုံးကျင်းပသည့် အောင်ပွဲနေ့စစ်ရေးပြပွဲ(စတိဗ် ရိုဆင်ဘာ့ဂ် )(ပုံ)။

ရုရှားစစ်မှုထမ်းများ အောင်ပွဲနေ့စစ်ရေးပြအခမ်းအနားတွင် စုဝေးရောက်ရှိနေစဉ်(ပုံ)။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 57 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 61 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 64 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 66 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 60 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 77 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 68 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက