နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်လာသည်နှင့်အမျှ လောင်စာဆီသိုလှောင်ကန်များနှင့် ရေနံတင်သင်္ဘောများ ပစ်မှတ်ထားခံနေရ –

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်

လက်ရှိအခြေအနေများ

အမေရိကန်-အစ္စရေးတို့နှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲသည် ပင်လယ်ပြင်သို့ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်သည်။ အီရန်၏ တိုက်ခိုက်မှုများကြောင့် ရေနံတင်သင်္ဘောများ ထိမှန်ခြင်း၊ အိုမန်ဆိပ်ကမ်းတစ်ခု မီးလောင်ကျွမ်းခြင်းနှင့် ကမ္ဘာ့ရေနံအများစုကို သယ်ယူ ပို့ဆောင်ရာတွင် အသုံးပြုသည့် အရေးပါသော ဟော်မုဇ်ရေလက်ကြားအနီးတွင် သင်္ဘော သုံးစင်း ဒုံးကျည်များဖြင့် အပစ်ခတ်ခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ရေနံပြတ်လပ်မှုဒဏ်ကို လျှော့ချနိုင်ရန် အရေးပေါ် ရေနံအရန်သိုလှောင်မှုများကို ထုတ်ပေးရန် သဘောတူညီခဲ့ကြသည်။ နောက်ဆုံးရ သတင်းခေါင်းကြီးပိုင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

ရေနံကို ပစ်မှတ်ထားတိုက်ခိုက်မှုများ – အီရတ်ရေပိုင်နက်အတွင်းရှိ နိုင်ငံခြား ရေနံတင် သင်္ဘော နှစ်စင်းသည် အီရန်၏ တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး အခြားအမှုထမ်း ၃၈ ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။ သီးခြားဖြစ်ရပ်တစ်ခုအဖြစ် အိုမန်နိုင်ငံရှိ လောင်စာဆီသိုလှောင်ရုံတစ်ခုတွင် မီးလောင်မှုကို အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့များ ငြှိမ်းသတ်နေကြရသည်။ CNN က တည်နေရာအတည်ပြုထားသည့် လူမှုကွန်ရက် ဗီဒီယိုတစ်ခုတွင် အီရန်ဒရုန်းတစ်စင်းသည် ဆိပ်ကမ်းရှိ ဆီကန်တစ်ခုကို ဝင်တိုက်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် ဘာရိန်းနိုင်ငံမြောက်ပိုင်းရှိ လောင်စာဆီသိုလှောင်ကန်များကိုလည်း အီရန်က ကြာသပတေးနေ့ ဒေသစံတော်ချိန် အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း ဘာရိန်းက ပြောကြားခဲ့သည်။

ရေလက်ကြားအနီး တိုက်ခိုက်မှုများ – ဗြိတိန်ရေကြောင်းအေဂျင်စီ၏ အဆိုအရ ဟော်မုဇ် ရေလက်ကြားအနီးတွင် သင်္ဘောသုံးစင်း ဒုံးကျည်များဖြင့် ထိမှန်ခြင်းခံခဲ့ရသည်။ အဆိုပါ ရေလက်ကြားသည် ကမ္ဘာ့ရေနံစိမ်း တင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ နေရာဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကမ်းလွန်ရှိ ကုန်သေတ္တာ တင်သင်္ဘောတစ်စင်း ကိုလည်း “ အမျိုးအမည်မသိ ဒုံးကျည်” တစ်စင်း ထိမှန်ခဲ့သဖြင့် ကြာသပတေးနေ့ အစောပိုင်း တွင် သင်္ဘောပေါ်၌ မီးအနည်းငယ် လောင်ကျွမ်းခဲ့သည်။ G7 နိုင်ငံများမှ ကိုယ်စားလှယ်များ သည် “ လုံခြုံရေး အခြေအနေ ခွင့်ပြုသည့်အချိန်တွင်” သင်္ဘောများကို လုံခြုံရေးလိုက်ပါ စောင့်ရှောက်ပေးရန် ကိစ္စကို ဗုဒ္ဓဟူးနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အီရန်၊ ဟစ်ဇ်ဘိုလာနှင့် အစ္စရေး – အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ၎င်းတို့သည် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ အစ္စရေးနိုင်ငံပေါ်သို့ ဗုဒ္ဓဟူးနေ့က ၅ နာရီကြာ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ပစ်မှတ်ပေါင်း ၅၀ ကျော်ကို တိုက်ခိုက် ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတစ်ဝန်းရှိ မြို့တော်ဘေရွတ်အပါအဝင် ဟစ်ဇ်ဘိုလာတို့၏ အခြေခံအဆောက်အအုံများကို ပစ်မှတ် ထား၍ “ အကြီးစား” တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများ – အီရန်၏ အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများသည် ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် အီရန်၏ ဒရုန်းနှင့် ဒုံးကျည်အသစ်များကို ကြားဖြတ်ဟန့်တား ခဲ့ကြ သည်။ ယင်းတို့အထဲတွင် UAE ၏ ကမ္ဘာ့စီးပွားရေးဗဟိုချက်ဖြစ်သော ဒူဘိုင်းမြို့လည်း ပါဝင်ပြီး၊ ဒရုန်းတစ်စင်းသည် ဇိမ်ခံရပ်ကွက်တစ်ခုဖြစ်သည့် Creek Harbour အနီးရှိ အဆောက်အအုံတစ်ခုပေါ်သို့ ကျရောက်ခဲ့သည်။

အရေးပေါ် ရေနံအရန်သိုလှောင်မှုများ – နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင်နိုင်ငံ များသည် ဗုဒ္ဓဟူးနေ့တွင် ရေနံစည်ပေါင်း သန်း ၄၀၀ ကို ကမ္ဘာ့ဈေးကွက်သို့ ထုတ်ပေးရန် သဘောတူညီခဲ့ကြသည်။ ၎င်းမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အရေးပေါ် ရေနံ ထုတ်ပေးမှု ဖြစ်သည်။ ထို့နောက် မကြာမီမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏ မဟာဗျူဟာမြောက် ရေနံအရန်သိုလှောင်ရုံ (Strategic Petroleum Reserve) မှ ရေနံစည်ပေါင်း ၁၇၂ သန်းကို လာမည့်အပတ်မှစတင်၍ ထုတ်ပေးရန် ခွင့်ပြုခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “