နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပုံ

BBC – ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်

“ Operation Epic Fury” ဟု အမည်ပေးထားသော စစ်ဆင်ရေးစတင်ခဲ့သည်မှာ နှစ်ပတ်ရှိလာ ပြီဖြစ်ပြီး ၎င်း၏ နောက်ဆက်တွဲအကျိုးဆက်များကို ကမ္ဘာတစ်ဝှမ်းလုံးတွင် ခံစားနေကြ ရပြီဖြစ်သည်။

အီရန်နိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်များ၊ ရေတပ်နှင့် နျူကလီးယားလက်နက် ထုတ်လုပ်ရန် ရည်မှန်း ချက်များကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်သည့် ဤစစ်ဆင်ရေးသည် ဒေသတွင်း တည်ငြိမ်မှု နှင့် ကမ္ဘာ့စီးပွားရေးကို ခြိမ်းခြောက်နေသည့် အကျပ်အတည်းတစ်ခုကို ဖြစ်ပေါ် စေခဲ့သည်။ ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အီရန်အစိုးရ သည် ယခုတိုင် အာဏာတည်မြဲနေဆဲဖြစ်ပြီး အန္တရာယ်ရှိသော နည်းလမ်းသစ်များဖြင့် တုံ့ပြန် တိုက်ခိုက်လျက်ရှိသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “ ကာလတို စစ်ပွဲတစ်ခု” ဟု တင်စားခဲ့သည့် ဖြစ်ရပ်၏ နောက်ဆက်တွဲရိုက်ခတ်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်ချောက်ချား နေရသည်။ သမ္မတထရန့်၏ “ မိမိတို့အစိုးရကို ပြန်လည်သိမ်းပိုက်ကြရန်” ဟူသော တိုက်တွန်း မှုကို ရရှိထားသည့် အီရန်ပြည်သူများအတွက်မူ ယခုအချိန်သည် အလွန်အမင်း စိတ်ဒဏ်ရာ ရဖွယ် ကာလများ ဖြစ်နေသည်။

အီရန် – မတည်ငြိမ်သောဒေသအတွင်းမှ ခိုင်မာသောအင်အားစု

အီရန်သည် ထူးခြားသော စိန်ခေါ်မှုများလုပ်နိုင်သည့် နိုင်ငံဖြစ်သည်။ ၎င်းသည် အိမ်နီးချင်း အီရတ်နှင့် အာဖဂန်နစ္စတန် နှစ်နိုင်ငံပေါင်းထက်ပင် ပိုမိုကျယ်ဝန်းသည်။ အဆိုပါ နှစ်နိုင်ငံ လုံးတွင် အမေရိကန်၏ ကြားဝင်စွက်ဖက်မှုများသည် ရှုပ်ထွေးမှုများရှိခဲ့ပြီး နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။

အီရန်၏ စစ်ရေးပိုင်ဆိုင်မှုများ (ဥပမာ- နျူကလီးယားစီမံကိန်း အစိတ်အပိုင်းများ) သည် ကျယ်ပြန့်လှသော နိုင်ငံအနှံ့အပြားတွင် ပျံ့နှံ့တည်ရှိနေပြီး အချို့မှာ တောင်တန်းများအောက်ရှိ မြေအောက်ဗုံးခိုကျင်းများထဲတွင် နက်ရှိုင်းစွာ မြှုပ်နှံထားခြင်းဖြစ်သည်။ ၎င်း၏ လူဦးရေ သန်း ၉၀ ကျော်သည် ကွဲပြားခြားနားကြပြီး လူဦးရေတစ်ဝက်မှာ ပါရှန်းလူမျိုးများ ဖြစ်သော်လည်း အဇာဘိုင်ဂျန်၊ ကာ့ဒ် နှင့် အာရပ် အစရှိသည့် လူနည်းစုပေါင်းစုံလည်း ပါဝင်သည်။

၁၉၇၉ ခုနှစ်ကတည်းက အာဏာရယူထားသော အစ္စလာမ္မစ်အစိုးရသည် ဝါဒရေးရာအရ စည်းလုံးမှုရှိပြီး စနစ်တကျ ဖွဲ့စည်းထားသော အင်အားစုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလမှစ၍ အစ္စရေး၏ လေးကြိမ်တိုင်တိုင် တိုက်ခိုက်မှုနှင့် အမေရိကန်၏ တစ်ကြိမ်တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း၊ ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော လူထုဆန္ဒပြပွဲများကို ရက်ရက် စက်စက် နှိမ်နင်းခြင်းအားဖြင့် ၎င်းတို့၏ အာဏာစက်ကို ကြောက်မက်ဖွယ် ပြသခဲ့ပြီး ဖြစ်သည်။

ဒေသတွင်းသို့ ပဋိပက္ခများ လျင်မြန်စွာ ကူးစက်လာခြင်း

စစ်ပွဲကို အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်များ၊ ဒုံးကျည်များနှင့် ဒရုန်းများကို အကြီး အကျယ် တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့သည်။ ပါရှန်းပင်လယ်ကွေ့အတွင်းနှင့် ပတ်ဝန်းကျင်ရှိ အီရန်သင်္ဘော ဒါဇင်ပေါင်းများစွာ နစ်မြုပ်ခဲ့ရသည်။ စစ်ပွဲပထမနေ့မှာပင် အီရန်၏ အမြင့်ဆုံး ခေါင်းဆောင် အယာတိုလာ အလီခါမေနီ နှင့် အစိုးရအဖွဲ့၏ အဓိကပုဂ္ဂိုလ် အများအပြား သေဆုံးခဲ့သည်။

ပဋိပက္ခသည် လျင်မြန်စွာ အရှိန်မြင့်လာပြီး အီရန်က အစ္စရေးနှင့် ဒေသတွင်းရှိ အမေရိကန် အခြေစိုက်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ ပဋိပက္ခတွင် ပါဝင်လိုခြင်းမရှိသည့် ပင်လယ်ကွေ့နိုင်ငံများလည်း တိုက်ခိုက်မှုများ၏ ပစ်မှတ်အတွင်း ရောက်ရှိခဲ့ရသည်။

လက်ဘနွန်တွင်လည်း အစ္စရေးနှင့် အီရန်၏ မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့တို့အကြား ၂၀၂၄ ခုနှစ် နိုဝင်ဘာလက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီး တိုက်ပွဲများ ပြန်လည် ပြင်းထန်လာခဲ့သည်။ စစ်မီးသည် အရှေ့အလယ်ပိုင်းအပြင်ဘက်သို့ပါ ကူးစက်ခဲ့သည်။

ဆိုက်ပရပ်စ်ကျွန်းရှိ ဗြိတိသျှ တော်ဝင်လေတပ်စခန်း (RAF Akrotiri) တိုက်ခိုက်ခံခဲ့ရသလို၊ သီရိလင်္ကာကမ်းလွန်တွင် ခုတ်မောင်းနေသော အီရန်သင်္ဘောတစ်စီးကို အမေရိကန် ရေငုပ်သင်္ဘောက နှစ်မြှုပ်ခဲ့သည်။ တူရကီနိုင်ငံဘက်သို့ ပစ်လွှတ်သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခဲ့ရပြီး၊ အဇာဘိုင်ဂျန်နိုင်ငံအတွင်း တိုက်ခိုက်မှုများအတွက် ဒရုန်းများကို အသုံးပြုခဲ့သည်။

“ စစ်ပွဲဆိုတာ နယ်စပ်စည်းတွေအတွင်းထဲမှာပဲ သပ်သပ်ရပ်ရပ် ငြိမ်နေတာမျိုး မဟုတ်ပါဘူး။” ဟု တွမ်ဖလက်ချာ(Tom Fletcher) (ကုလသမဂ္ဂ အရေးပေါ်ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး)က မတ်လ ၁၁ ရက်နေ့တွင်ဆိုခဲ့သည်။

မျှော်လင့်ချက်မှသည် ထိတ်လန့်ကြောက်ရွံ့မှုများဆီသို့

ဇန်နဝါရီလအတွင်း အစိုးရတပ်ဖွဲ့များ၏ ဆန္ဒပြသူများကို သတ်ဖြတ်နေမှုများကြားတွင် အီရန်ပြည်သူများသည် သမ္မတထရန့်၏ “ အကူအညီတွေ လာနေပါပြီ” ဟူသော ကတိစကား ကို ကြားခဲ့ရသည်။ ဖေဖော်ဝါရီလကုန်တွင် အမှန်တကယ် စစ်ပွဲစတင်လာသောအခါ အချို့က ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်ခဲ့ကြသည်။ အမြင့်ဆုံးခေါင်းဆောင် သေဆုံးသွားသည့် သတင်း ကြောင့် အီရန်ပြည်သူများ အောင်ပွဲခံနေသည့် ဗီဒီယိုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် အရပ်သားသေဆုံးမှု မြင့်တက်လာသည်နှင့်အမျှ မျှော်လင့်ချက်များသည် ကြောက်ရွံ့ တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားခဲ့သည်။ မီနက်ဘ် (Minab) မြို့ရှိ မူလတန်း ကျောင်း တစ်ကျောင်း တိုက်ခိုက်ခံရမှုတွင် အနည်းဆုံး လူပေါင်း ၁၆၀ သေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ် များ ဖြစ်ကြသည်။ တယ်ဟီရန် အရှေ့ပိုင်းရှိ တိုက်ခန်းတွဲတစ်ခု ပျက်စီးသွားရာ တွင်လည်း အသက်ရှင်ကျန်ရစ်သူများကို အသည်းအသန် ရှာဖွေခဲ့ကြရသည်။

မြို့ကြီးများကို စွန့်ခွာ၍ ကျေးလက်တောရွာများတွင် ခိုလှုံနေကြသော အီရန်နိုင်ငံသားများနှင့် အာဖဂန်ဒုက္ခသည်များ အပါအဝင် လူပေါင်း ၃.၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြ ရသည်ဟု ကုလသမဂ္ဂက ဆိုသည်။ လက်ဘနွန်တောင်ပိုင်းတွင်လည်း အစ္စရေး၏ ဘေးလွတ် ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးမှုကြောင့် အရပ်သား အနည်းဆုံး ၈ သိန်းခန့် အိုးအိမ်စွန့်ခွာ ခဲ့ရသည်။

ဤစစ်ပွဲသည် တိုက်ခိုက်မှုကို စတင်သူများအတွက်လည်း နာကျင်မှုမရှိဘဲ ပြီးဆုံးသွားသည် တော့ မဟုတ်ပေ။ အမေရိကန်နှင့် အစ္စရေးတို့သည် စစ်သည်အင်အား အနည်းငယ် ဆုံးရှုံး ခဲ့ရသည်။ မတ်လ ၁ ရက်နေ့က အီရန်ပဲ့ထိန်းဒုံးကျည်တစ်စူး ဘိတ်ရှီးမက်ရှ် (Beit Shemesh) မြို့ရှိ ဗုံးခိုကျင်းတစ်ခုကို ထိမှန်ခဲ့ရာ အစ္စရေးအရပ်သား ၉ ဦး သေဆုံးခဲ့ရသည်။

“ အကြီးမားဆုံး ကြောက်ရွံ့မှုကတော့ ဒီဒုက္ခအားလုံးကို ခံစားပြီးတဲ့နောက်မှာတောင် ဘာသာရေးခေါင်းဆောင်တွေက အာဏာဆက်မြဲနေပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံက ဆက်ပြီး အုပ်ချုပ်နေမှာကိုပါပဲ” ဟု အီရန်နိုင်ငံ၊ ကာရက်ဂျ်မြို့မှ အမျိုးသမီးတစ်ဦးကဆိုသည်။

ဒရုန်းများနှင့် နည်းပညာနိမ့်လက်နက်များ၏ စိန်ခေါ်မှုကို ခံနေရသော အမေရိကန်၏ ခံနိုင်ရည်

အမေရိကန်သည် ၂၀၀၃ ခုနှစ် အီရတ်ကျူးကျော်စစ်နောက်ပိုင်း အကြီးမားဆုံးသော စစ်အင်အားကို ရက်သတ္တပတ်ပေါင်းများစွာ အချိန်ယူ စုဖွဲ့ခဲ့သည်။ ယင်းတွင် လေယာဉ်တင် သင်္ဘော အုပ်စုနှစ်စုနှင့် လေယာဉ်အမြောက်အမြား ပါဝင်သည်။ အစ္စရေးနှင့် အမေရိကန် တို့သည် လူသားတို့ သိရှိသမျှ လက်နက်မျိုးစုံကို ပိုင်ဆိုင်ထားကြပြီး အီရန်၏ ကာကွယ်ရေး စနစ်များကို ဝေးကွာသောနေရာမှ တိကျစွာ ချေမှုန်းနိုင်စွမ်း ရှိကြသည်။

“ ဒါဟာ ဘယ်တုန်းကမှ တရားမျှတတဲ့ တိုက်ပွဲဖြစ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး” ဟု

ပိ့ဟက်ဂျ်ဆက် (အမေရိကန် ကာကွယ်ရေးဝန်ကြီး)ကဆိုသည်။

အီရန်တွင် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းလက်ကျန်များစွာ ရှိနေသေးသော်လည်း နှစ်ပတ်အကြာ တွင် ၎င်းတို့၏ အသုံးပြုမှု လျော့နည်းလာသည်ကို တွေ့ရသည်။ သို့သော် အီရန်တွင် အသုံးပြုရန် နည်းလမ်းများ ကျန်ရှိနေသေးသည်။ မကြာသေးမီက ရေနံတင်သင်္ဘောများကို “ အမည်မသိ ပစ်ခတ်မှုများ” နှင့် “ အသေခံ ဒရုန်းများ” ဖြင့် တိုက်ခိုက်ခဲ့မှုများက ယင်းကို သက်သေပြနေသည်။ ဤတိုက်ခိုက်မှုများကို ထောက်လှမ်းရန်နှင့် ဖျက်ဆီးရန် ပိုမိုခက်ခဲပြီး ပဋိပက္ခကို ပိုမိုရှည်ကြာစေနိုင်ပါသည်။

ကုန်စျေးနှုန်း မြင့်တက်မှုနှင့် အစိုးရများ၏ တုံ့ပြန်မှု

စစ်ပွဲ၏ ရိုက်ခတ်မှုများသည် အိမ်ဖြူတော်က မခန့်မှန်းနိုင်ခဲ့သော နည်းလမ်းများဖြင့် ကမ္ဘာ့စီးပွားရေးသို့ ကူးစက်သွားခဲ့သည်။ ကမ္ဘာ့ရေနံ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) မှာ ပိတ်ဆို့လုနီးပါး ဖြစ်နေသည်။

ပင်လယ်နီသို့ ဆက်သွယ်ထားသော ဆော်ဒီပိုက်လိုင်းနှင့် ယူအေအီးကို ဖြတ်၍ အိုမန်ပင်လယ်ကွေ့သို့ သွားသော လမ်းကြောင်းအသေးစားတို့က ဤပိတ်ဆို့မှုကို ကျော်လွှားရန် မကြာမီ ကူညီပေးနိုင်သော်လည်း၊ လောလောဆယ်တွင် လောင်စာဆီနှင့် ဂတ်စ် ပြတ်လပ်မှုဒဏ်ကို ကမ္ဘာတစ်ဝှမ်း ခံစားနေရသည်။ လေကြောင်းလိုင်းများမှ စိုက်ပျိုးရေးအထိ၊ ပလတ်စတစ်လုပ်ငန်းမှ သင်္ဘောလုပ်ငန်းအထိ ကမ္ဘာ့စီးပွားရေး၏ ကဏ္ဍတိုင်းအပေါ် သက်ရောက်မှု ရှိနေသည်။

ဖိလစ်ပိုင်။ ခရီးသွားလာမှုကို ကန့်သတ်ရန် အရာရှိအချို့ကို တစ်ပတ် ၄ ရက်သာ ရုံးတက်စေသည်။

ထိုင်း။ လျှပ်စစ်ဓာတ်အား ချွေတာရန် အစိုးရရုံးများတွင် လေအေးပေးစက်ကို ၂၆ ဒီဂရီစင်တီဂရိတ်အောက် မလျှော့ရန် သတ်မှတ်ထားသည်။

မြန်မာ။ စစ်ကောင်စီက ကိုယ်ပိုင်ယာဉ်များကို တစ်ရက်ခြားစီသာ မောင်းနှင်ခွင့်ပြုမည်ဟု ပြောကြားထားသည်။

ဗြိတိန်နှင့် ဥရောပ။ စွမ်းအင်ကုမ္ပဏီများက အကျပ်အတည်းကို အခွင့်ကောင်းယူ၍ ဈေးတင်ရောင်းခြင်းကို နှိမ်နင်းမည်ဟု ဆိုသည်။

အမေရိကန်။ ဈေးနှုန်းလျှော့ချပေးမည်ဟု သမ္မတထရန့်က ကတိပေးထားသော်လည်း ဓာတ်ဆီဈေးများ ထိုးတက်နေသည်။

ခရီးသွားလာရေးနှင့် ခရီးသွားလုပ်ငန်းများလည်း အကြီးအကျယ် ထိခိုက်ခဲ့သည်။ အထူးသဖြင့် ကာတာနှင့် ယူအေအီးတို့၏ လေကြောင်းဗဟိုချက်များတွင် ဖြစ်သည်။ ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း တစ်ရက်လျှင် ခရီးသည် နှစ်သိန်းခွဲခန့် လက်ခံခဲ့သော ဒူဘိုင်းလေဆိပ်သည် အီရန်ဒရုန်းများဖြင့် အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရသည်။

အမေရိကန်၏ မဟာမိတ်များ တုန်လှုပ်ခြောက်ခြားခြင်း

အစ္စရေး နှင့် အမေရိကန် ဤစစ်ပွဲသည် နိုင်ငံနှစ်နိုင်ငံတည်းကသာ လိုလားခဲ့သော စစ်ပွဲ ဖြစ်သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဂျူးနိုင်ငံ၏ တည်ရှိမှုကို ခြိမ်းခြောက် နေသော အီရန်အစိုးရကို အနိုင်ယူလိုသည့် ၎င်း၏ ဆယ်စုနှစ်နှင့်ချီသော ဆန္ဒကို ဖုံးကွယ် ထားခြင်းမရှိပေ။ ဒေါ်နယ်ထရန့်ကလည်း အီရန်၏ နျူကလီးယား ရည်မှန်းချက်များကို တစ်ခါတည်း အပြတ်ရှင်းလိုသည်။ သို့သော် စစ်ပွဲပြီးနောက် ဘာဆက်ဖြစ်မည်ကိုမူ နှစ်ဦးလုံးက ရှင်းလင်းစွာ စဉ်းစားထားပုံမရပေ။

ပင်လယ်ကွေ့နိုင်ငံများ (ဆော်ဒီ၊ ယူအေအီး၊ ကူဝိတ်၊ ဘာရိန်း၊ ကာတာ၊ အိုမန်) ဝါရှင်တန်၏ မဟာမိတ် ပင်လယ်ကွေ့နိုင်ငံများအတွက်မူ ဤစစ်ပွဲသည် ကြီးမားသော တုန်လှုပ်မှုဖြစ်သည်။ အများစုမှာ အီရန်ကို သံသယဖြင့် ကြည့်ကြသော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် နည်းလမ်းများကို ရှာဖွေခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့သည် အင်အားသုံးခြင်းထက် ဆွေးနွေး ညှိနှိုင်းသည့် နည်းလမ်းကိုသာ ပိုမိုနှစ်သက်ကြသည်။ အိုမန်နိုင်ငံသည် စစ်ပွဲမစတင်မီ နာရီပိုင်း အလိုအထိ အမေရိကန်နှင့် အီရန်အကြား သဘောတူညီချက်ရရှိရန် အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ယူနိုက်တက်ကင်းဒမ်း။ (UK) ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် စစ်ပွဲထဲ မပါဝင် လိုခြင်းနှင့် ဗြိတိန်၏ အကျိုးစီးပွားကို ကာကွယ်ခြင်းတို့ကြားတွင် ဗျာများနေရသည်။ ဒေသတွင်းသို့ စစ်သင်္ဘောများ စေလွှတ်ရန် ခက်ခဲနေမှုက တစ်ချိန်က အင်အားကြီးခဲ့သော ဗြိတိန်ရေတပ်၏ ယိုယွင်းလာသော အခြေအနေကို ဖော်ပြနေသည်။

ရုရှား နှင့် တရုတ်။ အီရန်၏ မဟာမိတ် ရုရှားသည် အီရန်ထိခိုက်မှုအပေါ် စိတ်မကောင်း ဖြစ်နိုင်သော်လည်း၊ ရေနံဈေးတက်လာမှုကြောင့် ရရှိသော အမြတ်အစွန်းများက ၎င်း၏ ယူကရိန်းစစ်ပွဲအတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။ တရုတ်နိုင်ငံမှာမူ အီရန်ရေနံကို အများဆုံး တင်သွင်းသူဖြစ်သဖြင့် အခြားအရင်းအမြစ်များကို ဈေးကြီးပေး၍ ရှာဖွေရ တော့မည်ဖြစ်သည်။

အမေရိကန် သမ္မတ အဆက်ဆက်သည် အာရှဒေသကိုသာ အာရုံစိုက်ရန် (Pivot to Asia) ကြိုးပမ်းခဲ့ကြသော်လည်း၊ အရှေ့အလယ်ပိုင်း၏ ပြဿနာများက အမေရိကန်ကို အမြဲတမ်း ပြန်လည် ဆွဲသွင်းနေဆဲဖြစ်သည်။ သမ္မတထရန့်၏ ပြီးခဲ့သည့် နိုဝင်ဘာလက ထုတ်ပြန်ခဲ့သော အမျိုးသားလုံခြုံရေး မဟာဗျူဟာတွင် “ အရှေ့အလယ်ပိုင်းက အမေရိကန် နိုင်ငံခြားရေး မူဝါဒကို လွှမ်းမိုးထားတဲ့ ခေတ်တွေဟာ အဆုံးသတ်သွားပါပြီ” ဟု ရေးသားထားခဲ့သည်။

ယခုဖြစ်ရပ်များအရ ထိုစကားမှာ လက်တွေ့နှင့် များစွာကွာခြားနေကြောင်း တွေ့ရှိရပေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)
နိုင်ငံတကာသတင်း အမေရိကန် အီရန်

စစ်ပွဲစတင်ကတည်းက အီရန်တွင် နေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ ပျက်စီးခဲ့ကြောင်း အီရန်လခြမ်းနီအသင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်လခြမ်းနီအသင်း၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်အရ စစ်ပွဲစတင်ချိန်မှစ၍ အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံပေါင်း ၁၄၀,၀၀၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 18 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက် စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 22 Views
အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂) ၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲစတင်ကတည်းက လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင် ကန့်သတ် ခံရမှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ သတိပေး

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ဧပြီလ၁ရက် အီရန်နှင့် အမေရိကန်-အစ္စရေး စစ်ပွဲစတင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ သိသိသာသာ ကန့်သတ်ခံထားရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ Volker Türk က သတိပေးပြောကြားလိုက်သည်။ ပဋိပက္ခစတင်ကတည်းက အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့တွင်လည်း “