နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 12 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

၂၀၂၅ ခုနှစ်အတွင်း ရုရှား၏ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မျက်နှာပြင်နှင့် ဝေးကွာသော နေရာများမှ ယူကရိန်းအရပ်သား ၂,၅၀၀ ကျော် သေဆုံးခဲ့ရသည်

CNN- ၂၀၂၆ခုနှစ်၊ ဇွန်လ ၁၅ရက်

၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းကို အလုံးစုံကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း၊ ၂၀၂၅ ခုနှစ်သည် ယူကရိန်းအရပ်သားများအတွက် အသေအပျောက်အများဆုံးနှစ် ဖြစ်ခဲ့ရပြီး လူပေါင်း ၂,၅၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက တနင်္လာနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအသစ်၌ ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (UN Human Rights Monitoring Mission in Ukraine) ၏ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်း ပဋိပက္ခနှင့်ဆက်နွှယ်သော အကြမ်းဖက်မှုများကြောင့် အရပ်သား ၂,၅၁၄ ဦး သေဆုံးပြီး ၁၂,၁၄၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ယင်းသေဆုံးဒဏ်ရာရမှု အားလုံးနီးပါးမှာ ယူကရိန်းထိန်းချုပ်ရာ နယ်မြေများအပေါ် ရုရှား၏ တိုက်ခိုက်မှုများကြောင့် ဖြစ်သည်။

ယူကရိန်းနိုင်ငံအတွင်း မည်သည့်နေရာမျှ ဘေးကင်းလုံခြုံမှုမရှိကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ရှင်းလင်းစွာ ပြသနေသည်။ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည့် အရပ်သားများ၏ သုံးပုံတစ်ပုံကျော်မှာ ရုရှားက တိုက်ခိုက်ချိန်တွင် ရှေ့တန်းစစ်မျက်နှာ ပြင်များနှင့် အလှမ်းဝေးသော နေရာများ၌ ရှိနေခဲ့ကြသူများ ဖြစ်သည်။

ရုရှားသည် ၂၀၂၅ ခုနှစ်အတွင်း ယူကရိန်းမြို့ပြများအပေါ် ဝေဟင်မှ တိုက်ခိုက်မှုများကို အကြီးအကျယ် အရှိန်မြှင့်ခဲ့ပြီး ဒရုန်းနှင့် ဒုံးကျည်များဖြင့် အစုလိုက်အပြုံလိုက် ပစ်ခတ်ကာ အရပ်သားပြည်သူများကို ပုံမှန်ခြိမ်းခြောက်နေခဲ့သည်။

ပြီးခဲ့သည့် အပတ်က ပြုလုပ်ခဲ့သော တိုက်ခိုက်မှုတစ်ခုတွင် မော်စကိုသည် မြို့အများအပြား ကို တစ်ညတည်း၌ပင် ဒရုန်း ၂၄၂ စီး၊ ဘောလစ်စတစ်ဒုံးကျည် ၁၄ စင်းနှင့် ခရုစ်ဒုံးကျည် ၂၂ စင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုမှာ အရပ်သားများ အသုံးပြုသည့် စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းနိုင်ငံသား သိန်းနှင့်ချီ၍ လျှပ်စစ်မီးနှင့် အပူပေးစနစ်များ ပြတ်တောက်ခဲ့ရသည်။

ပြီးခဲ့သည့်နှစ်အတွင်း ယူကရိန်း၌ မှတ်တမ်းတင်ထားသော အရပ်သားထိခိုက်သေဆုံးမှု အရေအတွက်မှာ ၂၀၂၄ ခုနှစ်ထက် ၃၁ ရာခိုင်နှုန်း ပိုမိုမြင့်မားလာပြီး ၂၀၂၃ ခုနှစ်ထက် ၇၀ ရာခိုင်နှုန်း ပိုမိုမြင့်မားလာကြောင်း ကုလသမဂ္ဂက ဆိုသည်။

“ဒီလို မြင့်တက်လာတာဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲတွေ ပြင်းထန်လာလို့ တင်မကဘဲ တာဝေးပစ်လက်နက်တွေကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတာ ကြောင့် လည်း ပါဝင်ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးက အရပ်သားတွေကို ပိုမိုမြင့်မားတဲ့ အန္တရာယ်တွေ နဲ့ ရင်ဆိုင်စေခဲ့ပါတယ်” ဟု ယူကရိန်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲ ဒန်နီယယ်လ် ဘဲလ် (Danielle Bell) က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ အသေအပျောက်အများဆုံး တိုက်ခိုက်မှုမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က ယူကရိန်းအနောက်ပိုင်း တာနိုပီမြို့ (Ternopil) တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း ကလေးငယ် ရှစ်ဦးအပါအဝင် အရပ်သား ၃၈ ဦး သေဆုံးခဲ့ပြီး၊ ကလေးငယ် ၁၇ ဦးအပါအဝင် ၉၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ကုလသမဂ္ဂ၏ အဆိုအရ မိသားစု ၁၀ စုမှာ တစ်မိသားစုလျှင် အဖွဲ့ဝင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပို၍ ဆုံးရှုံးခဲ့ရသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက အလုံးစုံစစ်ပွဲ စတင်ခဲ့ချိန်မှစ၍ အရပ်သား ၁၄,၉၀၀ ကျော် သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်သည့် သေဆုံးမှုများအပေါ် အခြေခံထားသော ကုလသမဂ္ဂ ကိန်းဂဏန်းများအရ သိရသည်။

သို့သော်လည်း အစီရင်ခံစာအများအပြားမှာ “အတည်ပြုရန် စောင့်ဆိုင်းနေဆဲ” ဖြစ်ခြင်း၊ ရုရှားသိမ်းပိုက်ထားသော နယ်မြေများသို့ ဝင်ရောက်ခွင့်မရခြင်းနှင့် ရှေ့တန်းဒေသများသို့ ဝင်ရောက်နိုင်မှု ကန့်သတ်ချက်များရှိနေခြင်းတို့ကြောင့် ယူကရိန်းရှိ အရပ်သား ထိခိုက် သေဆုံးမှု “အမှန်တကယ် ကိန်းဂဏန်းမှာ ယခုထက် ပိုမိုများပြားနိုင်သည်” ဟု ကုလသမဂ္ဂက ယခင်ကတည်းက ပြောကြားထားခဲ့သည်။

၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က ယူကရိန်းနိုင်ငံ၊ Kryvyi Rih ရှိ ရုရှားဒုံးကျည် တစ်စင်း ကြောင့် ကလေးကိုးဦးအပါအဝင် လူ ၂၀ သေဆုံးခဲ့သည့် တိုက်ခန်းတစ်ခုအပြင်ဘက်ရှိ ကစားကွင်းတစ်ခုတွင် အမျိုးသမီးတစ်ဦး ငိုကြွေးနေပုံ။ Evgeniy Maloletka/AP (ပုံ)

ရုရှားနိုင်ငံသည် ၎င်း၏ အဆင့်မြင့်ဆုံးလက်နက်များထဲမှ တစ်ခုဖြစ်သည့် Oreshnik ပဲ့ထိန်းဒုံးကျည်ဖြင့် ယူကရိန်းအနောက်ပိုင်းကို တိုက်ခိုက် (ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အရှေ့အလယ်ပိုင်းနိုင်ငံများက အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုကြပြီး ပဋိပက္ခများ လုံးဝအဆုံးသတ်ရန် မျှော်လင့်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 40 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ (၈)ရက် အမေရိကန်နှင့် အီရန်တို့ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီ ဒေသတွင်းသို့ ကူးစက်ပြန့်နှံ့ခဲ့သည့် ငါးပတ်ကျော်ကြာ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပြီး ရေနံဈေးနှုန်းများ ကျဆင်းကာ စတော့ရှယ်ယာများ ပြန်လည်ဦးမော့လာ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 53 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ(၈)ရက် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နှင့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကြောင်း ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့်အီရန်၂ပတ်အပစ်ရပ်သဘောတူညီမှုရရှိ

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 48 Views
အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ထရမ့်အတွက် ယာယီအောင်ပွဲဖြစ်သော်လည်း ပေးဆပ်မှုများ ရှိနေသည် BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက် အဆုံးသတ်မှာတော့ — အနည်းဆုံးတော့ လောလောဆယ်အထိ — အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သူတွေက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အဖွဲ့အစည်းပေါင်းစုံနှင့် ပါတီနှစ်ရပ်လုံးမှ စုပေါင်းအင်အားစုတစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ အရ ထရမ့်ကို ရာထူးမှဖယ်ရှားရန် ရုတ်တရက် တောင်းဆိုလာကြခြင်း။

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 47 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၈ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ (25th Amendment) နှင့်ပတ်သက်သည့် ပြောဆိုမှု များ ပြန်လည်ထွက်ပေါ်လာပြန်သည်။ မကြာသေးမီနှစ်များအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် ပြဋ္ဌာန်းထားသည့် သမ္မတကို ရာထူးမှဖယ်ရှားသည့်
ကမ္ဘောဒီးယား ထိုင်း နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

သြစတြေးလျ၊ တရုတ်နှင့် ဘရာဇီးလ် ရဲစခန်းအတုများ- သိမ်းဆည်းရမိသည့် ကျားဖြန့် (scam) အဆောက်အအုံအတွင်းသို့ BBC ရောက်ရှိခဲ့ခြင်း

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 77 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် Royal Hill ကာစီနိုနောက်ဘက်ရှိ ခြောက်ထပ်တိုက်၏ မီးမထွန်းထားသောစင်္ကြန်လမ်းများ အတိုင်း လျှောက်သွားရာတွင် တံခါးတစ်ခုစီသည် မတူညီသော ကမ္ဘာတစ်ခုစီသို့ ဖွင့်လှစ် ပြသပေးထားသကဲ့သို့ ရှိနေသည်။
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ဟော်မုဇ် ရေလက်ကြားဆိုင်ရာ ထရမ့်၏ နောက်ဆုံးသတိပေးချက် နီးကပ်လာသော်လည်း အီရန်ဘက်မှ လိုက်လျောမည့် အရိပ်အယောင် မရှိသလောက်ဖြစ်နေ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 54 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၇ ရက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ဆင်နွှဲနေသည့် ငါးပတ်တာကာလအတွင်း သမ္မတ ဒေါ်နယ်ထရမ့်သည် နောက်ဆုံးသတ်မှတ်ရက်များ ချမှတ်ခြင်း၊ တောင်းဆိုမှုများ ပြုလုပ်ခြင်းနှင့် ခြိမ်းခြောက်မှုများ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့အား အီရန်၏ တိုက်ခိုက်မှုအပြီး နောက်ထပ် ရုပ်အလောင်းနှစ်ခု ထပ်မံတွေ့ရှိ၊ စုစုပေါင်း သေဆုံးသူ လေးဦးအထိ ရှိလာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 55 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက် မနေ့က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ လူနေအိမ်ရာ အဆောက်အအုံတစ်ခုကို အီရန်က တိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သူ လေးဦး၏ ရုပ်အလောင်းများကို ယခုအခါ ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း အစ္စရေး
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရန့်က ဟော်မုဇ် ရေလက်ကြားနှင့် ပတ်သက်၍ တီဟီရန်ကို ခြိမ်းခြောက်နေစဉ် အီရန်၊ လက်ဘနွန်နှင့် အစ္စရေးတို့တွင် သေဆုံးမှုများရှိကြောင်း သတင်းထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 50 Views
CNN- ၂၀၂၆ခုနှစ်၊ ဧပြီလ ၆ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က Truth Social တွင် ရိုင်းစိုင်းသော စကားလုံးများသုံး၍ “အဲဒီ ရေလက်ကြားကို အခုချက်ချင်း ပြန်ဖွင့်လိုက်စမ်း၊ မင်းတို့အရူးတွေ၊ မဟုတ်ရင် ငရဲကျသလို ခံစားရလိမ့်မယ်”