နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒါးဗို့စ် (Davos) မှာ ပြောကြားခဲ့တဲ့ ထရမ့်ရဲ့ ရန်လိုမှုတွေပြည့်နှက်နေတဲ့ မိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်

CNN- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့ – ဆွစ်အယ့်ပ်စ်တောင်တန်းမှာ ဗုဒ္ဓဟူးနေ့က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေကို ပြောကြားခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရှည်လျားထွေပြားပြီး ရန်လိုတဲ့မိန့်ခွန်းဟာ အနောက်အုပ်စုမဟာမိတ်အဖွဲ့ အက်ကွဲတော့မယ့် အရေးအပေါ် စိုးရိမ်ပူပန်မှုတွေကို လျော့ပါးသွားစေခဲ့ခြင်း မရှိပါဘူး။

ထရမ့်ဟာ အမေရိကန်ပြည်ထောင်စုအပေါ် ဥရောပက အမြတ်ထုတ်နေတယ်ဆိုပြီး မရပ်မနား ညည်းညူခဲ့သလို၊ ဂရင်းလန်းကျွန်း (Greenland) ကို သိမ်းပိုက်ဖို့ သူ့ရဲ့ကြိုးပမ်း မှုကို ဘာကြောင့်များ ခုခံနေကြတာလဲဆိုပြီး အံ့အားသင့်သလို မေးခွန်းထုတ်ခဲ့ပါတယ်။ ဥရောပခေါင်းဆောင်တွေဟာ ထိန်းချုပ်မထားတဲ့ ရွှေ့ပြောင်းအခြေချမှုတွေနဲ့ အစွန်းရောက် စီးပွားရေးမူဝါဒတွေကြောင့် သူတို့ရဲ့ဥရောပတိုက်ကြီးကို မှတ်မိလို့မရအောင် လုပ်ပစ်လိုက် တယ် ဆိုပြီး ကဲ့ရဲ့ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် NATO အဖွဲ့ဟာ အမေရိကန်ကို ကာကွယ်ပေးဖို့ ဆန္ဒရှိ၊ မရှိကိုလည်း ထုတ်ဖော် သံသယပွားခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအပြီး အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့်သာ NATO ရဲ့ စုပေါင်းကာကွယ်ရေးစာချုပ်ကို တစ်ကြိမ်တည်းသော အသုံးပြုခဲ့ဖူးတာကိုတော့ သူက ထည့်မပြောသွားပါဘူး။

ဒါပေမဲ့ ဒီအက်ကွဲကြောင်း ဘယ်လိုဖြစ်လာမလဲဆိုတာကို သေချာနားစွင့်နေတဲ့ ဥရောပ အရာရှိတွေ အတွက်တော့ ထရမ့်က “ ဂရင်းလန်းကိုသိမ်းဖို့ အင်အားသုံးမှာမဟုတ်ဘူး” လို့ ပြောလိုက်ချိန်မှာ အနည်းငယ် စိတ်သက်သာရာရစရာ ဖြစ်ခဲ့ပါတယ်။ ဒါဟာ အတ္တလန်တိတ် ဖြတ်ကျော် ဆက်ဆံရေး အကျပ်အတည်းဖြစ်နေချိန်မှာ မှတ်သားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။

မိန့်ခွန်းပြောပြီး နာရီပိုင်းအကြာမှာတော့ ဥရောပအတွက် ပိုကောင်းတဲ့သတင်း ထွက်ပေါ် လာခဲ့ပါတယ်။ ထရမ့်က NATO အထွေထွေအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံပြီးနောက် ဂရင်းလန်း ကိစ္စနဲ့ပတ်သက်ပြီး “ အနာဂတ်သဘောတူညီချက် မူဘောင်” တစ်ခု ရရှိခဲ့ကြောင်း နဲ့ နောက်လမှာ ကောက်ခံမယ်လို့ ခြိမ်းခြောက်ထားတဲ့ အခွန်တိုးမြှင့်မှုတွေကိုလည်း ရုပ်သိမ်း လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီအဖြေဟာ အောင်မြင်သွားမယ်ဆိုရင် အမေရိကန်နဲ့ NATO နိုင်ငံအားလုံးအတွက် အလွန်ကောင်းမွန်ပါလိမ့်မယ်” လို့ ထရမ့်က Truth Social မှာ အသေးစိတ် အချက်အလက် တွေမပါဘဲ ရေးသားခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးကနေ ထွက်ခွာချိန်မှာ CNN သတင်းထောက် ကက်တလင်းကောလင်း(Kaitlan Collins) က “ ဒီသဘောတူညီချက်က ဂရင်းလန်းကို ပိုင်ဆိုင်ချင်တဲ့ သမ္မတရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မလား” လို့ မေးမြန်းရာမှာ ထရမ့်က ခဏစဉ်းစားပြီး “ ဒါဟာ ရေရှည်စီမံကိန်းပါ” လို့ ဖြေကြားခဲ့ပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဥရောပခေါင်းဆောင်တွေအပေါ် မကျေနပ်ချက်တွေနဲ့ စော်ကားမှုတွေ ပြည့်နှက်နေတဲ့ ဒါးဗို့စ်မိန့်ခွန်းဟာ အမှတ်အသားတစ်ခု ချန်ထားခဲ့ပါတယ်။ အဆိုပါမိန့်ခွန်းကနေ ကောက်နုတ်ချက် ၅ ချက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဂရင်းလန်းကို အင်အားသုံး၍ သိမ်းယူမည်မဟုတ်ခြင်း

ဂရင်းလန်းကိစ္စနဲ့ပတ်သက်ပြီး သမ္မတရဲ့စကားကို စိုးရိမ်တကြီးနားထောင်နေတဲ့ ဥရောပ ခေါင်းဆောင်တွေအတွက်တော့ ပြင်းထန်တဲ့စကားလုံးတွေကြားထဲကမှ “ ကျွန်တော် အင်အားသုံးမှာမဟုတ်ဘူး” ဆိုတဲ့ စကားက အရေးကြီးဆုံးဖြစ်ခဲ့ပါတယ်။ ဒါဟာ ဂရင်းလန်းကို စစ်အင်အားသုံး သိမ်းပိုက်မှာမဟုတ်ဘူးလို့ ထရမ့်ဘက်က အရှင်းလင်းဆုံး ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့အထိ သမ္မတဟာ စစ်ရေးနည်းလမ်းကို ပယ်ချဖို့ ငြင်းဆန်ထားခဲ့ပြီး အိမ်ဖြူတော်ကလည်း စစ်ရေးအရလုပ်ဆောင်ဖို့ ရှိနေသေးတယ်လို့ ပြောကြားထားခဲ့တာပါ။

စစ်ဖြစ်လာနိုင်ချေကို တားဆီးဖို့ ထရမ့်နဲ့ တင်းမာတဲ့ သံတမန်ရေးရာ ရင်ဆိုင်မှုတွေအတွက် ပြင်ဆင်နေရတဲ့ အရာရှိတွေအဖို့တော့ ဒါဟာ စိတ်သက်သာရာရစရာ ဖြစ်ခဲ့ပါတယ်။ စျေးကွက်ကလည်း အပြုသဘောတုံ့ပြန်ခဲ့ပြီး အင်္ဂါနေ့က ကျဆင်းနေတဲ့ အခြေအနေကနေ ပြန်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေသွားပြီလို့တော့ မဆိုလိုပါဘူး။ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေဖြစ်တဲ့ ဂရင်းလန်းကို အပြည့်အဝ ပိုင်ဆိုင်ခွင့်ရဖို့ ထရမ့်က ဆက်လက်အတင်းအကျပ် တောင်းဆိုနေဆဲ ဖြစ်ပါတယ်။

၂။ သမိုင်းကြောင်းဆိုင်ရာ အငြင်းပွားမှု

ဂရင်းလန်းကို ထိန်းချုပ်ဖို့ ထပ်မံတောင်းဆိုရာမှာ (ဂရင်းလန်းကို အိုက်စလန်လို့ ၄ ကြိမ် တိုင်တိုင် မှားယွင်းခေါ်ဆိုခဲ့ပြီး) “ အမေရိကန်ကလွဲရင် ဘယ်နိုင်ငံ ဒါမှမဟုတ် ဘယ်အဖွဲ့ အစည်း ကမှ ဂရင်းလန်းကို လုံခြုံအောင် မလုပ်ပေးနိုင်ဘူး” လို့ ထရမ့်က ဒါးဗို့စ်မှာ ပြောကြားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဒိန်းမတ်ကို အမေရိကန်က ကာကွယ် ပေးခဲ့တာကြောင့် ဒိန်းမတ်ဟာ ကျေးဇူးတင်ရမယ့်အစား ဂရင်းလန်းကို ပေးဖို့ ငြင်းဆန် နေတာဟာ “ ကျေးဇူးကန်းတာ” လို့ သူက ဝေဖန်ခဲ့ပါတယ်။ “ အဲ့ဒီတုန်းက ဂရင်းလန်းကို ဒိန်းမတ်လက်ထဲ ပြန်ပေးခဲ့တာ ကျွန်တော်တို့ ဘယ်လောက်တောင် မိုက်ခဲ့သလဲ” လို့လည်း သူက ဆိုပါတယ်။

၃။ မကျေနပ်ချက်များကို အနှံ့အပြား ထုတ်ဖော်ခြင်း

ထရမ့်ဟာ အိမ်ရှင် ဆွစ်ဇာလန်နိုင်ငံကိုတောင် “ ကျွန်တော်တို့ကြောင့်သာ ကောင်းနေတာ” လို့ နှိမ်ချပြောဆိုခဲ့သလို၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် မျက်စိအခြေအနေကြောင့် အိမ်ထဲမှာ နေကာမျက်မှန်တပ်ထားတာကိုလည်း လှောင်ပြောင်ခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး (Mark Carney) ကိုလည်း “ ကနေဒါဟာ အမေရိကန် ကြောင့် ရှင်သန်နေတာဆိုတာ မာ့ခ်၊ မင်းနောက်တစ်ခါ စကားပြောရင် သတိရပါ” လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ ဒီမိုကရက်တစ် လွှတ်တော် အမတ် အီလ်ဟန် အိုမာ (Ilhan Omar) တို့ကိုလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။

၄။ ထိုင်းမှိုင်းနေသော ထရမ့်နှင့် တုန်လှုပ်နေသော ပရိသတ်

ဆွစ်ဇာလန်သို့ ခရီးရှည်ပျံသန်းလာရတာကြောင့် ထရမ့်ဟာ အနည်းငယ် ထိုင်းမှိုင်း နေပုံရပေမဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့ ဘေးချော်ပြောတဲ့ စကားတွေကို ပရိသတ်က အစပိုင်းမှာ သည်းခံနားထောင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မိန့်ခွန်းက ကြာလာ လေလေ၊ ပရိသတ်တွေဟာ စိတ်မသက်မသာ ဖြစ်လာပြီး မိန့်ခွန်းအဆုံးမှာတော့ အားမပါတဲ့ လက်ခုပ်သံတွေကိုသာ ပေးခဲ့ကြပါတယ်။ လေအားလျှပ်စစ်သုံးလေရဟတ်(Windmills) တွေအပေါ် အချိန်အတော်ကြာ ပြစ်တင်ဝေဖန်မှုကလည်း ပရိသတ်ကို အံ့အားသင့် စေခဲ့ပါတယ်။

၅။ သူမှတ်မိလို့မရတော့တဲ့ ဥရောပ

ထရမ့်ရဲ့ တစ်နာရီကြာ မိန့်ခွန်းတစ်ခုလုံးရဲ့ အနှစ်သာရကတော့ ဥရောပနဲ့ သူ့ရဲ့ခေါင်းဆောင် တွေဟာ လမ်းကြောင်းလွဲနေပြီဆိုတဲ့ ယုံကြည်ချက်ပဲ ဖြစ်ပါတယ်။ သူက ဥရောပနိုင်ငံတွေကို ချစ်မြတ်နိုးတယ်လို့ ဆိုပေမဲ့ (မိမိကိုယ်ကို စကော့တလန်နဲ့ ဂျာမန်သွေး ၁၀၀% ပါတယ်လို့ ပြောကြားခဲ့ပါတယ်)၊ ဥရောပအရာရှိတွေရဲ့ လူဝင်မှုကြီးကြပ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေး စီမံခန့်ခွဲမှုတွေအပေါ်မှာတော့ အထင်အမြင်သေးကြောင်း ပြသ အရှက်ခွဲကာ သူတို့က သူတကယ်လိုချင်သည့် ဂရင်းလန်းကို ပေးအပ်စေလိုကြောင်း ရည်ရွယ်ထားပုံရသည်။

 “ ကျွန်တော်တို့သာ မရှိရင် မင်းတို့အားလုံး ဂျာမန်စကားနဲ့ ဂျပန်စကား နည်းနည်း ပြောနေကြရမှာ” လို့ဆိုခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 28 Views
CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 26 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏ လျှပ်စစ်စွမ်းအင်နှင့် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်ကို ငါးရက်ကြာ ရွှေ့ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 33 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 34 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 33 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က