နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 5 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းတွင် မှားယွင်းသော တွက်ချက်မှုတစ်ခုကြောင့် ရုရှားသည် လေးနှစ်ကြာသည့်တိုင် အဖိုးအခပေးဆပ်နေရဆဲဖြစ်သည်

CNN – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အစောပိုင်းနာရီများတွင် ကိယက်ဗ် (Kyiv) မြို့ရှိ ဟိုတယ်တစ်ခု၏ အေးစိမ့်နေသော ခေါင်မိုးပေါ်၌ ကျွန်တော်ရပ်နေစဉ်၊ ရုရှားသည် နယ်စပ်တွင် တပ်များစုရုံးထားသော်လည်း ယူကရိန်းအပေါ် အလုံးစုံကျူးကျော်စစ်ကို ဆင်နွှဲလိမ့်မည်ဟူသော အယူအဆမှာ စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သလောက် ရှိခဲ့သည်။

မှန်ပါသည်၊ ကရင်မလင်၏ အာဏာရှင် ဗလာဒီမာ ပူတင်သည် ရုရှား၏ စစ်အင်အားကို အသုံးချရသည်ကို အရသာတွေ့နေသူ ဖြစ်သည်။ ချေချင်းညာ၊ ဂျော်ဂျီယာနှင့် ဆီးရီးယားတို့ရှိ ပူတင်၏စစ်ပွဲများ၊ ခရိုင်းမီးယားနှင့် ယူကရိန်းအရှေ့ပိုင်းရှိ စစ်ရေးလှုပ်ရှားမှုများသည် သူ့အတွက် ကုန်ကျစရိတ်အနည်းငယ်ဖြင့် အောင်မြင်မှုများ ဆောင်ကြဉ်းပေးခဲ့သည်။

သို့သော် ရုရှားပြီးလျှင် ဥရောပတွင် ဒုတိယအကြီးဆုံးဖြစ်သော နိုင်ငံကို ကျူးကျော်ခြင်းသည် ပျက်စီးခြင်းသို့ ဦးတည်နိုင်သည့် အလားအလာရှိရာ ပူတင်ကဲ့သို့ အေးစက်သော မဟာဗျူဟာပညာရှင်တစ်ဦးအတွက် စဉ်းစားစရာ ဖြစ်စေလိမ့်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် ထိုသို့မဟုတ်ခဲ့ကြောင်းကို ယူကရိန်းမြို့တော်ပေါ်သို့ ဒုံးကျည်များ မိုးသီးမိုးပေါက် ကဲ့သို့ ကျရောက်နေစဉ် ကျွန်တော်၏ ကျည်ကာအင်္ကျီကို ဝတ်ဆင်ရင်း တွေးမိခဲ့သည်မှာ မှတ်မိနေပါသေးသည်။

လွန်ခဲ့သော ပဋိပက္ခ လေးနှစ်တာကာလအတွင်း မှားယွင်းသော ယူဆချက်များစွာ ထွက်ပေါ်ခဲ့သည်။ အထူးသဖြင့် ယူကရိန်းသည် အားနည်းလွန်းပြီး အစီအစဉ်မကျ သောကြောင့် အလုံးစုံကျူးကျော်မှုကို ခုခံနိုင်မည်မဟုတ်ဟု ကိယက်ဗ်၏ မဟာမိတ်များပင် ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။ ထို့အတူ ရုရှား၏ ကြီးမားသော စစ်တပ်ကြီးကို မခုခံနိုင်ဟု ယူဆထားကြသည့် ယူဆချက်မှာလည်း မှားယွင်းခဲ့သည်။

လန်ဒန်အခြေစိုက် Royal United Services Institute (RUSI) ၏ သုတေသနအရ၊ ကရင်မလင် သည် ၎င်းတို့၏ “ အထူးစစ်ဆင်ရေး” ကို စတင်ချိန်တွင် ယူကရိန်းကို ၁၀ ရက်အတွင်း ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ ယခု ရက်ပေါင်း ၁,၄၅၀ ကျော် ကြာမြင့်လာချိန်တွင် ထိုအချိန်ကာလ သတ်မှတ်ချက်မှာ အလွန်ပင် ကလေးကလားဆန်ခဲ့ပြီး နာကျင်မှု၊ ပျက်စီးမှု နှင့် သွေးထွက်သံယိုမှုများကို ဖြစ်စေခဲ့သည့် အခြေခံကျသော တွက်ချက်မှုအမှားတစ်ခု ဖြစ်ခဲ့ကြောင်း သက်သေပြလိုက်ပြီ ဖြစ်သည်။

အသေအပျောက်များ

သတင်းအချက်အလက်များကို တင်းကျပ်စွာ ထိန်းချုပ်ထားသော ရုရှားတွင် စစ်ပွဲ၏ တကယ့် ကုန်ကျစရိတ်ကို ဖုံးကွယ်ထားသည်။ တရားဝင် အသေအပျောက်စာရင်းကို လူထုမျက်ကွယ် တွင် ထားရှိသော်လည်း အရင်းအမြစ်မျိုးစုံမှ ခန့်မှန်းချက်များအရ ဆုံးရှုံးမှုမှာ အလွန်မြင့်မား နေသည်။

အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) ၏ နောက်ဆုံး သုတေသနအရ အလုံးစုံကျူးကျော်မှု စတင်ချိန်မှစ၍ ရုရှားစစ်သား သေဆုံးနှင့် ဒဏ်ရာရသူ အရေအတွက်မှာ ၁.၂ သန်းနီးပါး ရှိနေပြီဖြစ်သည်။ အဆိုပါ အရေအတွက်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း မည်သည့်အင်အားကြီးနိုင်ငံမဆို ကြုံတွေ့ခဲ့ရသည့် ဆုံးရှုံးမှုများထက် ပိုမိုမြင့်မား နေကြောင်း CSIS အစီရင်ခံစာက ဆိုသည်။

ယင်းအနက် လွန်ခဲ့သော ၄ နှစ်အတွင်း ရုရှားလူမျိုး ၃၂၅,၀၀၀ ခန့် သေဆုံးခဲ့ပြီး ယင်းသည် ၁၉၄၅ ခုနှစ်နောက်ပိုင်း ကိုရီးယား၊ ဗီယက်နမ်၊ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲများအပါအဝင် အမေရိကန်တပ်ဖွဲ့ဝင်များ ဆုံးရှုံးခဲ့ရသည့် အရေအတွက် စုစုပေါင်းထက် သုံးဆခန့် ပိုများ နေခြင်း ဖြစ်သည်။

စီးပွားရေး

မော်စကိုမြို့သို့ သွားရောက်သည့်အခါတိုင်း ယူကရိန်းစစ်ပွဲမှာ အလှမ်းဝေးကွာနေသကဲ့သို့ ထင်ရသည်။ ဆိုင်များ၊ ကဖေးများနှင့် ယာဉ်ကြောပိတ်ဆို့မှုများဖြင့် စည်ကားနေသော မော်စကိုသည် ရှေ့တန်းစစ်မျက်နှာ၏ ကြောက်မက်ဖွယ်ရာများနှင့် ကင်းဝေးနေပုံရသည်။

၂၀၂၂ ကျူးကျော်မှုအပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ခေတ္တတုန်လှုပ်သွားသော်လည်း ရုရှား၏ စစ်ရေးအသုံးစရိတ် မြင့်တက်လာပြီး စီးပွားရေးမှာလည်း ပြန်လည်ဦးမော့ လာခဲ့ သည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုကြောင့် ရုရှားသည် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့နဝမမြောက် အကြီးဆုံး စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာခဲ့သည်။

သို့သော် စစ်ပွဲကြောင့် ပုံပျက်နေသော စီးပွားရေးစနစ်တွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲ လက္ခဏာများ စတင်တွေ့မြင်နေရသည်။ စစ်တပ်သို့ဝင်မည့်သူများကို ပေးရသည့် ဆုကြေး ငွေများနှင့် စစ်မြေပြင်တွင် သေဆုံးသူများအတွက် လျော်ကြေးပေးရမှုများမှာ ပိုမိုကြီးမား လာသည်။ ထို့ပြင် စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုကို ဦးစားပေးရသဖြင့် အခြားအရေးကြီးသော လုပ်ငန်းကဏ္ဍများတွင် အလုပ်သမား ရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။

အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာခြင်းမှာလည်း ပြည်သူတို့၏ အဓိက နာကျင်မှုဖြစ်လာသည်။ အထူးသဖြင့် သခွားသီးဈေးနှုန်းမှာ ဒီဇင်ဘာလမှစ၍ နှစ်ဆခန့် မြင့်တက်သွားသဖြင့် ပြည်သူများအကြား မကျေနပ်မှုများ ထွက်ပေါ်နေသည်။

နိုင်ငံတကာ အခြေအနေ

စစ်ပွဲသည် နိုင်ငံတကာမျက်နှာစာတွင်လည်း ကရင်မလင်အတွက် အကျိုးမရှိခဲ့ပါ။ နေတိုး (NATO) အဖွဲ့ တိုးချဲ့မှုကို တားဆီးရန်အတွက် ကျူးကျော်စစ်ကို စတင်ခဲ့သည်ဟု ဆိုသော် လည်း အကျိုးဆက်အနေဖြင့် ဆွီဒင်နှင့် ဖင်လန်တို့မှာ နေတိုးသို့ ဝင်ရောက်သွားခဲ့သည်။

ထို့ပြင် အနောက်အုပ်စု၏ ပိတ်ဆို့မှုများကြောင့် ရုရှားသည် တရုတ်အပေါ် ပိုမိုမှီခိုလာရပြီး “ အကြီးစား မိတ်ဖက်” မှ “ အငယ်စား မိတ်ဖက်” (junior partner) အဆင့်သို့ ရောက်ရှိ သွားခဲ့ သည်။ အခြားသော ဒေသများတွင်လည်း ရုရှား၏ သြဇာအာဏာ ကျဆင်းလာသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ဆီးရီးယားမဟာမိတ် အာဆတ် (Assad) ရာထူးမှ ဖယ်ရှား ခံရချိန်တွင် ရုရှားက ကယ်တင်နိုင်ခြင်း မရှိခဲ့သလို၊ ဗင်နီဇွဲလားသမ္မတ မာဒူရို (Maduro) ကို အမေရိကန်တပ်များက ဖမ်းဆီးချိန်တွင်လည်း ရုရှားမှာ အကူအညီမပေးနိုင်ဘဲ ရပ်ကြည့် နေခဲ့ရသည်။

လေးနှစ်တာ ကြာမြင့်လာသော စစ်ပွဲအပြီးတွင် ယူကရိန်းသည် ဆိုးရွားစွာ ထိခိုက်ခဲ့ရသလို၊ ရုရှားမှာလည်း ပြည်တွင်း၌ အင်အားချည့်နဲ့လာပြီး နိုင်ငံတကာ စင်မြင့်ထက်တွင်လည်း ဂုဏ်သိက္ခာ ကျဆင်းသွားခဲ့ရပါသည်။ ၂၀၂၂ ခုနှစ်က ကျွန်တော်တို့ ခန့်မှန်းခဲ့သော “ ကြောက်မက် ဖွယ်ကောင်းသည့် အကျိုးဆက်များ” မှာ ယခုအခါ ကံမကောင်းစွာဖြင့်ပင် အမှန်တကယ် ဖြစ်လာခဲ့ပြီ ဖြစ်ပါသည်။

ရေးသားသူ- မက်သရူး ချန့်စ်၊ CNN-ကမ္ဘာလုံးဆိုင်ရာရေးရာ သတင်းထောက်ချုပ်

ရုရှားအလံကို နောက်ခံပြုထားသည့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ ပုံရိပ်လွှာ – (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ ဥရောပ

ရုရှားသည် အပစ်အခတ်ရပ်စဲရေးအစား ‘အီစတာပွဲတော်ကာလ စစ်ရှိန်မြှင့်တင်မှု’ ကို ရွေးချယ်ခဲ့သည်ဟု ဇလန်းစကီး ပြောကြား

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 15 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ယူကရိန်းနိုင်ငံအပေါ် ရုရှားက နောက်ထပ် အကြီးအကျယ် သေဆုံးမှုများရှိသည့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်မှ အမေရိကန် တိုက်လေယာဉ် နှစ်စင်း ပစ်ချလိုက်သည်ဟု ဆိုသောသတင်း

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
BBC- ၂၀၂၆ခုနှစ်၊ ဧပြီလ (၄)ရက် သောကြာနေ့က အီရန်တောင်ပိုင်းတွင် F-15E တိုက်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရပြီးနောက် ပျောက်ဆုံးနေသော အမေရိကန် လေယာဉ်အမှုထမ်းတစ်ဦးကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်နိုင်ငံအတွင်း ပျောက်ဆုံးနေသော အမေရိကန် လေယာဉ် အမှုထမ်းကို ရှာဖွေရာတွင် ကယ်ဆယ်ရေးအဖွဲ့များအတွက် ‘ကြောက်မက်ဖွယ်ကောင်းပြီး အန္တရာယ်ရှိသော’ အခြေအနေများနှင့် ရင်ဆိုင်နေရ

  • 2026 ခုနှစ်၊ ဧပြီလ 4 ရက်
  • 16 Views
BBC – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ရန်သူ့နယ်မြေအတွင်း ပျက်ကျသွားသော လေယာဉ်အမှုထမ်းများကို ပြန်လည်ကယ်တင်ရန် အမေရိကန်လေတပ်မှ Pararescue (လေထီးခုန်ကယ်ဆယ်ရေး) တပ်ဖွဲ့ဝင်များသည် အထူးလေ့ကျင့်ထားကြသူများဖြစ်သည်။ အီရန်နိုင်ငံပေါ်တွင် ပစ်ချခံခဲ့ရသည့် အမေရိကန် F-15
ကျူးဘား နိုင်ငံတကာသတင်း လက်တင်အမေရိက အမေရိကန်

အမေရိကန်၏ ဖိအားပေးမှုအောက်တွင် စီးပွားရေးအကျပ်အတည်း ပိုမိုနက်ရှိုင်းလာစဉ် ကျူးဘားမှ အကျဉ်းသား ၂,၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမည်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 15 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက် ဟာဗားနား — ကျူးဘားကျွန်းသည် ထရန့်အစိုးရ၏ တိုးမြှင့်လာသော ဖိအားများအောက် တွင် ယိုင်နဲ့နေစဉ်အတွင်း၊ ကျူးဘားအစိုးရသည် နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံးသော လွှတ်ပေးမှုအဖြစ် အကျဉ်းသား ၂,၀၁၀
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်မှ ကာကွယ်ရေးအသုံးစရိတ် အကြီးအကျယ်တိုးမြှင့်ရန် ဘတ်ဂျက်အသစ်တွင် ဒေါ်လာ ၁.၅ ထရီလီယံ တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 20 Views
CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ထရန့်အစိုးရသည် အီရန်နှင့် စစ်မက်ဖြစ်ပွားနေစဉ်အတွင်း စစ်ဘက်ဆိုင်ရာ အသုံးစရိတ်ကို ခေတ်သစ်သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ မြှင့်တင်ရန် ၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တောင်းဆိုမှု၏ အစိတ်အပိုင်းအဖြစ် ကာကွယ်ရေးအတွက် ခန့်မှန်းခြေ
နိုင်ငံတကာသတင်း အမေရိကန် အီရတ်

အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန် (Shelly Kittleson) ပြန်ပေးဆွဲခံရ

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 17 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် အမေရိကန်သတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆန်သည် အင်္ဂါနေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ပြန်ပေးဆွဲခံခဲ့ရကြောင်း သတင်းရင်းမြစ်များနှင့် သူမအလုပ်လုပ်ကိုင်ရာ သတင်းဌာနက ပြောကြား ခဲ့သည်။ အမေရိကန်အစိုးရအနေဖြင့်
နိုင်ငံတကာသတင်း အမေရိကန်

ဟက်ဂ်ဆက်သ်က အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို အီရန်စစ်ပွဲအတွင်း ရာထူးမှထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 14 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) သည် အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွား နေစဉ်အတွင်း အမေရိကန်ကြည်းတပ် စစ်ဦးစီးချုပ်နှင့် အခြားဗိုလ်ချုပ်နှစ်ဦးကို ကြာသပတေးနေ့တွင်
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်က ပမ် ဘွန်ဒီ (Pam Bondi) ကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်

  • 2026 ခုနှစ်၊ ဧပြီလ 3 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက် သမ္မတ ဒေါ်နယ်ထရမ့်သည် ပမ် ဘွန်ဒီကို ရှေ့နေချုပ်ရာထူးမှ ထုတ်ပယ်လိုက်ပြီ ဖြစ်သည်။ ၎င်း၏နေရာတွင် လက်ထောက်ရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche)