နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား နောက်ဆုတ် လိုက်ဟန်ရှိသော်လည်း၊ ယင်းသို့တိုက်ခိုက်နိုင်ခြေကိုမူ အတိအလင်း ပယ်ဖျက်ခြင်း မရှိသေးပေ။

“ လိမ်လည်လှည့်ဖြားတတ်တဲ့၊ အကြမ်းဖက်သမားဖြစ်ပြီး ကလေးသူငယ်တွေကို သတ်ဖြတ် နေတဲ့ အမေရိကန်သမ္မတဟာ IRGC အနေနဲ့ ဒေသတွင်းက ရေငန်သန့်စင် စက်ရုံတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်နေပြီး ဒေသတွင်းက ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ဆောင် နေတယ်လို့ စွပ်စွဲထားပါတယ်” ဟု တနင်္လာနေ့က Telegram တွင် တင်ခဲ့သည့် ထုတ်ပြန်ချက် တွင် ဖော်ပြထားပြီး၊ အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် “ ရေပေးဝေရေး အခြေခံအဆောက်အအုံ စနစ်ငါးခု” ထိမှန်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ IRGC ဟာ အခုအချိန်အထိတော့ အဲဒီလိုမျိုး မလုပ်ဆောင်ခဲ့သေးပါဘူး” ဟု ဆက်လက် ဖော်ပြထားရာ၊ ယင်းသုံးနှုန်းချက်မှာ အနာဂတ်တွင် အမေရိကန် သို့မဟုတ် အစ္စရေးတို့က အီရန်၏ အခြေခံအဆောက်အအုံများကို ထပ်မံတိုက်ခိုက်လာပါက အဆိုပါ အဆောက်အအုံ များကို ပစ်မှတ်ထားရန် လမ်းစဖွင့်ထားသည့် သဘောသက်ရောက်နေသည်။

ယခင်က အီရန်အစိုးရ ကျောထောက်နောက်ခံပြု Fars သတင်းဌာနသည် ပင်လယ်ကွေ့ နိုင်ငံများနှင့် ဂျော်ဒန်နိုင်ငံတို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေငန်သန့်စင်စက်ရုံ ၁၁ ခု၏ တည်နေရာပြ ကိုဩဒိနိတ် (Coordinates) များကို ထုတ်ပြန်ခဲ့ပြီး၊ ၎င်းတို့သည် “ ဒေသတွင်း လူဦးရေနှင့် စက်မှုလုပ်ငန်းများ၏ မရှိမဖြစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်” ဟု မှတ်ချက်ပြုခဲ့သည်။

“ ဒီအခြေခံအဆောက်အအုံတွေဟာ ဒေသတွင်းရဲ့ စွမ်းအင်ထုတ်လုပ်မှုနဲ့ ရေချိုပေးဝေနိုင်မှု စွမ်းပကားရဲ့ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံထားပြီး၊ အချို့ဟာ ကမ္ဘာ့အကြီးဆုံး အခြေခံအဆောက်အအုံ စီမံကိန်းတွေထဲမှာ ပါဝင်နေပါတယ်” ဟု Telegram ပို့စ်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါစာရင်းတွင် ပါဝင်သော အဆောက်အအုံများထဲ၌ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ Barakah နျူကလီးယား ဓာတ်အားပေးစက်ရုံ (ပင်လယ်ကွေ့အာရပ်နိုင်ငံများတွင် တစ်ခုတည်းသော စက်ရုံ) နှင့် ဆော်ဒီအာရေးဗီးယားရှိ ကမ္ဘာ့အကြီးဆုံး ပေါင်းစပ်စက်ရုံ အမျိုးအစားဖြစ်သော Ras Al-Khair လျှပ်စစ်နှင့် ရေငန်သန့်စင်စက်ရုံတို့ ပါဝင်နေသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ Ras al-Khair ရေငန်သန့်စင်စက်ရုံရှိ ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် လုပ်ငန်းခွင်အား စောင့်ကြည့်စစ်ဆေးနေစဉ်။ Fayez Nureldine/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လက်ရှိရေနံကပ်ဘေးသည် ၁၉၇၀ ပြည့်လွန်နှစ်များက ရေနံစျေးနှုန်း အကြီးအကျယ် ရိုက်ခတ်မှုဖြစ်စဉ်များကို ပြန်လည်အမှတ်ရစေသည်။ ထိုစဉ်က ဘာတွေဖြစ်ပျက်ခဲ့သနည်း။

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 6 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်-အစ္စရေးတို့ အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲအတွင်း စွမ်းအင်အကြပ်အတည်း ကြီးထွားလာခြင်းသည် ၁၉၇၃ နှင့် ၁၉၇၉
နိုင်ငံတကာသတင်း အမေရိကန် အီရန်

အမေရိကန်နှင့် အီရန်တို့ စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးနေကြောင်းနှင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုက်ခိုက်မည့်အစီအစဉ်ကို ရွှေ့ဆိုင်းမည်ဖြစ်ကြောင်း ထရန့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ ၂၃ရက် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က “ အပြုသဘောဆောင်သော ဆွေးနွေးမှုများ” ပြုလုပ်ခဲ့ပြီး၊ အီရန်၏
နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 24 Views
အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “ စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “ လက်နက်တင်ပို့မှု
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သမတ‌ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပါက ၄၈နာရီ အတွင်း အီရန်၏အကြီးဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးကို ပထမစ၍ တိုက်ခိုက် ဖျက်စီးသွားမည်ဖြစ်ပြီး ကျန်နိုင်ငံအနှံရှိ လျှပ်စစ်ဓာတ်အား ပေးစက်ရုံများကိုလည်း ဆက်တိုက်ဖျက်သွားမည်ဟု ချိမ်းခြောက်ပြောခဲ့သည်။

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂၂)ရက် အမေရိကန်က လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဗုံးကြဲပါက ဟော်မုဇ်ရေလက်ကြားကို ‘အပြီးတိုင် ပိတ်ပစ်မည်’ ဟု အီရန်စစ်တပ် ပြောကြားတုံ့ပြန်လိုက်သည်။ အစ္စရေးတောင်ပိုင်းရှိ မြို့များသို့ အီရန်၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့သည်။ အီရန်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန် သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို “ ရွေးချယ်မှုအရတိုက်ခိုက်သောစစ်ပွဲ” ဟု CBS News ၏ စစ်တမ်းအသစ်တွင် ဖော်ပြ

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 23 Views
၂၀၂၆ခုနှစ်၊ မတ်လ ၂၂ရက် CNN- ဂျနီဖာ အာဂီယက်စတာ (Jennifer Agiesta) ရေးသားသည်။ CBS News နှင့် YouGov တို့၏ စစ်တမ်းအသစ်အရ အမေရိကန်နိုင်ငံသား သုံးပုံနှစ်ပုံက အီရန်နှင့်စစ်ပွဲကို လိုအပ်ချက်အရတိုက်ခိုက်ခြင်းထက် မိမိတို့ရွေးချယ်မှုအရ
တရုတ် နိုင်ငံတကာသတင်း အမေရိကန်

ရှီ-ထရန့် ထိပ်သီးအစည်းအဝေး ကြန့်ကြာမှုကြောင့် တရုတ်နိုင်ငံက ဘာကြောင့် ပိုမို အသာစီး ရလာနိုင်သလဲ။  ဆဲလ်ဗီ ဇောင်း (Sylvie Zhuang) ၏ သုံးသပ်ချက်

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 27 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ(၂၁)ရက် ဟောင်ကောင် — အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ပြုလုပ်မည့် အရေးပါသော ထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းရန် တောင်းဆိုလိုက်ခြင်းသည် ပေကျင်းအတွက် အကျိုးရှိသွားစေနိုင်ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် တရုတ်သတင်း ရင်းမြစ်အချို့က
ကနေဒါ နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ရုရှား၊ တရုတ်နှင့် အမေရိကန် – အီရန်စစ်ပွဲ၏ ကမ္ဘာ့အကျိုးအမြတ်ရရှိသူများနှင့် အရှုံးပေါ်သူများ

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 32 Views
BBC- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် အရှေ့အလယ်ပိုင်းရှိ ရေနံထုတ်လုပ်သည့် နိုင်ငံများသည် ပဋိပက္ခကြောင့် ဟော်မုဇ် ရေလက်ကြား ပိတ်ဆို့မှုနှင့်အတူ ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ယော့ခ်ရှိုင်းယား (Yorkshire) ရှိ နေအိမ်များအတွက်
နိုင်ငံတကာသတင်း အမေရိကန်

လွှတ်တော်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌက အက်ပ်စတိန်း (Epstein) စုံစမ်းစစ်ဆေးမှု အတွက် ရှေ့နေချုပ် ပမ် ဘွန်ဒီ (Pam Bondi) ကို ဆင့်ခေါ်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 25 Views
CNN- ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက် လွှတ်တော်ကြီးကြပ်ရေးကော်မတီ (House Oversight Committee) ဥက္ကဋ္ဌ ဂျိမ်းစ် ကိုးမား (James Comer) သည် ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein)