၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်
ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။
Max Techonology Industry မှ အလုပ်သမား ၁၃၀၀ ကျော်သည် မတ်လ၂၁ရက်နေ့မှစ၍ လုပ်ခလစာတိုးပေးရန် သပိတ်မှောက် ဆန္ဒပြနေသည်မှာ (၃)ရက်တွင်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရပါသည်။
စက်ရုံဖက်မှကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပြီး အလုပ်မဆင်းရင် လစာပေးမှာ မဟုတ်ဘူး ဆိုသည့်သဘောပါသည့် “ No work, No Pay” မူဝါဒကိုထုတ်ပြန်ခဲ့သည့်အတွက် အခြေအနေ တင်းမာနေခဲ့သည်။
အလုပ်သမားမှ တရက်လုပ်အားခ ၁၂၀၀၀ ကျပ် ပေးဖို့၊ အချိန်ပိုကြေး ၂၅၀၀၊ ရက်မှန်ကြေး စတာတွေနဲ့ရသင့်ရထိုက်သည့် အလုပ်သမား အခွင့်အရေးများကို တောင်းဆိုနေကြသည်။
အလုပ်သမားများက “ ၉၅၀၀ လုပ်အားခ၊ မိသားစုအတွက် မလောက်ငှ” ၊ “ အလုပ်သမား အခွင့်အရေး၊ အပြည့်အဝပေး” ၊ “ ဒေးကြေး ၁၂၀၀၀၊ တိုးပေး” စတာတွေ ကိုကြွေးကြော် ခဲ့ကြတယ်ဟုသိရပါသည်။








