ဆိုင်ကလုန်းမုန်တိုင်းမိုခါ ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ဒေသတွေမှာ ပြန်လည်ထူထောင် ရေးအတွက် ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်အထိရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို စစ်ကောင်စီ က တာဝန်ပေးလိုက်တယ်လို့ စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်ကြီးအဆင့်ကနေ ဗိုလ်မှူးချုပ်အဆင့်အထိရှိတဲ့ စစ်ဗိုလ်ချုပ် အယောက် ၂၀ ကို စစ်ကောင်စီက တာဝန်ပေးလိုက်တာပါ။
သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ မြို့တွေလို့ ကြေညာထားတဲ့ ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်က မြို့နယ်တွေကို တစ်မြို့နယ်တစ်ယောက် တာဝန်ယူရမှာဖြစ်ပါတယ်။
စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း နဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့က ကြီးကြပ်ဖို့ တာဝန်ပေးလိုက်တာပါ။
စစ်ဗိုလ်ချုပ်တွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးတွေကိုလည်း တာဝန်ပေးထားသလို ဗိုလ်မှူးချုပ်အဆင့်တွေ အများဆုံးပါဝင်နေတာပဲဖြစ်ပါတယ်။
Era’sEyes /စကစ ထုတ်ပြန်ချက်