နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်ပြည်သစ်ပါတီ NMSP က PPST တွင် ပါဝင်မှု ရပ်ဆိုင်းထား၊ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးခြင်းမရှိ

မွန်ပြည်သစ်ပါတီ (NMSP) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ပါဝင်မှုရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။


တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အပစ်ရပ် (၁၀) ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် (၇) ဖွဲ့သာ ပါဝင်မှုရှိရာ အခု NMSP က ထပ်မံနုတ်ထွက်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို PPST မှ နုတ်ထွက်ခြင်းမှာ စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ စစ်ကောင်စီဘက်က တစ်ဖက်သတ်ဆန်စွာ ဆွေးနွေးမှုနှင့် သက်ဆိုင်တယ်လို့ သိရပါတယ်။

NMSP အဖွဲ့က PPST တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်သုံးသပ်ရန် ယင်းအဖွဲ့ရဲ့ဗဟိုကော်မတီထံ စာပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

PPST တွင် ကျန်​နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ NCA လက်မှတ်ထိုးထားခြင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းလျက် ရှိနေပါတယ်။

Era’sEyes / lနေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ
မြန်မာသတင်း

ကင်းပတ်ဖို့ထွက်လာတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ ဆိုင်ကယ်ယာဉ်တန်း မိုင်းဆွဲခံရ၊ (၁)ဦးသေဆုံးကာ (၂)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီကျော်အချိန်က နတ်တလင်းမြို့၊ တောင်ညိုကွက်သစ်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီရဲဆိုင်ကယ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်တလင်းပကဖရဲ့
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိ (၂)ဦး ဒေါနတပ်ရင်းထံ CDM ပြုလုပ် အလင်း၀င်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁)ရက်နေ့က စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦး CDM ပြုလုပ်ကာ အလင်း၀င်လာခဲ့တယ်လို့ ဒေါနတပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိ (၂)ဦးဟာ ဗျူဟာ
မြန်မာသတင်း

ရှမ်းတောင်မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်အထိရှိကာ အရေးပေါ်အကူအညီတွေ လိုအပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ရှမ်းတောင်ဒေသရှိ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နဲ့ မောက်မယ်မြို့တို့မှာ ရေဘေးသင့်ပြည်သူ (၁)သိန်းကျော်ရှိတယ်လို့ ပအိုဝ်းလူငယ်များအစည်းအရုံး(PYO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းတောင်မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် တောင်ကြီးခရိုင်အပါအ၀င် လွိုင်လင်မြို့နယ်နဲ့ မောက်မယ်မြို့တို့မှာ ရေကြီးတာ၊ တောင်ပြိုတာနဲ့ မြေပြိုတာတွေကြောင့်
မြန်မာသတင်း

ဖားကန့်မြို့ပေါ် စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ အရပ်သား (၂)ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲကျော်အချိန်က ဖားကန့်မြို့ပေါ်ရှိ ငှက်ပျောတောရပ်ကွက်ကို စစ်‌ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား (၂)ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ ဒီကနေ့ နေ့လယ် (၁)နာရီ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေ ဖမ်းမိပြီလို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓါးပြတိုက်ခဲ့သူတွေထဲက (၆)ဦးကို ဖမ်းဆီးရမိခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၀)ရက်နေ့က ချောင်ချောင်ရွှေဆိုင်ပိုင်ရှင် ဦးရွှေ၀င်းဟာ မန္တလေးမြို့ထဲက ရွှေဆိုင် (၃)ဆိုင်ကို သွားရောက်ဖို့
မြန်မာသတင်း

ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ (၁၀၀)ကျော်သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်၊ စစ်ကောင်စီထုတ်ပြန်တဲ့ သေဆုံးစာရင်း ‌မြေပြင်အခြေအနေနဲ့ ကွဲလွဲနေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 3 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၉)ရက်နေ့ကစပြီး ရေကြီးရေလျှံတာကြောင့် နိုင်ငံတ၀န်းမှာ သေဆုံးသူ (၁၁၃)ဦးရှိပြီး ဒဏ်ရာရသူ (၁၄)ဦးရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့အထိ ရရှိထားတဲ့စာရင်းအရဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားကာ
မြန်မာသတင်း

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်ကလောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေကို ပစ်ခတ်ခဲ့တယ်လို့ LLPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီလောက် မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့