ချင်းပြည်နယ်၊ ဟားခါးမြို့က နှစ်ခြင်းသာသနာနယ်အဖွဲ့ ( HBA ) ရဲ့ ဆေးရုံကို စစ်ကောင်စီက မနေ့ညက ဧည့်စာရင်းစစ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလို စစ်ကောင်စီ အဖွဲ့က ဝင်ရောက်စစ်ဆေးတာကြောင့်သူနာပြုဆရာမလေးဉီးအပါအဝင် ဆရာဝန်မတစ်ဉီးအဖမ်းခံရပြီး ဟားခါးမြို့တွင်းက လူငယ်တစ်ချို့လည်း အဖမ်းခံရကြောင်း ဟားခါးဒေသခံတွေဆီကသိရပါတယ်။
အခုနောက်ပိုင်း ဟားခါးမြို့တွင်းမှာ ဧည့်စာရင်းအကြောင်းပြရင်း စစ်ကောင်စီတပ်က လူငယ်တွေအဖမ်းအဆီးများလို့ ဟားခါးမြို့ခံပြည်သူတွေလည်း စိုးရိမ်ပူပန်နေကြရတယ်လို့သိရပါတယ်။
Era’Eyes