မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက ကျေးရွာ (၁၁) ရွာမှာ ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင်တွေ ရှိနေတယ်လို့ တောင်သာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
ပြည်သူတွေအနေနဲ့ အဲဒီ ပျူလက်နက်ကိုင်တွေကို ကျေးရွာကနေ ထုတ်ပယ်ထားကြဖို့အတွက်ကိုလည်း နှိုးဆော်ထားပါတယ်။
ပျူစောထီးလက်နက်ကိုင်တွေရှိတဲ့ ကျေးရွာတွေက ရွာသစ် (ဝဲလောင်)၊ ထနောင်းကုန်း၊ ရသစ်၊ ဝါးကြီးအိုင်၊ တလိုင်းရွာသစ်၊ ကျွဲတလင်း၊ ဘုရားလှ၊ ကျောက်ကာ၊ တမိုက်သာ၊ ထန်းပင်ကန်နဲ့ ထန်းကျင်းတို့ ဖြစ်တယ်လို့ တောင်သာ ပ.အ.ဖ က အသိပေးထားပါတယ်။Era’sEyes