ရှေ့တန်းစစ်မြေပြင်ကို တာဝန်ထမ်းဆောင်ဖို့ တိုက်ပွဲ ဝင်ဖို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်တွေဆီကို NUGအစိုးရ၊ ပြည်ထဲရေးနှင့်လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြား ခဲ့တယ်လို့သိရပါတယ်။
အခုလိုတွေ့ဆုံပြီး တဲ့နောက်ဝန်ကြီးက လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို တပ်ဆင်ပေးခဲ့ပါတယ်။ ဒါအပြင် ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အထူးစစ်ဆင်ရေးတပ်ဖွဲ့များကို စစ်ဆင်ရေးရည်ရွယ်ချက်၊ စစ်ဆင်ရေးအစီစဉ်များ၊ ပြည်သူ လူထုနဲ့ ဆက်ဆံရမယ့် အခြေအနေတွေနဲ့ စစ်ဆင်ရေးဧရိယာရဲ့ မြေပြင်အခြေအနေများ၊ မဟာမိတ်စစ်ဒေသခွဲမှုးနဲ့ ကွပ်ကဲမှုအဆင့်ဆင့်အမိန်နာခံမှု အားကောင်း အောင်ရွက်ကြရန်၊ သတ္တိနဲ့ သတိယှဉ်ပြီး တိုက်တိုင်းအောင်တဲ့ ရဲဘော်တွေဖြစ်အောင်ကြိုးစားကြရေး အတွက် တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။