စစ်ကိုင်းတိုင်း၊ ကလေးမြို့ကို ဒီကနေ့ မေလ (၂၄) ရက် မနက် (၁) နာရီ ဝန်းကျင်တွင် စစ်ကောင်စီလေယာဉ် Y-8 နဲ့ ရဟတ်ယဥ်အပိုပစွည်းများ လာရောက်ချသွားတယ်လို့ စစ်ကောင်စီရဲ့ တပ်တွင်းသတင်းပေး ဖရဲသီးထံက သိရပါတယ်။
“ ဟာခါးမြိုမှာ ထေက်ပို့ရဟတ်ယာဥ် Mi-17 တစ်စီး ပျက်ဆီးတာရှိတယ်။အဲဒီဟာပြန်ပြင်ဖို့ အပိုပစ္စည်းတွေ လာချသွားတာ၊ ပျက်ဆီးသွားတဲ့ ရဟတ်ယာဥ်ကို ဒီမိုးရာသီ မရောက်ခင် အမြန်ဆုံး ပြန်ပြင်ကြမယ်” လို့ တပ်တွင်းဖရဲသီးက ပြောပါတယ်။
ပြီးခဲ့တဲ့မတ်လ (၃) ရက်နေ့ ညနေ၃ နာရီခွဲအချိန်ခန့်မှာ ချင်းပြည်နယ်၊ ထန်တလန် စစ်ကောင်စီ တပ်ကုန်းကို ဆင်းသက်လာတဲ့ Mi -17 ထောက်ပို့ရဟတ်ယာဉ်ကို CNA နဲ့ CDF-Thantlang တို့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ Mi-17 ရဟတ်ယာဥ်ကို ထိမှန်ခဲ့တာပါ။
Era’sEye/Photo-CRD (Thang Boo)