မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီကို နိုင်ငံတကာက ကူညီထောက်ပံ့တဲ့ ကယ်ဆယ်ရေးနဲ့ အထောက်အပံ့ပစ္စည်းတွေ လွယ်လွယ်ကူကူမရောက်ရှိပဲ ဖြစ်နေတာကြောင့် အကူအညီတွေ တိုက်ရိုက်ရောက်ဖို့လိုအပ်နေပါတယ်။
အခုလို့ကြန့်ကြာနေရတာဟာ စစ်ကောင်စီ ဘက်က ဟန့်တားမှုတွေပြုလုပ်နေတာကြောင့်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ မိုဒါမုန်တိုင်းဒဏ်သင့် ပြည်သူတွေကို ထောက်ပံ့မယ် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို မရောက်ရှိအောင် ပိတ်ပင်ထားတာမျိုးမလုပ်ဖို့ ကုလသမဂ္ဂက တောင်းဆိုမှုတွေလည်းပြုလုပ်ထားရတယ်လို့ သိရပါတယ်။
“ စစ်တပ်အနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့တဲ့ လမ်းကြောင်းတွေကို ပိတ်ပင်ထားတာတွေ ကို ရပ်တန့်ဖို့လိုပါတယ်။” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းမှာ ရိုဟင်ဂျာတွေနဲ့ သူတို့ကို ဆန့်ကျင်သူတွေဆီကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရအောင် ပိတ်ပင်မှုတွေပြုလုပ်နေတာပါ။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် မြန်မာပြည် ၁ ဒသမ ၆ သန်းကျော်အတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောကြားထားပါတယ်။
Era’sEye/Photo -CRD