စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာကို စစ်တပ်က တိုက်လေယာဥ် နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုဗုံးကြဲ တိုက်ခ်ုက်တာကြောင့်ဘုန်းကြီး ကျောင်းတစ် ကျောင်း ထိမှန်ပျက်စီးခဲ့တယ်လို့ ABSDF မြောက်ပိုင်း အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မေ ၂၃ ရက် မှာ စစ်တပ်က အင်းတော်မြို့နယ်၊ ရွာသာယာရွာကို တိုက်လေယာဥ်ဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
မေ ၂၅ ရက် မနက် ပိုင်းမှာလည်း စစ်တပ်က ကျွန်းတောရွာ၊ တုံစီရွာဘက်သို့ လက်နက် ကြီး၊ လက် နက်ငယ်များနဲ့ ပစ်ခတ်ပြီးအင်အား ၁၀၀ ခန့် နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံတွေအားလုံး ထွက်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကသာခရိုင် တပ်ရင်း ၂ (အင်း တော် PDF) နှင့် ABSDF ပူးပေါင်းတပ် တို့က ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အဖွဲ့များ အထိနာပြီး တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Era’sEye/Photo-CRD