ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊ဝေဠုန်ဝန်မြောက်ရပ်ကွက်မှာ မေ ၂၄ရက် မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်တွေက သေနတ်ပစ်ဖောက်ပြီး လူငယ်ကိုးဦး ကိုလာရောက်ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကသိရပါတယ်။
လက်ရှိမှာတော့ လူငယ်တွေကို ဘာကြောင့်ဖမ်းဆီးတယ်ပြီးဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုကိုတော့ မသိရှိရသေးပါဘူး။
အခုလို လူငယ်တွေကို လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီတပ်က နာမည်၊လိပ်စာတွေနဲ့တကွလာရောက်ရှာဖွေဖမ်းဆီးသွားတာဖြစ်ပါတယ်။
လူငယ်တချို့ကို စစ်ကောင်စီတပ်တွေက ရိုက်နှက်တာတွေလည်း ရှိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးခံလူငယ်တွေရဲ့မိသားစုတွေကတော့ ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာမသိရှိသေးတဲ့အတွက် လူငယ်တွေရဲ့အသက်အန္တရာယ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့သိရပါတယ်။
Era’sEye/Photo -CRD