စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အဆိုတော် ဗျူဟာ ကို စစ်ကြောရေးမှာ ရိုက်နှက်ခံရတာကြောင့် သေဆုံး ပြီဆိုတဲ့ သတင်းဟာမဟုတ်မှန်ဘူးလို့သိရပါတယ်။
အဆိုတော်ဗျူဟာကို လက်ရှိမှာ အင်းစိန်အကျဉ်းထောင် အချုပ်ဆောင်ကို ရောက်ရှိနေတယ် အကျဥ်းထောင်နဲ့နီးစပ်သူတဦးကပြောပါတယ်။
စစ်ကောင်စီကလည်း သူ့ကိုဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ဘာလို့ ဖမ်းဆီးတယ်၊ဘယ်လိုပုဒ်မတွေနဲ့ အရေးယူ ထားတယ်ဆိုတာတွေထုတ်ပြန်တာမရှိသေးပါဘူး။
အဆိုတော် ဗျူဟာ ဟာ လျှပ်စစ်မီးပုံမှန် မရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး မေလ ၂၃ ရက်က သူရဲ့လူမှုကွန်ရက်စာမျက် နှာကနေတဆင့် စစ်ကောင်စီ ဥက္ကဌ နဲ့ လျှပ်စစ်ဝန်ကြီးတို့ကို Live လွှင့်ပြီးဝေဖန်ပြောဆိုခဲ့တာပါ။
အဲဒီလိုပြောဆိုပြီး နောက်မှာ သူနေထိုင်ရာ ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်က နေအိမ်မှာ စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာပါ။
#Era’sEye /Photo -CRD