နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီတပ်မှ လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့သောကြောင့် နေအိမ် (၁) လုံးပျက်စီး။

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ကျုံဒိုးမြို့နယ်အတွင်းရှိ သလွဲထော်ကျေးရွာအတွင်းကို မေလ (၂၅) ရက်၊ နေ့လည် ၁၂ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ရဲ့ စကခ−၁၂ လက်အောက်ခံ တပ်ရင်း (၂၃၁) လက်နက်ကြီးတပ်သစ် အမြောက်ကုန်းမနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပြည်သူတွေဘက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး (၂) လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

နော်မူးလာအဲ (၂၅) နှစ်ရဲ့ တိုက်အိမ်တစ်လုံးမှာ လက်နက်ကြီးကြောင့် မှန်ပြတင်းပေါက်၊ အိမ်နံရံနဲ့ ခေါင်မိုးများ ထိမှန်ပျက်စီးခဲ့ရပြီး နွတ်တလေလာ့အင်းအနား လယ်ကွင်းထဲမှာ (၁) လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

၂၀၂၃ ခုနှစ် မေလ (၂၆) ရက် နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်လောက်မှာ စကခ−၁၂ လက်အောက်ခံ တပ်ရင်း (၂၃၁) လက်နက်ကြီးတပ်သစ် အမြောက်ကုန်းက ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာကို ၁၀၅ မမ ဟောင်ဝစ်ဇာ (၃) လုံးနဲ့ လှမ်းပစ်ရာ ကေအဲန်ယူ−ကျုံဒိုးမြို့နယ် ကမ္မရိုက်နဲ့ တောင်ကမ္မရိုက်ကြား တောအုပ်ထဲကို ၂ လုံးနဲ့ ကျုံဒိုးမြို့နယ် အရှေ့ကွင်း ကျေးရွာ လယ်ကွင်းထဲကို ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်းလည်း သိရှိရပါတယ်။

သတင်းအရင်းအမြစ်။ ဒူးပလာယာခရိုင်−သတင်းနှင့်ပြန်ကြားရေး/ကရင်အမျိုးသားအစည်းအရုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအဆင့်အပါ (၃)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 44 Views
နိုဝင်ဘာလ (၈)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ရေစကြိုမြို့အထွက်မှာ လမ်းကင်းယူနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေ အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 36 Views
နိုဝင်ဘာလ (၈)ရက်။ အခုအချိန်မှာ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ တဖြည်းဖြည်း အရေးနိမ့်လာတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ လေယာဉ်/ရဟတ်ယဉ် တပ်တော်ဝင်အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ဖို့ CRPH ထပ်မံတောင်းဆို

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 41 Views
နိုဝင်ဘာလ (၈)ရက်။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်ကို ပြတ်သားစွာ ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို CRPH က ဒီကနေ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ (၅)နှစ်ပြည့်မှာ ထပ်မံတောင်းဆိုထားတယ်လို့ သိရပါတယ်။ အခုအခါ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့်
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 44 Views
နိုဝင်ဘာလ (၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အမှန်ကို အမှန်အတိုင်း ရှုမြင်ရမယ့်အချိန်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ချို့ရဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အခုအခါ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့ပြီး
မြန်မာသတင်း

ခြင်္သေ့ရုပ်တွေ့ရင် လက်ညှိုးနဲ့ ခလုပ်နှိပ်ပါဆိုပြီး မဲပေးစက်အကြောင်း ရှင်းပြချိန် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦး မဲဆွယ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 40 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ပြင်ဦးလွင်မြို့ရှိ ဝါးပိုးရေရွာနဲ့ အင်သာရွာတို့မှာ ကြံ့ခိုင်ရေးပါတီကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ့် စစ်ကော်မရှင်ဝန်ကြီး မြထွန်းဦးက မဲဆွယ်စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီမဲဆွယ်ပွဲမှာ မြထွန်းဦးက မဲပေးစက်အကြောင်း ရှင်းပြချိန် ခြင်္သေ့ရုပ်တွေ့ရင် ဘေးကခလုတ်ကို လက်ညှိုးနဲ့သာနှိပ်ဖို့ဆိုပြီး
မြန်မာသတင်း

ကျုံဒိုးမြို့မှာ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို လက်မခံဖို့နဲ့ ည(၈)နာရီကနေ နံနက် (၆)နာရီအထိ ခရီးမသွားဖို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 40 Views
နိုဝင်ဘာလ (၇)ရက်။ ကျုံဒိုးမြို့နယ်ထဲ ကျားဖြန့်လုပ်ငန်းတွေကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေကို ရွှေ့ပြောင်းတာနဲ့ လက်ခံခေါ်ယူတာ မလုပ်ဖို့ KNU က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ သူတို့တရားဝင်မှုရရှိဖို့ အြမ်းဖက်မှုမျိုးစုံကို ကျုံဒိုးမြို့နယ်မှာ ပြုလုပ်နေကာ KNU အနေနဲ့
မြန်မာသတင်း

မိုးကုတ်မြို့ကို ကာကွယ်ဖို့ PDF တပ်ရင်း(၁)ရင်း ထပ်တိုးဖွဲ့စည်း

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 24 Views
နိုဝင်ဘာလ (၇)ရက်။ မိုးကုတ်မြို့ကို ကာကွယ်ဖို့ “ Ruby Land PDF” မိုးကုတ်တပ်ရင်း(၁)ရင်းကို ထပ်တိုးဖွဲ့စည်းခဲ့တယ်လို့ PDF-TRI ဗျူဟာရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ Ruby Land PDF” ကို
မြန်မာသတင်း

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားဖို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 25 Views
နိုဝင်ဘာလ (၇)ရက်။ စစ်တပ်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်ခံရရင် တိုင်ကြားနိုင်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘယ်သူမဆို ပြည်သူကို အတုအယောင်ရွေးကောက်ပွဲမှာ မဲထွက်ပေးဖို့ ခြိမ်းခြောက်အကျပ်ကိုင်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ဆိုပါတယ်။