စစ်ကောင်စီတပ်စခန်း (၃) ခုကို ဒရုန်းတွေနဲ့တစ်ပြိုင်တည်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်ရင်းမှူး (၁) ဦးအပါအဝင် (၉) ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Federal Wings Drone တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
မြဝတီမြို့တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေီတကုန်း၊ မော်ခီးစခန်တတတနဿးနဲ့ ကနဲလေးစခန်းတို့ကို မေလ (၂၃) ရက်နေ့က စတင်ပြီး KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈) နဲ့Federal Wings Drone တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်တပ်ရဲ့ ကနဲလေးစခန်းက တပ်နရင်းမှူး (၁) ဦး အပါအဝင် (၉) ဦး သေဆုံး ခဲ့တယ်လို့ စစ်မြေပြင်ရှိ KNDO တပ်ရင်း (၈) နဲ့ Federal Wings Drone တပ်ဖွဲ့က ဆိုပါတယ်။
Era’sEye/photo -CRD