ဖမ်းဆီးခံထားရတဲ့ ဟစ်ဟော့အဆိုတော် ဗျူဟာကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ် ၅၀၅ (က) နဲ့ ရန်ကုန် မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
မေ ၂၉ ရက်မှာ မြောက်ဒဂုံတရားရုံးမှာ ရမန်ယူ ရုံးထုတ်မယ်လို့ အဆိုတော်ဗျူဟာနဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။
လက်ရှိအခြေအနေအရ အဆိုတော်ဗျုဟာရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်စဥ် ကစစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေတော့ရှိနေပါတယ်။
အဆိုတော်ဗျူဟာကို ရန်ကုန် မြောက်ဒဂုံနေအိမ်မှာ မေလ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးခဲ့တာပါ။
အဆိုတော် ဗျုဟာ ဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ လျှပ်စစ်မီးပြတ်တောက်မှုကို ဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်ပါတယ်။
Era’sEye/Photo -CRD