မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ထောက်ရစ်ရွာမှာ မေလ (၂၆) ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP) ရပ်/ကျေးဥက္ကဋ္ဌ အပါအဝင် ပါတီဝင်ငါးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဥ် ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီက မြင်းခြံ၊ တောင်သာဘက် အထွက်ဂိတ်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
တံတားဦးဘက်မှာလည်း စစ်ဆေးမှုတွေ ရှိနေပြီး ဖမ်းဆီးမှု့အချို့လည်း ရှိနေတယ်လို့ သိရပါတယ်။
အမည်မသိအဖွဲ့တစ်ခုက လက်နက်ကိုင်ဆောင်လာသူတွေဟာ ကြံ့ခိုင်ရေးပါတီဝင်တွေရဲ့ နေအိမ်တွေထဲကို ဝင်ရောက် ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောဆိုနေကြတာ ဖြစ်ပါတယ်။
Era’sEye / Photo -CJ (တံတားဦးမြို့အဝင် တစ်နေရာကို တွေ့ရစဉ်။) REF: RFA