ကရင်လူငယ်အစည်းအရုံး (Karen Youth Organization- KYO) ကဦးဆောင်ပြီး နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်း (Summer Youth Camp-SYC)ကို ကေအဲန်ယူ-သထုံခရိုင် အုပ်ချုပ်နယ်မြေအတွင်းမှာပြုလုပ်ခဲ့ပါတယ်။
အဲဒီ နွေရာသီလူငယ်စွမ်းရည်မြှင့် စခန်းသွင်းသင်တန်းကို မေ ၃ ရက် ကနေ ၂၃ ရက်အထိ သင်ကြားပို့ချခဲ့ တယ်လို့ (KNU _ Doo Tha Htu District) က သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်းမှာ Karen Historical struggle၊ KNU Policy, Constitution, future plan and 14 Departments ၊ Introduction to Federalism၊ Human Rights abuse ၊KWO Constitution ၊KYO-Constitution and the role of youth in nation building၊ Media အခန်းကဏ္ဍ၊ Enviromental & Conservation၊ Leadership skill တို့အပြင် ကိုယ်လက်ကြံ့ခိုင်ရေး၊ အခြေခံစစ်သင်တန်း များကိုလည်း သင်ကြားပို့ချပေးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။
နွေရာသီလူငယ်စခန်းသွင်းသင်တန်း(SYC)ကို ကေအဲန်ယူ- သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းရှိ မြို့နယ် (၄)ခုဖြစ်တဲ့ ဖားအံ၊ ဘီးလင်း၊ ကျိုက်ထို၊ သထုံမြို့နယ်နဲ့ မော်စကိုအထူးဒေသတို့မှ ကရင်လူငယ်များနဲ့ ဗမာလူငယ်သင်တန်း သားများစုစုပေါင်း (၇၇)ဦးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
Era’sEye/Photo -KNU