စစ်ကိုင်းတိုင်း အရာတော်နယ်ရှိ Danger Force LPDF ရဲ့ တပ်စခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း လိုက်ပါတယ်။
အဲဒီ စီးနင်းမှုမှာ ကျပ်သိန်း ၃၀၀ ဖိုးခန့်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မီးရှို့ဖျက်ဆီးမှုကြောင့် စခန်းအတွင်းရှိ ကျပ် ၁၈သိန်း၊ မိုင်းအလုံး ၃၇ လုံး ၊ ၇.၆၂ အမျိုးအစား ကျည် ၄၀၀ တောင့်၊၅.၅၆ အမျိုးအစား ကျည် ၁၅၀တောင့်၊ ၉ မမ အမျိုးအစားကျည် ၅၀ တောင့်၊ 9 ball အမျိူးအစား ကျည် ၁၀၀ တောင့်နဲ့အတူ ဆိုင်ကယ်သုံးစီး၊ ကားတစ်စီးနဲ့ အခြားဆက်စပ်ပစ္စည်းများစွာ (ကာလတန်ဖိုး သိန်း ၃၀၀နီးပါး) ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Danger Force LPDF အဖွဲ့က ထုတ်ပြန်ပါထားပါတယ်။
Era’sEye/ စခန်းအား စီးနင်းမီးရှို့ခံရပြီးနောက် တွေ့ရစဥ်။ (ဓာတ်ပုံ- Danger Force LPDF)