စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်မှာ စစ်ကောင်စီလက်အောက်က အခြေခံပညာဦးစီးဌာနကကျောင်းတွေမှာ ကျောင်းစဖွင့်တဲ့ ဒီကနေ့ ဇွန်လ (၁) ရက်နေ့မှာ ကျောင်းတက်တဲ့သူ နှစ်သောင်းနီးပါးရှိတယ်လို့ ဒေသခံ သတင်းမီဒီယာ Chin World Media မှာ ဖော်ပြထားပါတယ်။
ကလေးမြိုနယ်က “ အခြေခံပညာကျောင်းတွေ ၊ ဘုန်းကြီးကျောင်းတွေ ၊ ကိုယ်ပိုင်ကျောင်းတွေ အပါအဝင် ကျောင်းတက်တဲ့သူတွေက မူလတန်းအဆင့်က (၁၃၀၄၃) ၊ အလယ်တန်းအဆင့်က (၄၂၉၉) ယောက် ၊ အထက်တန်းအဆင့်က (၁၂၂၀) ရှိတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြိုမှာ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှာ ကျောင်းတက်နိုင်ဖို့အတွက် အစိုးရကျောင်း (၅၇) ကျောင်းနဲ့ ဘုန်းကြီးကျောင်း (၇) ကျောင်း ၊ ကိုယ်ပိုင်ကျောင်း (၁၈) ကျောင်းတွေ ဖွင့်လှစ်ထားပြီး ဒီကနေ့အချိန်ထိ ကျောင်းအပ်တဲ့ ကျောင်းသားကျောင်းသူပေါင်း (၂၄၉၂၆) ယောက်ရှိကြောင်း သိရှိရပါတယ်။
ကျောင်းအပ်နှံရန်သတ်မှတ်ထားသည့် မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူဦးရေ ၆.၄၇ သန်းကျော်ရှိကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ။ Chin World Media