ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့တွင်းမှာ ဇွန် ၂ ရက်မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်နဲ့ KNLA/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါတယ်။
နှစ်ဘက်တိုက်ပွဲ တွေကြောင့် ပြည်သူတွေ
ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ် တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေဖြစ်ပေါ်နေတာပါ။
နှစ်ဖက်တိုက်ပွဲကြား အရပ်သား ထိခိုက်သေဆုံးမှု ၈ ဦးထက်မနည်းရှိနေတယ်လို့ ကြာအင်းဆိပ်ကြီး ဒေသခံက တွေဆီကသိရပါတယ်။
နှစ်ဘက်တိုက်ပွဲ ရဲ့ထိခိုက်သေဆုံးမှုကိုတော့လက်ရှိမှာအသိရသေးသလို တိုက်ပွဲ လည်းဆက်ဖြစ်နေသေးတယ်လို့သိရပါတယ်။
Era’sEye /Photo /CRD