စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်အတွင်း မြို့နယ်လေးခုရှိ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက တပ်ရင်းတပ်ဖွဲ့များကို လက်နက် ၅လက်စီ ပေးအပ်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
ယင်းမာပင်ခရိုင်တွင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီး၊ ပုလဲစသည့် မြို့နယ် လေးခုရှိပြီး တပ်ရင်းကျပြီး ကာကွယ်ရေးဝန်ကြီးဌာနက အသိမှတ်ပြုထားတဲ့ တပ်ရင်း ၃၇ရင်းရှိတယ်လို့ဆိုပါတယ်။
” ကျနော်တို့သတ်မှတ်ထားတာက တပ်ရင်းတစ်ရင်းကို ရဲဘော် ၂၀၀ ကျော်ကိုး။ တချို့ရင်းတွေဆိုရင် တပ်ရင်းချထားတာ တစ်နှစ်ကျော်ပြီ။ အခုမှ အဲဒီ ၅လက်ရောက်တာ” ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကဆိုပါတယ်။
ယင်းမာပင်ခရိုင်ရှိ မြို့နယ်လေးခုမှ တပ်ရင်းတိုင်းကို ယခုထက်ပို၍ လက်နက်ခဲယမ်းများ တပ်ဆင်ပေးနိုင်ပါက ဒေသတွင်းစစ်ရေးအခြေအနေ သိသာစွာအပြောင်းအလဲဖြစ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနက မောင်းပြန် သေနတ် ၅လက် တပ်ဆင်ပေးလာကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF) ခေါင်းဆောင် ကပြောကြားပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း- ၁၉(Pale Jokers PDF)အား ဇွန်လ ၁ရက်တွင် သေနတ်၅လက်၊ ကျည်ဘောက် ၁၅ခုနှင့် ကျည် ၅၀၀ကို ရင်းစောင့်အဖြစ် တပ်ဆင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိတွင် ယင်းမာပင်မြို့နယ်၌ ကာကွယ်ရေးဝန်ကြီးဌာနထံ တပ်ရင်းတင်ထားဆဲ တပ်ရင်းများလည်းရှိနေသေးတယ်လို့ဆိုပါတယ်။
Era’sEye/(NUGက Pale Jokers PDFနှင့်ခရိုင်တပ်ရင်းများကို တပ်ဆင်ပေးသည့် မောင်းပြန်သေနတ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Pale Jokers PDF၊CJ)