နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG ယာယီသမ္မတ ဒူဝါလရှီးလ လွတ်မြောက်နယ်မြေတစ်နေရာအတွင်းရှိ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့ သွားရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက လွတ်မြောက်နယ်မြေတစ်နေရာအတွင်းရှိ ဆိုင်ကလုန်း မိုခါမုန်တိုင်းသင့် ပြည်သူများထံသို့ သွားရောက်အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့ကြောင်း ဇွန်လ (၃) ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

လွတ်မြောက်နယ်မြေတစ်နေရာဟုသာ ဖော်ပြထားပြီး မည်သည့် ပြည်နယ်ဖြစ်ကြောင်း ဖော်ပြထားခြင်း မရှိပါ။

NUG အစိုးရအနေနှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နဲ့အဖွဲ့ဟာ ပဲခူးတိုင်းအတွင်းက ရှေ့တန်းစစ်မြေပြင်တစ်နေရာကို သွားရောက်ခဲ့တယ်လို့ မေလ (၃၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထို့အတူ ရန်ကုန်တိုင်းစစ်ဒေသခွဲရဲ့ ပထမဆုံး တပ်ရင်းအဖြစ် တပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ဇွန်လ (၁) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

လေလှိုင်းအစိုးရသာ ဖြစ်တယ်လို့ ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာ အခုလို မြေပြင်အထိ လှုပ်ရှားနေပြီဖြစ်ကြောင်း ပြသလာတာဟာ ပြည်သူတွေ အရမ်းကို အားတက်ရကြောင်း ရန်ကုန်နေ ပြည်သူတဦးက ခေတ်မျက်လုံးက ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ကြီးမှူးကြီး မင်းအောင်လှိုင်ကလည်း ရခိုင်လေဘေးသင့်နေရာများကို သွားရောက်ခဲ့သလို ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြင်းခြံသံမစက်ရုံအပါအဝင် နိုင်ငံအနှံ့သို့ သွားရောက်နေပြီး မိမိတို့သာ အစိုးရဖြစ်ကြောင်း၊ တိုင်းပြည်ကို အုပ်ချုပ်ထားနိုင်ကြောင်း ကြော်ငြာနေသလို NUG အစိုးရမှလည်း မိမိတို့ လွတ်လပ်နယ်မြေများကို ဖော်ဆောင်နေကြောင်း ပြည်တွင်းမှာ ထဲထဲဝင်ဝင် ရှိနေကြောင်း ဖော်ပြနေတာလို့ နိုင်ငံရေး သုံးသပ်သူတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီး ဒေသခံတဦးကလည်း စစ်ကောင်စီရဲ့ ရုံးစိုက်ရာနေရာများကို လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီက ပြည်သူတွေကို လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့များအနေနဲ့ အပစ်မဲ့ပြည်သူများ ကြားမညပ်ဖို့ အထူးသတိထားပြီး လုပ်ဆောင်စေလိုကြောင်း ခေတ်မျက်လုံးကို ပြောကြားခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ လုံးဝမကျင်းပဖို မြိုနယ်ပအဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 10 Views
မေလ (၁၆)ရက်။ လောင်းလုံးမြိုနယ်ထဲ ဇာတ်သဘင်တွေ မကျင်းပဖို မြိုနယ်ပအဖက မနေ့ကရက်စွဲနဲ့ သတိပေးထုတ်ပြန်ထားတယ်လို သိရပါတယ်။ လောင်းလုံးနယ်ထဲ နယ်မြေတည်ငြိမ်အေးချမ်းဖို၊ ပြည်သူရဲ့
မြန်မာသတင်း

AA ရဲ့ ထိုးစစ်အောက်စ အမတ(၃၄၄)ကို စစ်ကောင်စီ လက်လွှတ်ရဖိုအခြေအနေရောက်နေ

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 22 Views
မေလ (၁၆)ရက်။ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ ရေကြည်အခြေစိုက် အမတ(၃၄၄)တပ်ရင်းကို စစ်ကောင်စီ လက်လွှတ်ရမယ့်အခြေအနေ ရောက်ရှိနေပြီလို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ မေလ
မြန်မာသတင်း

CDF-Hakha ရဲ့ ဦးဆောင်သူတွေ စကားများရာက သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒုဥက္ကဋ္ဌဟောင်း ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 23 Views
မေလ (၁၆)ရက်။ မနေ့က CDF-Hakha ရဲ့ ဒုဥက္ကဋ္ဌဟောင်းနဲ့ အထွေထွေအတွင်းရေးမှူးတို စကားများရာကနေ သေနတ်နဲ့ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စဖြစ်တာက CDF-Hakha ဌာနချုပ် ပြောင်းရွှေ့ဖိုဆိုပြီး လုပ်ရာကနေ စကားများကြတာလိုကြားတယ်။
မြန်မာသတင်း

ညောင်ဦး-ငါ့သရောက်လမ်းပိုင်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲဝင် (၄)ဦး သေဆုံး

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 18 Views
မေလ (၁၆)ရက်။ မေလ (၁၃)ရက်နေ့က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ အင်အား (၁၂၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Earthquake-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ညောင်ဦးကနေ အင်အား (၁၂၀)လောက်နဲ့ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းနဲ့
မြန်မာသတင်း

ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 16 ရက်
  • 25 Views
မေလ (၁၆)ရက်။ အခုအခါ ယောနယ်ထဲ ထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်သွားမယ်လို့ YDF စစ်ဦးစီးမှူးက (၅)နှစ်ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခု ‌ယောနယ်ကို စစ်တပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေကာ ယောဒေသ၊
မြန်မာသတင်း

ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 20 Views
မေလ (၁၅)ရက်။ မေလ (၂)ရက်နေ့က ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသား (၂၀၀)ခန့် တနေ့လုံး ငြိမ်သက်စွာ ‌အစာငတ်ခံ ဆန္ဒပြခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကျဉ်းထောင်ထဲ နိုင်ငံရေးအကျဉ်းသားတွေဟာ “ ပြည်သူ့ထမင်းစစ်စစ်
မြန်မာသတင်း

စစ်မှုထမ်း အကျုံးဝင်သူတွေကို မှတ်ပုံတင်ပြီး အလှည့်ကျစနစ်နဲ့ ဆင့်ခေါ်ဖို့ စစ်ကော်မရှင်စီစဉ်

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ စစ်မှုထမ်းဖို့ အကျုံးဝင်သူတွေစာရင်းကို မှတ်ပုံတင်ထားဖို့ စစ်ကော်မရှင်ရဲ့ ကာကွယ်ရေးဝန်ကြီး ထွန်းအောင်က မနေ့က အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ နယ်မြေထဲ အကျုံးဝင်သူအင်အားစာရင်းကို သက်ဆိုင်ရာလဝကနဲ့ ပေါင်းစပ်ကာ စာရင်းပြုစု
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က အကျအဆုံးများနေ

  • 2026 ခုနှစ်၊ မေလ 15 ရက်
  • 25 Views
မေလ (၁၅)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ လေးမျက်နှာနဲ့ ရေကြည်မြို့တို့မှာ စစ်တပ်နဲ့ AA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ သာပေါင်း၊ လေးမျက်နှာ၊ ရေကြည်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ။ အဲ့ဒီတိုက်ပွဲတွေမှာ