နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယနေ့ ရန်ကုန် ကမာရွတ်မြို့နယ်အတွင်းမှာ ပန်းရောင်းသူနဲ့ ပန်းဝယ်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီဖမ်းဆီး

ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ မနက်ပိုင်းအချိန်က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်အတွင်းမှာ ပန်းရောင်းတဲ့ဈေးသည်များအပါအဝင် ပန်းဝယ်သူများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့တယ်လို့ မြေပြင်တွေ့ရှိခဲ့သူများရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

ဒီနေ့ ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်းမှုများ ရှိနေတဲ့အချိန်မှာ စစ်ကောင်စီဘက်က အခုလို ပြည်သူများကို ဖိအားပေး ပိတ်ပင်တားဆီးမှုများ ပြုလုပ်လျက်ရှိလာတာပါ။

“မနက် ၈ နာရီလောက်က ဆင်မလိုက်ဈေးနဲ့ Junction square နားမှာ ပန်းသည်တွေနဲ့ ပန်းဝယ်ထားတဲ့သူတွေကို ဖမ်းသွားတာတွေ့တယ်။

Faw ကားတွေကော DC ကားတွေနဲ့ကော အတင်းလိုက်ဖမ်းတဲ့ပုံစံပဲ၊ တော်တော်များများ အဖမ်းခံရတယ်လို့ ကြားတယ်။ လိုင်းကားပေါ်တွေလည်း တက်စစ်တာတွေ့တယ်၊ ဒီနေ့က အမေစုမွေးနေ့အတွက်ဆိုပြီး ပန်းပန်ကြဖို့ ပြောထားတာ ရှိတယ်၊ ဒါကိုသိတော့ ပြည်သူတွေအပေါ် လိုက်ပြီး ဖိအားပေးပိတ်ပင်တာ” လို့ ကမာရွတ်မြို့နေသူတစ်ဦးက ဆိုပါတယ်။

ပန်းရောင်းသူများနဲ့ ပန်းဝယ်ယူသူ ပြည်သူများအား ဖမ်းဆီးမှုဟာ ကမာရွတ်မြို့နယ်အတွင်းရှိ ဆင်မလိုက်ဈေးအပါအဝင် Junction Square အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုများရှိခဲ့ပြီး ဈေးသည်များ အပါအဝင် ပြည်သူ (၁၀) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ဒီနေ့မှာတော့ ကမာရွတ်မြို့နယ်ရှိ လူစည်ကားရာနေရာများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များအပါအဝင် DC ကားများဖြင့် ကင်းပတ်ခြင်းများ၊ နေရာချထားခြင်းများ ပြုလုပ်တာတွေရှိတယ်လို့ မြေပြင်သတင်းပေးပို့မှုများအရ သိရပါတယ်။

အလားတူ ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း မင်္ဂလာဒုံမြိုနယ်၊ ရွှေနံ့သာရပ်ကွက်၊ ကျောက်စိမ်းလမ်းရှိ ပတ္တမြားစျေးမှာ ပန်းကြဲဆန္ဒပြသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြထားပါတယ်။

(ပုံစာ – စစ်ကောင်စီရဲ့ ဖိအားပေး ပိတ်ပင်ဖမ်းဆီးမှုများကြားမှ ပန်းသပိတ်လှုပ်ရှားမှုမှာ နည်းလမ်းမျိုးစုံဖြင့် ပါဝင်လာကြတဲ့ ပြည်သူများအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဗိုလ်မှူးအဆင့်အပါအဝင် (၂၀)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 20 Views
ဇန်နဝါရီလ (၁၂)ရက်။ ဒီကနေ့ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “
မြန်မာသတင်း

ယောဒေသစစ်ဆင်ရေးထဲ ပျုစောထီးရွာ (၂)ရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာန ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 19 Views
စစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၀)ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ဇန်နဝါရီလ (၁၂)ရက်။ ယောဒေသစစ်ဆင်ရေးကာလထဲ စစ်တပ်ဘက်က (၄၂)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့
မြန်မာသတင်း

ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)အပါအဝင် တပ်စခန်းအချို့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 20 Views
ဇန်နဝါရီလ (၁၂)ရက်။ မနေ့က တရက်ထဲ ရေးမြို့ပေါ်ရှိ စစ်တပ်ရဲ့ စကခ(၁၉)နဲ့ အမတ(၃၁၆)အပါအဝင် ဂိတ်စခန်းအချို့ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ရာမညမွန်တပ်တော်(RMA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၈)နာရီလောက်မှာ စကခ(၁၉)ကို ရှော့တိုက်ဒုံး
မြန်မာသတင်း

တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 33 Views
ဇန်နဝါရီလ (၁၂)ရက်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာနဲ့ အပစ်ရပ်တာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာကနေ သက်သာခွင့်ရလာတာလို့ TNLA က ဒီကနေ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်း ပြီးတဲ့နောက် တိုက်ပွဲပိုပြင်းထန်လာကာ
မြန်မာသတင်း

“ဒီမိုကရေစီစိတ်ပျောက်-အာဏာရှင်စိတ်ပေါက်”

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
“NUGရဲ့တော်လှန်ရေးအောင်မြင်နိုင်ပါ့မလား” ဒီအပတ်တနင်္ဂနွေနေ့မှာပြောကြားမဲ့အကြောင်းကတော့ဘုံရန်သူတိုက်နေသူတွေအကြား ညီညွတ်ရေးတည်ဆောက်ရမဲ့အလုပ်မှာတာဝန်အရှိဆုံး အစိုးရအမည်ခံထားတဲ့ NUGရဲ့ ကာဝန်အောက်က ပီဒီအက်ဖ်တပ်တွေ ဇာတ်တူသားစားကြတော့မဲ့ အရိပ်အယောင် ပြတာ တင်မက ဗိုလ်နဂါးကအသိပေးထားတဲ့ကြားကBNRA ဂိတ်၂ခုကိုဝင်ရောက်ဖမ်းဆီးသိမ်းပိုက် ပြီး လက်နက်တွေနဲ့စက်လတ်တလက်ကို အကြမ်းဖက် သိမ်းပိုက်ခဲ့တာတွေကြောင့် အကောင်းထက်အဆိုးဖက်ကိုရှေးရှူနေတဲ့ ရှေ့ တော်လှန်ရေးအလားအလာကို
မြန်မာသတင်း

မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 45 Views
မုံရွာ နမခကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ် ပစ်ခတ်ခံရပြီး ထိမှန်ပျက်စီးခဲ့ ဇန်နဝါရီလ (၁၀)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က မုံရွာအခြေစိုက် နမခဌာနချုပ်ကိုလာတဲ့ စစ်တပ်ရဟတ်ယာဉ်ကို ပစ်ခတ်ခဲ့တယ်လို Battalion of Budalin(BOB)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 30 Views
ဇန်နဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၆)နာရီအချိန်ကစပြီး ဂန့်ဂေါမြိုရှိ ခလရ(၅၀)တပ်အပါအဝင် စစ်တပ်ရဲ့ ဂိတ်စခန်းတွေ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို ယောအလင်းတန်းရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနက် (၆)နာရီလောက်မှာ ခလရ(၅၀)တပ်နဲ့ မြိုဝင်ဂိတ်တွေ၊ ဝီလပ်တံတားနဲ့
မြန်မာသတင်း

လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေက အကြမ်းဖက်စနစ်ဆိုပြီး အာဏာလုမင်းအောင်လှိင်ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 26 Views
ဇန်နဝါရီလ (၁၀)ရက်။ တိုင်းရင်းသားဒေသတွေက လက်နက်အားကိုးနဲ့ တောင်းဆိုတာတွေဟာ အကြမ်းဖက်စနစ်ဆိုပြီး အာဏာလု မင်းအောင်လှိင်က ကချင်ပြည်နယ်နေ့မှာ ပေးပိုတဲ့သဝဏ်လွှာထဲ ပြောဆိုထားတယ်လို သိရပါတယ်။ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲမသမာတာကြောင့်ဆိုပြီး နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မ လုယူထားတဲ့ စစ်ခေါင်းဆောင်