နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယနေ့ ရန်ကုန် ကမာရွတ်မြို့နယ်အတွင်းမှာ ပန်းရောင်းသူနဲ့ ပန်းဝယ်သူ ၁၀ဦးထက်မနည်းကို စစ်ကောင်စီဖမ်းဆီး

ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ မနက်ပိုင်းအချိန်က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်အတွင်းမှာ ပန်းရောင်းတဲ့ဈေးသည်များအပါအဝင် ပန်းဝယ်သူများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့တယ်လို့ မြေပြင်တွေ့ရှိခဲ့သူများရဲ့ ပြောဆိုချက်များအရ သိရပါတယ်။

ဒီနေ့ ဇွန်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပန်းသပိတ်ပြုလုပ်ရန် တိုက်တွန်းမှုများ ရှိနေတဲ့အချိန်မှာ စစ်ကောင်စီဘက်က အခုလို ပြည်သူများကို ဖိအားပေး ပိတ်ပင်တားဆီးမှုများ ပြုလုပ်လျက်ရှိလာတာပါ။

“မနက် ၈ နာရီလောက်က ဆင်မလိုက်ဈေးနဲ့ Junction square နားမှာ ပန်းသည်တွေနဲ့ ပန်းဝယ်ထားတဲ့သူတွေကို ဖမ်းသွားတာတွေ့တယ်။

Faw ကားတွေကော DC ကားတွေနဲ့ကော အတင်းလိုက်ဖမ်းတဲ့ပုံစံပဲ၊ တော်တော်များများ အဖမ်းခံရတယ်လို့ ကြားတယ်။ လိုင်းကားပေါ်တွေလည်း တက်စစ်တာတွေ့တယ်၊ ဒီနေ့က အမေစုမွေးနေ့အတွက်ဆိုပြီး ပန်းပန်ကြဖို့ ပြောထားတာ ရှိတယ်၊ ဒါကိုသိတော့ ပြည်သူတွေအပေါ် လိုက်ပြီး ဖိအားပေးပိတ်ပင်တာ” လို့ ကမာရွတ်မြို့နေသူတစ်ဦးက ဆိုပါတယ်။

ပန်းရောင်းသူများနဲ့ ပန်းဝယ်ယူသူ ပြည်သူများအား ဖမ်းဆီးမှုဟာ ကမာရွတ်မြို့နယ်အတွင်းရှိ ဆင်မလိုက်ဈေးအပါအဝင် Junction Square အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးမှုများရှိခဲ့ပြီး ဈေးသည်များ အပါအဝင် ပြည်သူ (၁၀) ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ဒီနေ့မှာတော့ ကမာရွတ်မြို့နယ်ရှိ လူစည်ကားရာနေရာများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်များအပါအဝင် DC ကားများဖြင့် ကင်းပတ်ခြင်းများ၊ နေရာချထားခြင်းများ ပြုလုပ်တာတွေရှိတယ်လို့ မြေပြင်သတင်းပေးပို့မှုများအရ သိရပါတယ်။

အလားတူ ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ နံနက် ၈ နာရီခန့်ကလည်း မင်္ဂလာဒုံမြိုနယ်၊ ရွှေနံ့သာရပ်ကွက်၊ ကျောက်စိမ်းလမ်းရှိ ပတ္တမြားစျေးမှာ ပန်းကြဲဆန္ဒပြသူတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြထားပါတယ်။

(ပုံစာ – စစ်ကောင်စီရဲ့ ဖိအားပေး ပိတ်ပင်ဖမ်းဆီးမှုများကြားမှ ပန်းသပိတ်လှုပ်ရှားမှုမှာ နည်းလမ်းမျိုးစုံဖြင့် ပါဝင်လာကြတဲ့ ပြည်သူများအားတွေ့ရစဉ်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 110 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို