မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အရှေ့ခြောက်ကန်ရွာမှ ဘုန်းကြီးကျောင်းတောင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကဆိုပါတယ်။
မနေ့ ညနေ ၄နာရီခွဲခန့်မှာ လက်လုပ်RPGနဲ့ စမ်းသပ်ပစ်ခတ်ခဲ့ပေမယ့် ချို့ယွင်းမှုအချို့ရှိတဲ့အတွက် လက်နက်ငယ်တွေနဲ့ မီတာ၁၅၀ခန့်အကွာ အနီးကပ်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အပြန်အလှန်ပစ်ခတ်မှုမှာ ၅မိနစ်ခန့်သာ ကြာမြင့်သ်ောလည်း စစ်ကောင်စီတပ်သားနှစ်ဦး ကျည်ထိမှန်ကာ နောက်တစ်ဦးမှာ စနိုက်ပါကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကျဆုံးပြီးနောက် ကင်းပုန်းနေရာတွေကနေ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို Burma Revolution Rangers၊ ချောက်ပြောက်ကျားတပ်ဖွဲ့ CGF၊ Pakokku PPDF၊ ဘငြိမ်းပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည်၊ Myaing Revolution Team၊ ဒေါင်းလံလွှင့်မည့်စေတမံ နှလုံးလှလူမိုက်ကြီးများတပ်ဖွဲ့၊Black Dragonအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
Era’sEye