နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေးမြို့နယ်ရှိ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ် ပစ်ခတ်ခံရကာ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့


မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ချောင်းတောင်တံတားက စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယနေ့ ဇွန်လ ၂၂ရက်နေ့ နံနက်ပိုင်းအချိန်က ရေးမြို့နယ်ရှိ ချောင်းတံတားက စစ်ကောင်စီတပ် ၁၉ လက်အောက်ခံ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

“ရေးမြို့နယ် ချောင်းတောင်ကျေးရွာ စခ(၁၉)လက်အောက်ခံ ချောင်းတောင်တံတားထိပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာ၊ ဂိတ်ထဲ ၈ကောင်ထိုင်နေတာ ၄ကောင်သေသွားတယ်”လို့ ရေးဘီလူးက ဆိုထားပါတယ်။

ဒါ့ပြင် လမိုင်းမြို့ရှိ အခကြေးငွေယူကာ မှတ်ပုံတင်လုပ်ပေးနေတဲ့ လဝကဦးစီးမှူးဟောင်းရဲ့ ဇနီးကိုလည်း ထပ်မံဝင်ရောက်ပစ်ခတ်ခဲ့ကာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“နောက်တစ်ကြောင်းကတော့ လမိုင်းမြို့ မှတ်ပုံတင် အဓိကဆောင်ရွက်ပေးနေတဲ့ စကစချစ်တော်ကြီးလဲ လေပေါ်ဝဲပေးလိုက်ပါပြီ၊ လမိုင်းဘုရားဖူးရင်း လမ်းကြုံပါဆယ်ဆွဲလိုက်တာ”လို့ ရေးဘီလူးအဖွဲ့သားများက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းရှိ ကျောက်မိချောင်းကျေးရွာ(တောင်ပိုင်း)က စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်တဲ့ ကိုရဲဝင်းနိုင်ဆိုသူကို သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 2 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ရေဦးမြို့မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 2 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ရေဦးမြို့ အင်ပုထိုးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ရေဦး-PDF ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 34 Views
မေလ (၃)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်မြို့အနောက်ပိုင်း ကသဲရပ်ကွက်က အနောက်ကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 53 Views
မေလ (၃)ရက်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးသူဦးရေ ထပ်တိုးလာတယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် မေလ (၂)ရက်နေ့အထိ သေဆုံးသူ (၃၈၃၉)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၅၁၀၅)ဦးရှိပြီး
မြန်မာသတင်း

နတ်တလင်းရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရဲကင်းစခန်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 48 Views
မေလ (၃)ရက်။ မနေ့က နံနက်ပိုင်းအချိန် နတ်တလင်းမြို့ ဒမငယ်ရွာရှိ စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲကင်းစခန်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားကာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာတွေဟာ (၁)နာရီဝန်းကျင်ခန့်
မြန်မာသတင်း

ကျောက်ကြီးမြို့နယ်ထဲရှိ စစ်ကောင်စီတပ်စခန်းတွေ တပြိုင်ထဲ တိုက်ခိုက်ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 36 Views
မေလ (၃)ရက်။ ဧပြီလ (၂၈)ရက်နေ့က ကျောက်ကြီးမြို့နယ်ထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KNLA နဲ့ ပူးပေါင်းတပ်တွေက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 28 Views
၂၀၂၅ခုနှစ်၊ မေလ ၃ရက်။ မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော
မြန်မာသတင်း

ကမ္ဘာပေါ်မှာ သတင်းသမားတွေ ဖမ်းဆီးခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ဆို

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 26 Views
မေလ (၃)ရက်။ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းခံရတာ မြန်မာက ဒုတိယအများဆုံးနိုင်ငံလို့ ယူကေရဲ့ ဒီကနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယူကေရဲ့ သတင်းထုတ်ပြန်ချက်ထဲ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာ အလွန်ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ ၂၀၂၄ခုနှစ်