ဆလိုင်းတင်မောင်ဦးကျဆုံးခဲ့သည်မှာ ၄၇ နှစ်ရှိပြီဖြစ်သော်လည်း ကျောင်းသားများ၏ ခွပ်ဒေါင်းစိတ်ဓါတ်သည် ယနေ့ဂျင်ဇီလေးများ လက်ထက်တိုင် ရှင်သန်နေဆဲ ဖြစ်ပါသည်။
ဆလိုင်းတင်မောင်ဦးအနေနှင့် ကြိုးစင်တက်သွားသည့်တိုင်အောင် စစ်အာဏာရှင်တို့ကို ဒူးထောက်မသွားခဲ့သည့် ကျောင်းသား အာဇာနည်သူရဲကောင်းတယောက်၏ သမိုင်းကိုအများပြည်သူတို့သိရှိနားလည်းပြီး နမူနာ ယူနိုင်ရန်အတွက် ဆလိုင်းတင်မောင်ဦးနှင့် ထဲထဲဝင်ဝင် လက်တွဲခဲ့ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ပထမဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ဦးထွန်းအောင်ကျော်နှင့် ဦးသန့်အရေးအခင်း၊ ၁၉၇၅ ဂျွန်အရေးအခင်း၂ခုလုံးတွင်ပါဝင်ခဲ့ပြီး ဆလိုင်းတင်မောင်ဦးနှင့် ကြိုးတိုက်ထဲတွင် နောက်ဆုံးစကားပြောခဲ့သည့် ကျောင်းသား ခေါင်းဆောင်တဦးလည်းဖြစ် ရှေ့နေတဦး လည်းဖြစ်သူ ဦးဟန်ရှင်ဝင်းတို့ကို ခေတ်မျက်လုံးသတင်းဌာနမှ တွေ့ဆုံမေးမြန်းပြီး ဆလိုင်းကိုတင်မောင်ဦးကို ဂုဏ်ပြုသောအား ဖြင့် မှတ်တမ်းတင် တင်ဆက်လိုက်ပါသည်။
ခေတ်မျက်လုံး အယ်ဒီတာအဖွဲ့