နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 1 ရက်

ထိုင်းနိုင်ငံရေး

ထိုင်းနိုင်ငံရေး အရှေ့တောင်အာရှ

ပါလီမန်မစတင်မီ ထိုင်းမဲပေးမှုမှာ စွက်ဖက်တယ်ဟု ပြောဆိုမှုကို အမေရိကန်က ငြင်းဆို

ပါလီမန်မစတင်မီ ထိုင်းမဲပေးမှုမှာ စွက်ဖက်တယ်ဟု ပြောဆိုမှုကို အမေရိကန်က ငြင်းဆိုလိုက်ပါတယ်။

ဝန်ကြီးချုပ်ရွေးချယ်မှု၊ မြန်မာ့အရေး နှင့် ကုန်သွယ်ရေးတို့တွင် ထိုင်းနိုင်ငံ၏ လုပ်ဆောင်လာမည့် လှုပ်ရှားမှုကို မဟာမိတ်များက စောင့်ကြည့်နေသည်။

၂၀၂၃ခုနှစ်၊ ဇွန်လ (၂၇) ရက်၊ ဘန်ကောက်မြို့။

လာမယ့် တနင်္လာနေ့မှာ ပါလီမန်ဖွင့်ပွဲအတွက် ထိုင်းနိုင်ငံက ပြင်ဆင်နေချိန်မှာပဲ ဘန်ကောက်မှာရှိတဲ့ အမေရိကန်သံရုံးက မေလ ၁၄ ရက် အထွေထွေရွေးကောက်ပွဲမှာ အမေရိကန်က ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖြေဖျောက်ဖို့ ကြိုးစား နေပါတယ်။ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက်က ရွေးကောက်ပွဲတွင် အမေရိကန်သည် မည်သည့်အခန်းကဏ္ဍတွင်မှ ပါဝင်ခြင်း မရှိကြောင်း၊ မည်သည့် ပါတီကိုမျှ မျက်နှာသာ မပေးခဲ့ကြောင်း အင်္ဂါနေ့တွင် ထပ်လောင်း ပြောကြားခဲ့သည်။

ဟားဗတ်ကျောင်းသားဟောင်း ပီတာ လင်ဂျာရိုရတ် (Pita Limjaroenrat) ဦးဆောင်သော တိုးတက်သော Move Forward ပါတီသည် အောက်လွှတ်တော်တွင် အမတ်နေရာအများဆုံးရရှိကာ ရှေးရိုးဆန်သော တည်ထောင်မှု၊ ဥပဒေဆိုင်ရာ စိန်ခေါ်မှုများနှင့် ပူးပေါင်းကြံစည်မှုသီအိုရီများကြားမှ အတိုက်အခံများကို စည်းရုံးလှုံ့ဆော်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ် ဂိုဒက် (Robert Godec) သည် ဇွန်လ ၂၇ ရက်နေ့က ဘန်ကောက်မြို့ မီဒီယာ စကားဝိုင်းတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ – Francesca Regalado)

“ဒီပူးပေါင်းကြံစည်မှုသီအိုရီတွေနဲ့ လွဲမှားနေတဲ့ ကောလဟာလတွေဟာ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ ထိုင်းနိုင်ငံသား သန်းပေါင်းများစွာကို ထိခိုက်နစ်နာစေပါတယ်” ဟု ယမန်နှစ် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ဖြစ်လာပြီးနောက် ၎င်း၏ ပထမဆုံး မီဒီယာစားပွဲဝိုင်းတွင် ဂိုဒက် က ပြောကြားခဲ့သည်။ “ အမေရိကန်က နှစ်သက်လိုလားတဲ့ ကိုယ်စားလှယ် မရှိပါဘူး။ ထိုင်းနိုင်ငံမှာ ကျွန်တော်တို့ နှစ်သက်ရွေးချယ်ထားတဲ့ နိုင်ငံရေးပါတီ မရှိပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ရှေးရိုးစွဲကွန်ဆာဗေးတစ်အုပ်စုများသည် အမေရိကန် သံရုံးအပြင်ဘက်တွင် အမေရိကန်က ဝင်ရောက်စွက်ဖက်သည် စွပ်စွဲခဲ့ပြီး ကန့်ကွက်သည့်အနေဖြင့် ရွေးကောက်ပွဲအပြီးဆန္ဒပြခဲ့ကြသည်။ အဆိုပါအဖွဲ့များသည် ဘုရင်စနစ်ကို စော်ကားခြင်းအား ပြစ်ဒဏ်ပေးသည့် ထိုင်းရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရန် Move Forward ပါတီ၏ မူဝါဒကို ဆန့်ကျင်သည်။ ထိုမူဝါဒသည် သီတင်းနှစ်ပတ်ခန့်အတွင်း ဝန်ကြီးချုပ်ရွေးကောက်ပွဲတွင် ပီတာ၏အောင်မြင်နိုင်ခြေကို လွှမ်းမိုးထားသည်။

Move Forward ၏ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်တွင် အမတ်နေရာ ၃၁၂ ကို ထိန်းချုပ်ထားသော်လည်း ဝန်ကြီးချုပ်ကို အဖွဲ့ဝင် ၅၀၀ နှင့် အထက်လွှတ်တော်အမတ် ၂၅၀ တို့က ပူးတွဲရွေးကောက်တင်မြှောက်ထားပြီး အများစုမှာ ဘုရင်စနစ်အပေါ် ရှေးရိုးဆန်သော အမြင်များကို ခံယူကာ လူနည်းစုအစိုးရကို မဲပေးနိုင်သည်။

“အမေရိကန်က ထိုင်းနိုင်ငံကို တည်ငြိမ်ပြီး ကြွယ်ဝချမ်းသာစေချင်ပါတယ်” ဟု ဂိုဒက် က ပြောကြားပြီး အမေရိကန်သည် စီးပွားရေး၊ ပညာရေး၊ လုံခြုံရေးနှင့် ဝါရှင်တန်ဦးဆောင်သော အင်ဒို-ပစိဖိတ် စီးပွားရေးဆိုင်ရာ မူဘောင်များတွင် နောက်လာမည့် ထိုင်းအစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂိုဒက် က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ရလဒ်ကို ထောက်ခံကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ဥရောပသမဂ္ဂက အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အီးယူ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ လုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ပြီးမြောက်ရန်” တောင်းဆိုခဲ့ပြီး နိုင်ငံ ၂၇ နိုင်ငံ အစုအဖွဲ့သည် “ ရလဒ်ထွက်ရှိသော အစိုးရနှင့် လက်တွဲဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပြီ” ဟု ပြောကြားခဲ့သည်။ ထိုင်းနှင့် အီးယူတို့သည် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများကို မတ်လတွင် ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့သော်လည်း ဘန်ကောက်နှင့် ဘရပ်ဆဲလ်အကြား ပထမအကျော့ ဆွေးနွေးပွဲသည် စက်တင်ဘာလအထိ ဖြစ်နိုင်ဖွယ်မရှိပါ။ အီးယူသည် ဆယ်စုနှစ်တစ်ခုနီးပါးကြာ ကုန်သွယ်ရေးသဘောတူညီချက်ကို ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် ၂၀၁၄ ခုနှစ်တွင် ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့သည်။

ကာလရှည်ကြာ နိုင်ငံရေးမသေချာမရေရာမှုများကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လျှပ်စစ်ကားနှင့် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ရေးဆိုင်ရာ အချက်အချာနေရာ ဖြစ်လာရန် ကြိုးပမ်းနေပါသည်။ အမေရိကန်သည် ၂၀၂၂ ခုနှစ်တွင် တရုတ်နှင့် ဂျပန်တို့ပြီးလျှင် တတိယအကြီးဆုံး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရင်းမြစ် ဖြစ်သည်။

အမေရိကန်တပိုင်းလျှပ်ကူးပစ္စည်း လုပ်ငန်းအသင်း (US Semiconductor Industry Association) သည် ထိုင်းနိုင်ငံအတွက် အရေးကြီးသော ချစ်ပ်များ ထုတ်လုပ်မှုတွင် ၎င်း၏အခန်းကဏ္ဍကို တိုးချဲ့ရန် အလားအလာနှင့် စိန်ခေါ်မှုများရှိကြောင်းကို ဖော်ထုတ်ခဲ့ကြောင်း ဂိုဒက်မှ ပြောကြားခဲ့သည်။

အထူးသဖြင့် ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ၏ သံတမန်ရေးရာ လှုပ်ရှားမှုများကို ဘန်ကောက်ရှိ သံရုံးများသည် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော အလွတ်သဘော ဒေသဆိုင်ရာ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ပဋိပက္ခအကြောင်း ဆွေးနွေးမှုကိုလည်း စောင့်ကြည့်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာစစ်အစိုးရမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သော်လည်း အရှေ့တောင်အာရှနိုင်ငံများအသင်း ဦးဆောင်သည့် လုပ်ငန်းစဉ်ကို အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့က သပိတ်မှောက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုသည် အာဆီယံဗဟိုပြုထားမှုကို လေးစားကြောင်း ဂိုဒက်က အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ “ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အရေးကြီးသောအခန်းကဏ္ဍ” ကိုလည်း အလေးပေးပြောကြားခဲ့ပါသည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ကြောက်စရာကောင်းတဲ့ အခြေအနေတွေအတွက် တာဝန်ရှိတဲ့ စစ်အစိုးရမှာ ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အလမ်းတွေ ရှိပါတယ်” ဟု ၎င်းက ပြောကြားပြီး မြန်မာစစ်အစိုးရအပေါ် ဖိအားများ တိုးမြှင့်ရန် အလားအလာရှိသော ပိတ်ဆို့အရေးယူမှုများနှင့် မဟာဗျူဟာများ ချမှတ်ရန် ထိုင်းနိုင်ငံနှင့် အမေရိကန်က ပုံမှန် ပြတ်ပြတ်သားသား ဆွေးနွေးခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဇွန်လ ၂၇ ရက်၊၂၀၂၃ခုနှစ် Nikkei သတင်း “U.S. denies meddling in Thai vote ahead of parliament opening” ကိုခေတ်မျက်လုံးကဘာသာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အရှေ့တောင်အာရှ

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးမှာ ဝိုင်းဝန်းကူညီပေးဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ

  • 2025 ခုနှစ်၊ မတ်လ 31 ရက်
  • 2 Views
ငလျင်ကြောင့် စစ်ကောင်းစီဝန်ကြီး ရုံးခန်းပျောက်ပြီး အဆောက်အဦအပြင်ကနေ အစည်းအဝေးတက်ခဲ့ရ မတ်လ (၃၁)ရက်။ မနေ့က ဗီဒီယိုကွန်ဖရန့်စနစ်နဲ့ပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အထူးအရေးပေါ်အစည်းအဝေးကို စစ်ကောင်စီဘက်က
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှုကြောင့် လေကြောင်းခရီးစဉ်များ နှောင့်နှေး

  • 2025 ခုနှစ်၊ မတ်လ 22 ရက်
  • 20 Views
+++++++++++++++++++++++ အင်ဒိုးနီးရှားနိုင်ငံ ဖလောရက်စ်ကျွန်းက မီးတောင်တစ်ခု သောကြာနေ့အစောပိုင်းက စတင်ပေါက်ကွဲပြီး ပြာနဲ့ မီးခိုးတွေကို အမြင့်ပေ 5 မိုင်ကျော်အထိ မှုတ်ထုတ်နေတာကြောင့်
မြန်မာသတင်း အရှေ့တောင်အာရှ

တာ့ခ်ခရိုင် အကောက်ခွန်ရုံး မီးလောင်မှုတွင် သိမ်းဆည်းထားသော ယာဉ်အစီးရေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 22 Views
မတ်လ (၁၉) ရက်။ မီးလောင်မှုအား နှစ်နာရီကျော်အကြာတွင် ထိန်းချုပ်နိုင်ခဲ့သော်လည်း ယာဉ်သုံးပုံတစ်ပုံခန့် လုံးဝပျက်စီးသွားခဲ့သည်။ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မဲဆောက်မြို့ အမှတ် ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားရှိ အကောက်ခွန် စစ်ဆေးရေးဂိတ် အနောက်ဘက်ရှိ ခြံဝင်းတွင်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ ဥရောပ

ပြင်သစ်တွင် အနှိပ်ခန်းများ ဖွင့်ရန် ထိုင်းအစိုးရက စဥ်းစားနေသည်။

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 38 Views
မတ်လ (၁၆) ရက်။ အလုပ်သမားဝန်ကြီးဌာနသည် ပြင်သစ်နိုင်ငံရှိ ထိုင်းအနှိပ်အဖွဲ့နှင့် ကျွမ်းကျင် Spa လုပ်သားများကို မွေးထုတ်ပြီး ပြင်သစ်တွင် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ တိုးမြှင့်ပေးသွားမည်ဖြစ်သည်။ အမြဲတမ်းအတွင်းဝန် ဘွန်းဆောင်း သပ်ချိုင်ယွတ် (Boonsong Thapchaiyuth) သည်
မြန်မာသတင်း အရှေ့တောင်အာရှ

ဒေါက်တာစင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 38 Views
မတ်လ (၁၃)ရက်။ ထိုင်းနိုင်ငံ Nareasuan University က ဒေါက်တာစင်သီယာမောင်ကို ဂုဏ်ထားဆောင်ဘွဲ့ ချီးမြှင့်ခံရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂုဏ်ပြုဘွဲ့ချီးမြှင့်တဲ့ အခမ်းအနားကို မတ်လ (၁၁)ရက်နေ့က ပြုလုပ်ခဲ့ပြီး
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် ICC ဝရမ်းဖြင့် ဖမ်းဆီးထားကြောင်း ဖိလစ်ပိုင်အစိုးရပြော

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 36 Views
မတ်လ (၁၁) ရက်။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ဖမ်းဆီးရန် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းကို ဖိလစ်ပိုင်အစိုးရက လက်ခံရရှိပြီးနောက် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးအား အင်္ဂါနေ့တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ အာရှ

ဝီဂါလူမျိုးတွေကို ပြန်လည်နေရာချပေးဖို့ အမေရိကနဲ့ကနေဒါက ကမ်းလှမ်းခဲ့ပေမယ့် တရုတ်ကြောက်တဲ့ ထိုင်းအစိုးရက ကမ်းလှမ်းမှုတွေကို လစ်လျူရှုခဲ့ဟုဆို

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 50 Views
+++++++++++++++++++++++++++++++ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဝီဂါလူမျိုး ၄၈ ဦးကို ပြန်လည်နေရာချထားပေးဖို့ အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ကမ်းလှမ်းခဲ့ပေမယ့် ထိုင်းအစိုးရက တရုတ်အစိုးရနဲ့ ဆက်ဆံရေးပျက်မှာ စိုးရိမ်ပြီး တစုံတရာဆောင်ရွက်ပေးခဲ့ခြင်းမရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ထိုင်းအစိုးရဟာ
မြန်မာသတင်း အရှေ့တောင်အာရှ

နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 44 Views
ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော ဖေဖော်ဝါရီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ