၂၀၂၃ ခုနှစ် ၊ ဇွန် (၂၉)ရက် ၊ ခေတ်မျက်လုံး။
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၂၂ ခြေလျင် တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်ပြီး
ဗုံးဆင်ထားသည့်ကားဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံး ခဲ့တယ်လို့ HPA AN GUERILLA FORCE – HGF မြို့ပြ ပြောက်ကျား တပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၉ မိနစ်ခန့်တွင် ဘားအံမြို့ အမှတ် ၂၂ ခြေလျင် တပ်မဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ၁ ကြိမ် ပစ်ခတ် တိုက် ခိုက် ခဲ့ပြီး၊ နေ့လည် ၁ နာရီ ၃၈ မိနစ်ကလည်း ဗုံးဆင်ထားသည့် ကား နဲ့ ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ။
Era’sEye /ဓာတ်ပုံ- ကားပေါ်တွင် ဗုံးဆင်ပြီး အမှတ် ၂၂ ခြေလျင်တပ်မဌာနချုပ်ကို ဖောက်ခွဲ တိုက်ခိုက်ထားစဉ်။