နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အိန္ဒိယအနေနဲ့ တရားမဝင်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို ရပ်တန့်ဖို့ CRPH တိုက်တွန်း


၂၀၂၃ ခုနှစ် ၊ ဇွန် (၂၉)ရက် ၊ ခေတ်မျက်လုံး။

အိန္ဒိယနိုင်ငံအနေနဲ့ တရားမဝင်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ရက်နေ့မှာ အမေရိကန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်နဲ့စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဇွန်လ ၂၈ရက်နေ့မှာ ထုတ်ပြန်လာတာပါ။

အိန္ဒိယနိုင်ငံအနေနဲ့ တရားမဝင်စစ်ကောင်စီနဲ့ စီးပွားရေး၊ သံတမန်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်နေမှုများကို ရပ်တန့်ဖို့ CRPH က တိုက်တွန်းထားပါတယ်။

ဒါ့ပြင် အမေရိကန်နဲ့ပူးပေါင်း၍လည်းကောင်း တရားမဝင်စစ်ကောင်စီအပေါ် အဘက်ဘက်မှ ပိတ်ဆို့ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ဖို့ကိုလည်း ဆိုထားပါတယ်။

တရားမဝင် စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ထားသူများအားလုံးကို ပြန်လွှတ်ပေးရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး စတဲ့ နှစ်နိုင်ငံပူးတွဲတောင်းဆိုချက်တွေကို CRPH က ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ အိန္ဒိယနိုင်ငံတို့အနေနဲ့ NUG နဲ့ ဒီမိုကရေစီအင်အားစုများအား ထိရောက်သော ပံ့ပိုးကူညီမှုများနဲ့ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ပေးဖို့ကိုလည်း ထပ်မံတိုက်တွန်းတောင်းဆိုထားတာဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 33 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 35 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 32 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 28 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေ ချေမှုန်းခံရပြီး အများအပြား ထိခိုက်သေဆုံးနေ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 27 Views
မတ်လ (၂၀)ရက်။ စစ်တပ်ဟာ ရှမ်းပြည်တောင်ပိုင်းက စတင်တဲ့ ရန်နိုင်မင်းစစ်ဆင်ရေးနဲ့ ဖရူဆို-ဘောလခဲ-ဖားဆောင်း လမ်းကြောင်းတလျှောက်ကို စစ်ကြောင်းထိုးနေတယ်လို KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းတလျှောက်ရှိ မြိုတွေကို ထိန်းချုပ်နိုင်ပြီဆိုပြီး တဖက်သတ်
မြန်မာသတင်း

ခေတ်မျက်လုံးအယ်ဒီတာ့အာဘော်

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 31 Views
“မင်းအောင်လှိုင်ရဲ့အရှက်မဲ့မျက်နှာနဲ့ သမတအဖြစ် ခြေလှမ်းသစ် စလှမ်းတော့မလား” မင်းအောင်လှိုင်က ၂၀၂၀ မဲရလာဒ်ကို မဲမသမာမှုလို့ စွပ်စွဲပြီး အာဏာကို လူယူခဲ့တာ လူတိုင်းသိပြီးသားဖြစ်တယ်၊ စစ်တပ်ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥကို အသက်ပေး စောင့်ရှောက်ပါ့မယ်ဆိုတဲ့သူက တပ်တည်ထောင်ထားတဲ့ ကြံ့ဖွတ်ပါတီက မဲမနိုင်တဲ့အခါ
မြန်မာသတင်း

အာရက္ခတပ်တော် (AA)မှ စစ်သုံပန်းတချို့ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 33 Views
၂၀၂၆ခုနှစ်၊မတ်လ (၂၀)ရက် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့တွင် အာရက္ခတပ်တော်၊ အာလဖာ (၁) စစ်ဒေသတွင် စစ်သုံပန်းတချို့နှင့် မိသားစုများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အခန်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းမတ်လ (၂၀)ရက်နေ့တွင်သတင်းထုတ်ပြန်ခဲ့သည်။ ၎င်းစစ်သုံပန်းမိသားစုဝင်များထဲမှ မိသားစုဝင် တစ်ဦးဖြစ်သော
မြန်မာသတင်း

ချင်းပြည်နဲ့ ချင်းလူမျိုးကို ကာကွယ်ဖို တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ ပြော

  • 2026 ခုနှစ်၊ မတ်လ 20 ရက်
  • 38 Views
မတ်လ (၂၀)ရက်။ ချင်းပြည်နဲ့ ချင်းလူမျိုးကို အကာအကွယ်ပေးနိုင်တံ့ တပ်မတော်တခု တည်ဆောက်ဖို CNF ဥက္ကဋ္ဌ Pu Zing Cung က ဒီကနေ့ (၃၈)နှစ်မြောက် ချင်းတော်လှန်ရေးနေ့မှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ ချင်းအမျိုးသားလုံခြုံရေးနဲ့ ချင်းပြည်တည်ဆောက်ဖိုအတွက်