ကယား(ကရင်နီ)ပြည် ရွာသစ်ကျေးရွာ တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့မှာ KRUတပ်ပေါင်းစု တပ်ခွဲ(၂) GZ-21(Loikaw) က ရဲဘော် ခရစ္စတိုဖာ (ခ) ဂျော့ဒူ (၁၉)နှစ် ဟာ တိုင်းပြည်နဲ့လူမျိုး အတွက် တိုက်ပွဲဝင်ရင်း ကြွေလွင့်သွားခဲ့ရတယ်လို့ KRU ဗဟိုသတင်းနှင့် ပြန်ကြားရေး ကထုတ်ပြန်ထားပါတယ်။
ကယား(ကရင်နီ)ပြည်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား နေရာအနှံ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ရဲဘော် ခရစ္စတိုဖာ (ခ) ဂျော့ဒူအတွက် ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ မိသားစုနဲ့ အတူ ထပ်တူ ဝမ်းနည်းရပါကြောင်းနှင့် တိုင်းပြည် နှင့် လူမျိုး အတွက် အသက် ပဓာနမထား တိုက်ပွဲဝင်ရင်း ကြွေလွင့်သွားခဲ့ရပါသောကြောင့် သမိုင်း၏အာဇာနည် သူရဲကောင်းအဖြစ် အသိမှတ်ပြုပါကြောင်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။