ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ) ဒုဥက္ကဌ ကိုထက်ပိုင်စိုး ကို စစ်ကောင်စီက အလုပ်နှင့်ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့တယ်လို့သိရပါတယ်။
ကိုထက်ပိုင်စိုး ဟာ ပြီးခဲ့သည့် ၂၀၂၂ ဧပြီ ၂၁ ရက်က ရန်ကုန်မြို့ သဃန်းကျွန်း လေးထောင့်ကန်လမ်းမပေါ်မှာ မတရားမဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀ (ည)ဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးတင်တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၇ရက်ကလည်း ကျောင်းသားသမဂ္ဂ ရဲ့ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် (၄)နှစ် ချမှတ်ခဲ့ပါသေးတယ်။
မဝတ်ရည်အောင်အနေနဲ့ လည်း ယခင်က ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် (၃)နှစ် ကနဦး ချမှတ်ခံထားရပြီး လက်ရှိတွင် ထောင်ဒဏ် (၄)နှစ် ထပ်မံချမှတ်ခံရတာကြောင့် စုစုပေါင်းထောင်ဒဏ် (၇) နှစ် ထိ ချမှတ်ခံလိုက်ရတာပါ။
Era’sEye/ ဓာတ်ပုံ – YUESU