ဒီနှစ်ရဲ့ ပထမ ၆လတာအတွင်းမှာ Federal Wings က ဒရုန်းစစ်ဆင်ရေး ၂၈၁ကြိမ်ရှိခဲ့ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ သူတို့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။Federal Wings ရဲ့ ပြည်သူလူထုကို အစီရင်ခံစာတင်ပြခြင်းကို ဒီနေ့ ဇူလိုင်လ ၃ရက်နေ့မှာ ထုတ်ပြန်လာတာပါ။
သူတို့ရဲ့ တိုက်ခိုက်မှုတွေမှာ ဗုံးသီးအမျိုးအစားစုံ ၇၀၀ လောက်သုံးခဲ့ပြီးတော့ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၅၀လောက် ထိခိုက်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရတာတွေ အမြောက်အများရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒီ ၆ လတာရဲ့ တိုက်ပွဲ ကာလတွေမှာတော့ သူတို့ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ပြီး ၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက ဒဏ်ရာရရှိထားတဲ့ ၄ ဦးကတော့ ပြန်လည်ပြီးတော့ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေတယ်လို့လည်း ဆိုထားပါတယ်။
Federal Wings အနေနဲ့ ပင်မအခြေပြုဒေသများတွေဖြစ်တဲ့ ကရင်ဒေသမှာ မဟုတ်ဘဲနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ဆင်ရေးများ စတင်နိုင်ခဲ့သလို ဒီကာလအတွင်း NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ထဲမှာ Federal Wings ၁၈၀၁ ဒရုန်းတပ်ရင်းကိုလည်း ဖွဲ့စည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
Era’s Eye