စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက သတိပေးထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၅ရက် မနက်ပိုင်းတွင် မုံရွာ – မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်သားများ စစ်ကြောင်း ထိုးနေ၍ ယာယီပိတ်ထားကြောင်း၊ ပြည်သူများ၏ လုံခြုံရေးအတွက် သွားလာခြင်းမပြုကြရန်နှင့် မလိုက်နာသူများ၏ လုံခြုံရေးအတွက် အာမခံမည်မဟုတ်ကြောင်း မြင်းမူအခြေစိုက် Ghost Team Ranger-MMU အဖွဲ့က ထုတ်ပြန်ထားတာပါ။
မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ စစ်အုပ်စုခြေရှုပ်နေ၍ တားမြစ်ရခြင်းဖြစ်ကြောင်း Area 71 People’s Defense Force အဖွဲ့က ပြောပါတယ်။
Era’sEye
(မုံရွာ – မန္တလေးလမ်းပေါ် လမ်းပိုင်းယာယီပိတ်ထားစဥ် စောင့်ဆိုင်းနေသော မော်တော်ယာဥ်များ။ ဓာတ်ပုံ – CJ)