ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အောက်ကိုင်းကျေးရွာအုပ်စု၊ သရက်တောရွာမှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူးမြင့်ဦးကို ဒီနေ့ မနက်၆နာရီခွဲလောက်မှာ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သေနတ်နဲ့ အနီးကပ် (၄) ချက် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးခေါင်းဆောင် မြင့်ဦးမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ နယ်ထိန်းဇော်ထွန်းဦးနဲ့ပေါင်းပြီး တရားမဝင်လောင်းကစားဝိုင်း၊ ချဲနှစ်လုံးဒိုင်၊ အရက်ဆိုင်၊ သစ်မှောင်ခိုသမားတွေထံကနေ ဆက်ကြေးကောက်ခံကာ စစ်ကောင်စီထံပေးသွင်းခြင်း၊ စိုက်ဘဏ်ချေးငွေ၊ သမချေးငွေနှင့် မြစိမ်းရောင်ချေးငွေကို ၎င်းကဦးဆောင်၍ ပြည်သူများထံမှ အတင်းအကြပ် ခြိမ်းခြောက်တောင်းခံခြင်းတွေ လုပ်ဆောင်နေသူလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီပစ်ခတ်မှုကြောင့် ပျူစောထီးခေါင်းဆောင် မြင့်ဦးမှာ စိုးရိမ်ရဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိတယ်လို့ သိရပါတယ်။
Era’sEye